ကြိုက်သလိုလို...မကြိုက်သလိုလို...

ငယ်ငယ်တုန်းကတော့ ကြိုက်ရင်ကြိုက်တယ်.. မကြိုက်ရင် မကြိုက်ဘူးပေါ့..။ အသက်ကြီးလာတော့ လူတွေထဲတိုး၊ အလုပ်တွေလုပ်၊ ဆက်ဆံရတာများလာတော့ ကြိုက်တယ်ဆိုရင် ကြိုက်တယ်ပြောပြီး မကြိုက်ရင်တော့ ခပ်မဆိတ်နေတတ်လာတယ်..။ မနေလို့လည်းမရဘူးကိုး..။ ခပ်ဘွင်းဘွင်း ပြောချလိုက်ရင် ဘယ်သူနဲ့မှ တည့်တော့မှာမဟုတ်ဘူးလေ..။ ဒါနဲ့ ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာပေါ့.. ကြိုက်သလိုလို မကြိုက်သလိုလိုလို့ပဲ တပ်လိုက်မိတယ်..။

ဒါပေမယ့် အခုထိ ဖျက်လို့မရသေးတဲ့ အစွဲကတော့ လူတစ်ယောက်ကို စကြည့်မိရင် ကိုမောင်လေးလို ခြေဖမိုးတော့မဟုတ်ဘူး..။ ခြေသည်းတွေကို ကြည့်မိတယ်..။ ခြေသည်းတွေကို သပ်သပ်ရပ်ရပ်လေး ညှပ်ထားပြီး ဘရပ်နဲ့တိုက်ထားလို့ ဖြူစင်နေတာကိုမြင်ရင် အဲဒီလူကို တကယ်လေးလေးစားစား ဆက်ဆံတတ်တယ်။ ဟိုးငယ်ငယ်တုန်းကလည်း သင်ရတယ်..။ ခြေသည်းလက်သည်း ချေးတွေကင်းအောင် မှန်မှန်ညှပ်ရမယ် ဆိုတာလေးကို ကဗျာလေးလို သင်ခဲ့ရတယ်..။ ဟိုးငယ်ငယ်က အဒေါ်အိမ်တွေကို ညအိပ်သွားရင် အစ်ကိုအစ်မ၀မ်းကွဲတွေက ညအိပ်ခါနီး ခြေကို ကျကျနန ဆပ်ပြာနဲ့ ဘရပ်ရှ်နဲ့ချေးတွန်းခဲနဲ့ဆေးပြီးမှ အိပ်တယ်..။ ကျွန်တော့်အိမ်မှာကျတော့ အဲလိုစည်းကမ်းလည်းမသတ်မှတ်ထားတော့ မလုပ်မိဘူးပေါ့..။ ဒါပေမယ့် အဒေါ်က အတင်းဆေးခိုင်းတော့ လိုက်ဆေးမိရင်း သဘောကျမိတယ်။ ပြီးတော့ သူတို့တွေက ရှမ်းအစစ်တွေဆိုတော့ ခြေထောက်လေးတွေကို ဖြူပြီး အုနေတာပဲ..။ ခြေသည်းတွေဆို ရှည်မယ်ကြံရင် ညှပ်.. ရေချိုးတိုင်း ဘရပ်ရှ်နဲ့တိုက်..။ ဒီလိုကြားထဲမှာ နေလာတော့ ခြေသည်းရှည်တွေကို မြင်ရင် တော်တော်ကို ရွံတယ်။

ကျွန်တော်တို့ မြန်မာပြည်မှာ ပူတော့ အားလုံးက ခြေညှပ်ဖိနပ်စီးတာ များတယ်။ အဲဒီမှာတောင် ယောက်ျားလေးတွေက ခြေသည်းကို ဖြစ်ကတတ်ဆန်း ရှည်ချင်သလိုရှည်ဆိုပြီး ထားတာ သိပ်မတွေ့ဖူးဘူး..။ နိုင်ငံခြားရောက်မှ လူတိုင်းနီးပါး အဲလိုကိုတွေ့ရတော့တယ်။  ခြေသည်းရှည်ဆိုတာ လှတပတထားတာမဟုတ်ဘူး.. ရှည်ချင်သလိုရှည်.. ဆိုပြီး ပစ်ထားကြတာ..။ လက်သည်းလည်း အတူတူပဲ..။ အင်း.. ကိုရွှေမြန်မာတချို့က အဲဒါတွေကိုမှ အားကျပြီး လိုက်လုပ်ကြတာကိုလည်း တွေ့ဖူးပါ့..။ ကဲ.. ထားပါ..။ ဘယ်သူ့ကိုမှ အပြစ်နေတာမဟုတ်ဘူး..။ လိုရင်းကို ပြန်ကောက်ရင် ဒီတစ်ခုကတော့ သလိုလို စာရင်းထဲကို မ၀င်ပဲနဲ့ လုံးဝကို မကြိုက်တဲ့ထဲ ထည့်ထားတယ်။ 

