ကမ္ဘာပေါ်မှာ လူတွေမမြင်နိုင် မသိနိုင်သေးသော ထူးဆန်းအံ့သြဖွယ်ရာများစွာ ရှိနေပါသေးသည်။ ရှာဖွေစူးစမ်းတတ်သည့် လူသားတို့ကလည်း မလျှော့သော ဇွဲဖြင့် ကြိုးစားရှာဖွေနေသလို တွေ့ရှိချက်တွေကလည်း တဖြည်းဖြည်းများပြားလာခဲ့သည်။ အခုတော့ ယနေ့ ကမ္ဘာမှာ လူသားတွေတွေ့ရှိသလောက် ငှက်မျိုးစိတ်များထဲမှာ အလှပဆုံး ငှက်များကို ရွေးချယ်တင်ပြလိုက်ပါသည်။
(၁) Rainbow Lorikeet
Lorikeet ဆိုတာကြက်တူရွေး အမျိုးအစားထဲကပါ။ သြစတြေးလျနိုင်ငံက ဖြစ်ပြီးတော့ ပစိဖိတ်ကျွန်းအတော်များများမှာ တွေ့ရှိနိုင်ပါတယ်။ အများဆုံး တွေ့နိုင်တာကတော့ သြစတြေးလျနဲ့ တန်စမေးနီးယားတို့ရဲ့ အရှေ့ဘက် ကမ်းရိုးတန်းတလျှောက်မှာ ပိုမို တွေ့ရပါတယ်။ များသောအားဖြင့် စိုစွတ်တဲ့ မိုးသစ်တော၊ ကမ်းခြေတလျှောက်နဲ့ သစ်တောထူထပ်တဲ့ နေရာတွေမှာ တွေ့ရများပါတယ်။ ကျွန်တော့်လက်ထဲမှာရှိတဲ့ မြန်မာအဘိဓါန်မှာတော့ သတ်မှတ်ချက်မရှိပါဘူး။ တကယ်လို့ တစ်စုံတစ်ယောက်က သိခဲ့ရင် မြန်မာဘာသာနဲ့ ဖော်ပြပေးခဲ့နိုင်ပါတယ်။ ဒီငှက်မှာ အနီရောင်နဲ့ သက်တန့်ရောင်စုံ နှစ်မျိုးရှိတယ်လို့ ဖော်ပြထားပါတယ်။ ငှက်ရဲ့ အမွေးတွေမှာ သက်တန့်ရောင်စဉ် အားလုံးကို တွေ့ရှိနိုင်ပြီး ကမ္ဘာပေါ်က အလှဆုံးငှက်များစာရင်းဝင်ဖြစ်ပါတယ်။
(၂) Golden Pheasant
နောက်တစ်မျိုးက ရွှေရောင်ရစ်ငှက်ပါ။ တရုတ်ရစ်ငှက်လို့လည်း ခေါ်သေးတဲ့ ဒီငှက်ကလည်း မျက်စိပသာဒကို ဆွဲဆောင်နိုင်လွန်းတဲ့ အံ့အားသင့်စရာ အရောင်များနှင့် ငှက်တစ်မျိုးဖြစ်နေပြန်ပါတယ်။ သူဟာ သားကောင်လိုက်တဲ့ ငှက်အမျိုးအစားဖြစ်ပြီး ဇာတိကတော့ တရုတ်ပြည်မဖြစ်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် ပေါက်ဖွားရာဒေသတွေဟာ အင်္ဂလန်စတဲ့ အရပ်တွေမှာ ဖြစ်တတ်ပါတယ်။ အမောက်နဲ့ အမြီးပိုင်းတွေက ရွှေရောင်အဆင်းနဲ့ဖြစ်ပြီး ခန္ဓာကိုယ်ကတော့ အနီရဲရဲတောက်နေပါတယ်။ မိတ်လိုက်ခါနီးမှာ အထီးတွေက လိမ္မော်ရင့်ရောင် ကုတ်မွေးတွေကို ဖြန့်ခင်းလိုက်ပြီး အ၀ါနဲ့အနက်တောက်တောက် မျက်လုံးတွေဝန်းကျင်မှာ အမည်းနဲ့လိမ္မော်ရောင်စီခြယ်ထားတဲ့ ယပ်တောင် တစ်ခုအလား သဏ္ဍာန်တူပါတယ်။
Photo: Dcastor
(၃) The Bali Bird of Paradise
