စည်းချက်မဲ့ ရင်ခုန်သံ

လာမယ်မဟုတ်မှန်း သိပေမယ့်...

စောင့်နေမိတယ်...

 

ပျော်နေမယ်မှန်း သိနေရက်နဲ့..

လွမ်းနေမိတယ်..

 

တက်လာမှာမဟုတ်တဲ့..

စကိုက်လေးကို....

ယောင်ယောင်ပြီး စိုက်ကြည့်နေမိတယ်...

 

ကိုယ့်ကို လွမ်းနေမှာလားလို့...

တွေးပူစရာမလိုပေမယ့်...

လွမ်းလိုက်တာရယ်လို့....

တစ်ယောက်တည်း ငူငူငိုင် စဉ်းစားမိတယ်...

 

ဖျတ်ကနဲနိုးလာတဲ့ နံနက်ခင်းမှာ...

ဖတ်ကနဲ သတိရလိုက်တဲ့ မင်းမျက်နှာလေးကို...

တခုပ်တရ ငေးစိုက်....

ပင့်သက်တစ်ချက် ရှိုက်ရှိုက်မိတယ်...

 

သြော်.. သင်္ကြန်ရယ်...

အမြန်သာပြီးပါတော့လား...

မင်းနဲ့ကိုယ့်လို... စည်းခြားထားခံရတဲ့..

ချစ်သူတွေ.. ဘယ်လောက်များခဲ့ပြီလဲ...

 

ဒီလိုနဲ့ တစ်ရက်... ဒီလိုနဲ့ နှစ်ရက်...

နာရီသံကို တစ်ချက်ချက်ရေတွက်ရင်းနဲ့...

သင်္ကြန်တက်မယ့်ရက်..

နှစ်ဆန်းမယ့်ရက်ကိုသာ....

မျှော်သာ မှိုင်ငေးရင်းနဲ့...

နှိုးထလာမယ့် နံနက်ခင်းတွေကို.....

ကိုယ် သိပ်.. သိပ်ကြောက်နေမိတယ်ကွယ်...

(13/04/2012)


 

 

 

 

 

 

 

 

 

 

 

(ဒီနေ့ ရင်ထဲတလှပ်လှပ်နဲ့မို့ ချရေးဖြစ်တဲ့ကဗျာပါ... ဘာတွေညာတွေ မမေးပါနဲ့.. ကဗျာကို ကဗျာလိုသာ ခံစားပေးပါ.. :P)

Print

17 ယောက်က မှတ်ချက်ပြုသွားသည်။:

ညိမ်းနိုင် said...

ဟတ်ကဲ့..မမေးပါဘူးခင်ည.....သိပ်လှတဲ့ကဗျာလေး
လို့ပဲ ခံစားသွားပါတယ်.......:)))))

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာကို ကဗျာလို ခံစားချင်အပြည့်နဲ့ ခံစားသွားပါတယ်။
ကဗျာဆိုတာလည်း ခံစားချက်ရှိမှ ရေးလို့ရတာ မဟုတ်လား

mstint said...

ရင်တွင်းခံစားချက်တွေကနေ ထွက်ကျလာတဲ့ စာသားလေးတွေလို့ ခန့်မှန်းမိတယ် မောင်နေဝသန်ရေး) မမေးပါနဲ့ဆိုလို့ တီတင့်မမေးတော့ပါဘူးကွယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

blackroze said...

လာမယ်မဟုတ်မှန်း သိပေမယ့်...
စောင့်နေမိတယ်...

ပျော်နေမယ်မှန်း သိနေရက်နဲ့..
လွမ်းနေမိတယ်..

တက်လာမှာမဟုတ်တဲ့..
စကိုက်လေးကို....
ယောင်ယောင်ပြီး စိုက်ကြည့်နေမိတယ်...

ကိုယ့်ကို လွမ်းနေမှာလားလို့...
တွေးပူစရာမလိုပေမယ့်...
လွမ်းလိုက်တာရယ်လို့....
တစ်ယောက်တည်း ငူငူငိုင် စဉ်းစားမိတယ်...