အခုတလော ကျောင်းသွားဘာသွား စိတ်ညစ်တယ်။ ဘာလို့လည်းဆိုတော့ ကျွန်တော်စီးနေတဲ့ ဆိုင်ကယ်က စကူတာလေးမို့ပါ..။ ဟဲဗီးဆိုင်ကယ်တွေကို မြင်ရင်သွားရည်တွေကျနေပေမယ့် လိုင်စင်လုပ်ရမှာ ပျင်းတာနဲ့၊ နောက် ဆိုင်ကယ်ဈေးကလည်း မသေးတာနဲ့ တံတွေးမြိုနေတာ ခဏခဏပဲ..။ ဘာလို့ စိတ်ညစ်တာလဲ ဆိုတော့ စကူတာက တစ်နာရီ ကီလို ၃၀ ပဲမောင်းခွင့်ပေးတယ်။ ဟိုင်းဝေးပေါ်တက်လို့မရဘူး။ ပြီးတော့ လမ်းမကြီးတွေဆုံရင် ညာကွေ့ချင်ရင် နှစ်ဆင့်ကွေ့ရတယ်။ သွားလက်စအတိုင်းသွားပြီး တဖက်လမ်းမှာ ဆက်စောင့်ရတယ်။ အဲဒီလမ်းမီးစိမ်းမှ သွားရတယ်။ အဲလိုမျိုး..။ မိုင်နှုန်းကတော့ ဘယ်သူမှ အဲဒီနှုန်းနဲ့သွားတာ မတွေ့ဖူးဘူး...။ ၀ူးကနဲ ၀ူးကနဲ သွားကြတာပဲ..။ ခက်တာက ရဲတွေက မှိုလိုပေါက်နေတာ..။ တစ်ခါဖမ်းခံရရင် overspeed ဆိုရင် ၇၀၀၀..။ ဒါ့အပြင် လိုင်စင်မှာ ပွိုင့်တွေလျော့သွားတယ်။ သတ်မှတ်ပွိုင့်အထိ လျော့သွားရင် လိုင်စင်ကို သုံးလလားမသိ အသိမ်းခံရမယ်။ ဒါနဲ့ ဖြေးဖြေးပဲစီးပါမယ်ဆိုရင်တောင်မှ ဒီကလမ်းတွေက ကျဉ်းတယ်။ ကျဉ်းတော့ ကိုယ်က အဲလိုသွားနေရင် နောက်ကကားက ကျော်လို့လည်းမရ.. အားလုံး ပိတ်ကုန်ရော..။ စိတ်မရှည်တဲ့ ကားသမားဆို ကိုယ့်ကိုကျော်ခွသွားရင် ပွတ်မိတာတို့ဘာတို့ ဖြစ်နိုင်တယ်။ အဲဒါနဲ့ ကီလို ၄၀ နှုန်းတော့ မောင်းနေရတာပဲ..။ ဒါကိုတော့ တစ်မျိုးကြီး.. ကြိုက်တာမဟုတ်.. မကြိုက်တာမဟုတ်... တစ်မျိုးကြီးပဲ..။