ကောင်းကင်က ပေါက်ဖွားလာသော ငှက်များလို့ အဓိပ္ပါယ်သက်ရောက်မယ့် ဒီငှက်တွေဟာ အားလုံးနီးပါး ရင်သပ်ရှုမောစရာ အရောင်စုံ အတော်အလက်များနဲ့ သိပ်ကို လှပလွန်းပါတယ်။ ဒီငှက်များကို အများဆုံး New Guinea ကျွန်းမှာ တွေ့နိုင်ပါတယ်။ အဆိုပါ ငှက်အမျိုးအစားပေါင်း လေးဆယ်လောက်ရှိတယ်လို့ မှတ်တမ်းတင်ထားနိုင်ပြီး အားလုံးသော ငှက်တွေကို မှတ်မိစေလွယ်ပါတယ်..။ ဘာလို့လဲဆိုတော့ အထီးငှက်တွေရဲ့ အမွေးအတောင်တွေဟာ ဘယ်လိုမှ မေ့မရအောင်ကို လှပလွန်းကြလို့ပါတဲ့..။ ဒီလိုငှက်တွေကို ခင်ဗျားတို့အနေနဲ့ ရုပ်ရှင်တွေထဲသာ မြင်ရပါလိမ့်မယ်..။ ဘာလို့လည်းဆိုတော့ သူတို့က လူတွေအလွယ်တကူမရောက်နိုင်သော ထူထပ်သိပ်သည်းလှတဲ့ စိုစွတ်တောတွေထဲမှာ နေထိုင်ကြလို့ပါ။
Photo: Angela Lawadi
(၄) The Scarlet Macaw
ဒါကတော့ အနီရောင်ကြက်တောပါ..။ ဒီငှက်တွေက ကြီးမားလေးလံပြီး အရောင်စုံအမွေးအတောင်၊ ရှည်လျားသော အမြည်းတို့ကိုပိုင်ဆိုင်ပြီး အလေးချိန် ၂.၂ ပေါင်ခန့်လေးပါလိမ့်မယ်။ တောက်ပနေတဲ့ အမွေးတွေဟာ ကြက်သွေးရောင်ရဲရဲတောက်နေတာကြောင့် ဒီနာမည်ကို ပေးထားခြင်းဖြစ်ပါတယ်။ အတောင်တွေမှာတော့ အပြာဖျော့၊ အ၀ါ၊ အနီရင့်ရင့်နဲ့ အစိမ်းရောင်တချို့ ရောယှက်နေပါသေးတယ်။ မျက်လုံးကနေ နှုတ်သီးအထိ ဖြူလျော့သော အရေပြားရှိပြီး အဲဒီအောက်မှာတော့ ဖြူပြီးနူးညံ့တဲ့ အမွေးတွေနဲ့ ပြည့်နေပါတယ်..။ ဇာတိကတော့ အမေရိကအပူပိုင်းဇုံက စိုထိုင်းဆများတဲ့ အမြဲစိမ်းတောတွေ လို့ဆိုပါတယ်။
Photo: Ceser Rincon
(၅) Stork Billed Kingfisher
နှုတ်သီးကျား ပိန်ညှင်းငှက်လို့ဆိုရမလား..။ ဒီလိုငှက်တွေကို တွေ့နိုင်မှာကတော့ အရှေ့အာရှပါ။ အရွယ်ရောက်ပြီး ကြီးမားတယ်လို့ဆိုနိုင်မယ့် ဒီငှက်တွေမှာ အရှည်အားဖြင့် ၁၄ လက်မခန့်ရှိပါတယ်။ အရောင်တွေကတော့ ပုံမှာမြင်ရတဲ့အတိုင်းရှိပြီးတော့ များသောအားဖြင့် ရေကန်၊ မြစ်နဲ့ ကမ်းရိုးတန်းတွေမျာ ကျက်စားတတ်ပါတယ်..။ ဒီငှက်တွေဟာ လင်းယုန်လို အကောင်တွေကိုတောင် ခြောက်လှန့်ဖမ်းဆီးနိုင်စွမ်း ရှိပါတယ်။
Photo: JMGarg
(၆) Painted Bunting