ဖျတ်ကနဲနိုးလာတဲ့ နံနက်ခင်းမှာ...
ဖတ်ကနဲ သတိရလိုက်တဲ့ မင်းမျက်နှာလေးကို...
တခုပ်တရ ငေးစိုက်....
ပင့်သက်တစ်ချက် ရှိုက်ရှိုက်မိတယ်...။။။။

ဘာမှမမေးနဲ့ဆိုလို့ဘာမှမမေးတော့ဘူးနော်
အပေါ်ကကဗျာအပိုဒ်လေးတွေတော့
ကော်ပီ လိုက်ပါရစေနော်..

Pigpig

နွေလ said...

သင်္ကြန်မှာ ဒီလိုစုံတွဲတွေ အများကြီး ရှိလောက်တယ်
ကျွန်တော်လည်း အပါအ၀င် ဆိုပါတော့
ကဗျာလေးမှာ အလွမ်းတွေ စီးမျောနေတယ်
အားပေးသွားတယ် အစ်ကို

san htun said...

ကဗျာကို ကဗျာလို့ သာ ခံစားသွားပါတယ်..မမေးပါဘူး ခင်ည..အလွမ်းတွေ ရင့်နေတာ တွေ့ လိုက်တယ်

ဟန်ကြည် said...

ဟ...ဘယ့်နှာကြီးပါလိမ့်...

ကိုင်း ဘာမှကို မမေးပါဘူးဗျား...ဘာမှလဲမပြောဘဲ ကိုယ့်ဖာသာ ဖတ်ချင်သလိုဖတ်ပြီး ကြိုက်သလိုဘာသာပြန်သွားတယ်...

စကားမစပ် ထိုင်နေတဲ့ တစ်ယောက်က ပေါ်ကာနီးနေပါရောလားး)

ညီရဲ said...

ခံစားချက်ခြင်းတွေ ထပ်တူညီနေလို့ ကိုယ်ချင်းစာမိတယ်... ဒီလိုဘဲ အားတင်းလို့ ကိုယ့်ကိုယ်ကို အားပေးနေရတာပါဘဲလေ...

မိုးခါး said...

ဒါက ရေတွင်းပျက် :D

အစားသောက် ကောင်းကောင်းစားပေါ့ .. အားပြတ်နေဦးမယ် .. လွန်းပြီး :P

Nyi Linn Thit said...

ကဗျာလေးကို ခံစားသွားပါတယ်၊ သင်္ကြန်ရဲ့ တဖက်တချက်စီက လူတွေအကြောင်းလား-လို့ တွေးနေတုန်း ‘စုံစမ်းမေးမြန်းခြင်း သည်းခံပါ’ ဆိုတာနဲ့ ခေါင်းတညိတ်ညိတ်နဲ့ပဲ ပြန်သွားပြီဗျို့..။း)

မဒမ်ကိုး said...

မမေးပါဘူး မမေးပါဘူးလေ
ကိုယ်ချင်းစာပါတယ် ဟဲဟဲး))

ဂျာရစ်

မိုးသက် said...

ကဗျာလေးကမိုက်လှချည်လားအစ်ကို.. အားပေးသွားတယ်ခင်ဗျာ.။

ကူးကူးလှိုင် said...

ကဗျာကို ကဗျာလို ခံစားကြည့်တော့ အရမ်းကောင်းတဲ့ ကဗျာလေးလို့ မှတ်ချက်ပြုမိပါတယ်...

Anonymous said...

ဟေ .. အင်း .. မမေးတော့ပါဘူး ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

မေးစရာမှ မလိုတာ..
ကဗျာထဲမှာ အကုန်ပါတာပဲ ..

အဲ နာမည်လေးတဆိတ်လောက် .. :P

ဂျူနီယာလွင်ဦး

AH said...

သင်္ကြန်ပြီးလေးတော့ ပြန်နီးလောက်ပြီထင်ပ ကိုနေ၀သန်... ကဗျာလေးကတော့ ဟတ်ထိသဗျာ။

ပန်းချီကို said...

ဒီကဗျာလေး အရမ်းကောင်းတယ် ခနခနဖတ်မိပါတယ်