နာမည်လေးပေးထားတာကတော့ လှလိုက်တာ..။ ဆေးရောင်ခြယ်ထားသော ပိတ်သားစလေးတဲ့..။ ဒီငှက်ရဲ့ အရောင်အသွေးကို ကြည့်လိုက်ရင် ဘယ်လောက်နူးညံ့လိမ့်မလဲ..။ မြောက်အမေရိကားမှာတော့ အလှဆုံးငှက်ပါတဲ့..။ ခန္ဓာအရောင်က အပြာရင့်ရင့်၊ အစိမ်း၊ အနီနဲ့ ခြယ်သထားပြီး ဒီငှက်တွေက သီချင်းလေးဆိုနေရင်တောင်မှ ခြုံတွေကြားထဲမှာ အင်မတန်ရှာရဖွေရ ခက်ပါသတဲ့..။ ဒီငှက်တွေက ခြုံပုတ်တွေ၊ သစ်တောစွန်းတွေ၊ ရှုပ်ရှပ်ခတ်နေတဲ့ ခြုံလိုနေရာမျိုးမှာ နေတတ်ပြီး အမေရိကားတစ်နိုင်ငံလုံးမှာ တွေ့ရတတ်ပါတယ်.။
Photo: Doug Janson
(၇) Keel Billed Toucan
ဘာသာပြန်ရတော့ အခက်သား..။ မြန်မာအဘိဓါန်ကလည်း မရှိ..။ ရှိတာကလည်း မစုံဆိုတော့..။ အင်္ဂလိပ်လိုပဲ ပေါ့နော်... :P..။ နှုတ်သီးကြီးကြီးနဲ့ ငှက်ပေါ့..။ တောင်ပိုင်းအမေရိကန်ငှက်မျိုးဖြစ်ပြီး များသောအားဖြင့် စိုစွတ်တဲ့တောအုပ်ထဲမှာ နေထိုင်ကျက်စားသတဲ့..။
Photo: Adalberto Harnandez Vega
အလှဆုံးရယ်လို့ စာရင်းမ၀င်ပေမယ့် လှပပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ငှက်တွေကို အောက်မှာ စုစည်းဖော်ပြပေးလိုက်ပါတယ်။
Green Jay
Winson's bird of paradise
Lady Amherst's Pheasant
Nicobar Pigeon
Himalayan Monal
Sup, Polish Chicken
Quetzal
Peacock
Flamecrest
Formosan Magpie
Reference: environmentalgrifitti, google search
အားလုံးကို လေးစားလျက်
နေ၀သန်



















31 ယောက်က မှတ်ချက်ပြုသွားသည်။:
နံပါတ် ၆ ငှက်လေးတော့
သဘောကျမိတယ် ..း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
အားလုံးကို သဘောကျမိပါရဲ့။ နှုတ်သီးအကြီးဆုံးငှက်က လေးလံမနေဘူးလား မသိ။ ဒီထဲမှာ သုံးပုံမြောက်က အထူးဆန်းဆုံးပဲနော်။ ပုံစံက သူများနဲ့ကို မတူဘူး။ ကျန်းမာပျော်ရွှင်ပါစေ ကိုနေ၀ဿန်ရေ။
ငှက်လေးတွေလှလိုက်တာ။
ကျေးဇူးအများကြီး
ငယ်ငယ်တုန်းကတော့ ငှက်တွေ့ရင် ဖင်ဘူးတောင်းထောင်အောင် ချောင်းပြီး လောက်လေးဂွနဲ့ ပစ်တာပဲ...ဟီးးးးး။။။ အခုတော့ ကမ္ဘာပေါ်မှာ အလှဆုံး ငှက်လေးတွေ အကြောင်း ဖတ်ပြီး ပုံတွေ ကြည့်သွားပါတယ် အကိုရေ။။။
ချစ်စရာငှက်လေးပဲ အကို
ရှာဖွေစုဆောင်းတင်ပြတက်ပ နော် :):)
တစ်ကောင်လောက် ပေးပါလားလို့ :P
တော်တော် မာနကြီးကြမဲ့ ငှက်မျိုးတွေဘဲဗျ နော။ ဒီလောက် လှနေကြတာကိုး။ ငှက်မလေးတွေ မပြောနဲ့ ဒီလောက်မလှတဲ့ လူမလေးတွေတောင် မာနကြီးတတ်ကြသေးတာကိုးးးးးးးးး။း)))
ခင်မင်လျှက်
ငှက် expertကြီး...
BIRD WATCHING လုပ်ရတာအရမ်းပျော်စရာကောင်းတယ်.
ငှက်တွေအကြောင်းဆိုရင်
မြန်မာပြည်မှာဒေါက်တာထင်လှရေးတဲ့ စာအုပ်ရယ်
the birds list of Thailand ဆိုတာရယ်မှာရှိတယ်
ပန်းတွေဆိုလဲ အဲလိုပဲ
တင်ပေးတာကျေးဇူးကိုနေ၀သန်ရေ
ပုံလေးတွေသိမ်းလိုက်တယ်နော်း)
ခင်တဲ့
မဒိုးကန်
လှလိုက်တာ နေဝသန်ရယ်
နေဝသန်လှတယ်ပြောတာ မဟုတ်ဘူးနော်
ငှက်ကလေးတွေ လှလွန်းလို့ ပြောတား)
ချစ်ဖို့ကောင်းလိုက်တာ အရောင်လေးတွေက စိုစိုတောက်တောက်လေးရယ်နော်
နံပါတ်၇ ငှက်က နှုတ်သီးကြီးက အောက်ချင်းငှက်နဲ့ တူတယ် ဒါပေမဲ့ မဟုတ်ပြန်ဘူး
သူ့နှုတ်သီးက အရောင်တွေက တမင်တကာ ဆေးရောင်ခြယ်ထားသလိုဘဲ
တအားလှတယ်
အလှဆုံး လူများ ကိုတော့ မပြတော့ဘူးလား ကျေးဇူး
ငှက်ကလေးတွေ လှလိုက်တာ။ စာတွေဖတ်ပြီး ဓာတ်ပုံတွေ သေသေချာချာ ကြည့်သွားတယ် အစ်ကို။ ကျွန်တော်က ငှက်လှလှလေးတွေတော့ သဘောကျတယ် ခင်ဗျ။
အိမ်မှာမွေးထားလို့ရရင်ကောင်းမှာပဲ။ ဝယ်ဖို့တောင် သိပ်လွယ်မယ်မထင်ဘူးနော်။
ခင်တဲ့
မေသိမ့်
နေဝသန်ရဲ့ တိရိစ္ဆာန်ရုံထဲကို ရောက်သွားသလိုပဲ။ မမြင်ဖူးတဲ့ ဌက်လေးတွေအများကြီးပဲ။ ဒါပေမယ့် နှုတ်သီးအရမ်းရှည်ရင် မကြိုက်ဘူး။ စကားများမလားလို့.း)
ခင်မင်လျက်
သဒ္ဓါ
ငှက်တွေကတော်တော်လှတာဘဲ
အရောင်အသွေးကလဲလှလိုက်တာ
ငှက်တကောင်ထဲကိုကာလာစုံနေအောင်ပါတာ
အစားအသောက်မျက်စိနဲ့ကြည့်ရရင်တော့
အင်းးးးးး.....း)
အရောင်ကို စုံနေတာပဲ ..း) လှတယ်
ဒါမယ့် ငှက် မချစ် .. :D
ငှက်ဥယျာဉ်လေးထဲရောက်သွားသလိုပဲ. ငှက်လေးတွေအကုန် လှတရ်
ပုဂ္ဂလိကအမြင်နဲ့ ပြောရရင် ပိုလန်ကြက်ကျတော့ ရုပ်ဆိုးလိုက်တာ နေ၀သန်ရယ်...အသားကတော့ စားလို့ကောင်းမကောင်း မပြောတတ်ဘူး...ဒီလောက်လှတဲ့ ငှက်ကလေးတွေ ရွှေပြည်မှာသာ ရှိလို့ကတော့ အင်း...ဆက်မတွေးတာပဲ ကောင်းမယ်ထင်ပါရဲ့...
Flamecrest လေးက ချစ်စရာလေးး
ငှက်ကလေးတွေ လာကြည့်ရင်းးး
လင့်ခ်တွေ ပြန်အပ်ဒိတ်လုပ်ရင်း နေဝဿန်ရဲ့လင့်ခ်လေးလာယူသွားတယ်နော် :)
နံပါတ် ၃ ပုံလေးက လှတယ်...
နံပါတ် ၇ က အောက်ချင်းငှက် မဟုတ်ဘူးလား...
Flamecrest ဆိုတဲ့ငှက်ကလေးကိုအချစ်ဆုံးပဲ...၊အတော်
လှကြတယ်နော်....၊Green Jay လေးကတော့ သနားစရာ
ပုံလေး...၊
ဝါးးးးလားလား...
အမျိုးတွေပါလားနော်..
တစ်စုတစ်ဝေးထဲလာတွေ့နေတယ်..
ငါ့လိုပဲလှကြသားတော်..း))
(ဘာရေးရမှန်းမသိလို့ပါ။ :P )
ခင်မင်လျှက်
မိစံ
(ဦးလေးကစီဘောက်လဲထားဘူးနော်း))
မမြင်ဖူးတဲ့ ငှက်တွေ အများကြီးပဲ။
ဒီလိုငှက်မျိုးတွေရှိကြောင်း ခဏလေးနဲ့ သိခွင့်ရလိုက်လို့ တင်ဆက်သူ နေဝသန်ကို ကျေးဇူးတင်ပါတယ်။
စာဖတ်သူ အကျိုးရှိတဲ့ ပို့စ်လေးပါပဲ။
နေပြည်တော် တိရိစ္ဆာန်ဥယျာဉ်ထက် ပိုစုံမယ်ထင်တာပဲ.... ဟဲဟဲ.. သုခဘုံငှက်ကို အကြိုက်ဆုံးပဲ.. တစ်ကောင်လောက် ၀ယ်ခဲ့ပါဦး...
ခင်မင်စွာဖြင့်
ချစ်ဖို့ကောင်းတဲ့ Flamecrest တစ်ကောင်တော့ မွေးဖို့ ဖမ်းသွားတယ်ဗျာ ...
ကျေးဇူးပါ...
ဆင်တဲကဖေး
အရောင်အသွေးစုံစုံလင်လင်နဲ့ ငှက်တွေကို သဘောကျစွာကြည့်သွားတယ်။ သဘာဝက ပေးထားတဲ့ ကိုယ်စီကိုယ်ငှအလှတွေနဲ့ အလှပြိုင်နေလိုက်ကြတာ..။ ပန်းချီဆရာတောင် ဒီလောက် အရောင်အသွေးစုံလင်အောင် ဆေးစပ်နိုင်မယ်မထင်ဘူး..။
အလှဆုံးဌက်တွေက်ုလှလှပပကြီးခံစားကြည့်သွားပါတယ်
တစ်ကယ်ကိုအရမ်းလှပါတယ်
ခင်မင်တဲ့ jasmine
အရမ်းကို လှပါပေ့ ။ အလွန်ကောင်းတဲ့ စိတ်ကူး ... ကျေးဇူးအထူးပါဗျို့
လှလို့ ကော်ပီ ကူးယူသွားပါတယ်ခင်ဗျာ.
n.y.m(m.sia)
ငှက်ကလေးတွေ သဘောကျလိုက်တာ။ ဥယျာဉ်ကြီးတစ်ခုဖန်တီးပြီး အဲဒီလို ထူးဆန်းလှပတဲ့ ငှက်ရောင်စုံတွေကို တစ်နေရာထဲမှာစုပြီးမွေးထားချင်တယ်။ သဘာဝအတိုင်းပေါ့။ အဟီး.. စိတ်ကူးယဉ်ကြည့်တာ။ တတ်နိုင်မယ်ဆိုရင်တော့ တကယ်လုပ်ချင်ပါတယ်။း))
မလေးရှားငှက်ပြတိုက်မှာအလုပ်လုပ်ဖူးတော့ တချို့ကိုရင်းရင်းနှီးနှီးထိတွေ့ကိုင်တွယ်ဖူးတယ် အရမ်းလှတဲ့ငှက်တွေပဲ
မောင်ဘကြိုင်
Post a Comment