ပြီးတော့ ကျွန်တော်က ငယ်ငယ်ကတည်းက ကိုယ်ထူကိုယ်ထ နေခဲ့ရလို့လားမသိ.. ဟင်းချေးများတတ်တဲ့သူဆို သိပ်အမြင်ကတ်တာ..။ ထမင်းဟင်းပဲ..။ ကိုယ်ခန္ဓာအဟာရအတွက် စားတာ..။ မကြိုက်တဲ့ဟင်းဆိုတာတော့ ရှိမှာပေါ့လေ..။ ဒါပေမယ့် ဆယ်မျိုးလောက်မှ တစ်မျိုးနှစ်မျိုးလောက်ပဲ ဖြစ်သင့်တာပေါ့..။ အခုဟာက ဟိုဟာမကြိုက်.. ဒီဟာမကြိုက်..။ ဥပမာ ၀က်သားကိုတောင်မှ ဟိုလိုချက်ရင် မစားဘူး၊ ဒီလိုချက်မှ ဆိုတာတွေ သိပ်မြင်ပြင်းကတ်တာပဲ..။ ဘာလို့လဲ ဆိုတော့ ဟင်းချက်ရတဲ့ဒဏ်ကို သူတို့မှမသိတာ..။ ငယ်ငယ်ကတည်းက မိဘချက်တာကို အဆင်သင့် ခူးခပ်စားခဲ့ရတော့လည်း ချေးများနိုင်တာပေါ့..။ ဟင်းမချက်ခင် သားစိမ်း၊ ငါးစိမ်းဝယ်ရတဲ့ ဒုက္ခ၊ ပြီးတော့ အဲဒါတွေကို ၀ယ်နိုင်မယ့် ငွေ..။ ဟိုးငယ်ငယ်က အိမ်မှာ အမေပို့ပေးတဲ့ ပိုက်ဆံကုန်သွားလို့ ထပ်ပို့ပေးတာနဲ့ ကြားထဲမှာဆိုရင် ဘာမှ မ၀ယ်နိုင်တဲ့အခါ ခြံထဲက အသီးအရွက်တွေကို အဆင်ပြေသလို ကောင်းအောင် ချက်စားခဲ့ဖူးတယ်။ အသားကြိုက်တတ်တဲ့ အဖိုးကို အသားတွေဖဲ့ကျွေးပြီး ကိုယ်ကိုယ်တိုင် အရွက်ကြော်နဲ့ဖြစ်သလို စားခဲ့ဖုးတယ်။ ဒါပြောတာက ကိုယ်ရည်သွေးနေတာမဟုတ်ဘူး။ ဟင်းတစ်နှပ်ဖြစ်လာဖို့ဆိုတာ ဘယ်လောက်ခက်သလဲဆိုတာကို ပြောတာ။ မကြိုက်တဲ့ဟင်းကို ကြိုက်လာအောင်လည်း ကျွန်တော်လေ့ကျင့်ခဲ့ဖူးတယ်။ ဥပမာ မုန့်ဟင်းခါး..။ ငယ်ငယ်တုန်းက မုန့်ဟင်းခါး အနံ့ကိုတောင်မခံနိုင်၊ တစ်ခါစားမိရင် တစ်နေကုန် ရင်ပြည့်ပြီး အခန့်မသင့်ရင် အန်တောင်အန်ခဲ့တာ။ ဒါပေမယ့် လူတိုင်းက မုန့်ဟင်းခါးမှ မုန့်ဟင်းခါးဆိုတဲ့အရာကို ဘာလို့မစားနိုင်ရမလဲဆိုပြီး ရန်ကုန်ရောက်တော့ ဆိုင်တွေလဲပြီး စားကြည့်ခဲ့တယ်။ တင်တင်အေးမှာစားပြီးကတည်းက အခုမုန့်ဟင်းခါးဆိုတာ အကြိုက်ဆုံးဖြစ်လာခဲ့တယ်။ တစ်လကို နှစ်ခါလောက် မုန့်ဟင်းခါးချက်စားဖြစ်တယ်။ ပြောချင်တာက ကြိုက်တယ် မကြိုက်ဖူးဆိုတာ စိတ်ပါပဲ..။ အဟာရလည်းဖြစ်မယ်၊ ကျက်အောင်လည်းချက်ထားမယ်၊ စားသင့်စားထိုက်တယ်ဆိုရင် စားသင့်တယ်လို့ထင်ပါတယ်။

တစ်နေ့တစ်နေ့ အားပြီဆိုတာနဲ့ ဖေ့စ်ဘွတ်ပေါ်တက်ပြီး အပေါင်းအသင်းတွေနဲ့ အီနေရတာလည်း ကြိုက်ပါ့..။ အချိန်ကုန်တယ်ဆိုတာကို သိပေမယ့်ပေါ့လေ...။ တစ်ယောက်နဲ့ တစ်ယောက် တမြေစီဝေးနေရပေမယ့် ဒီဖေ့စ်ဘွတ်ပေါ်မှာတော့ နီးနီးလေးမှာရှိနေသလို ခံစားရတာ အမှန်ပဲ..။ မနက်အိပ်ရာထရင် ဘယ်သူစာအသစ်တင်သလဲဆိုတာ ကြည့်ရတာလည်း အမော..။း))..။ ညဘက်ဆို ရုပ်ရှင်ပုံမှန်ကြည့်ရတာကိုလည်း သိပ်ကြိုက်စ်...။ :P..။ အရင်က အင်္ဂလိပ်ကားတွေကို ဆက်တိုက်ကြည့်ဖြစ်ပေမယ့် ခိုးရတာများလို့ မခိုးချင်တာနဲ့ မြန်မာကားပဲထိုင်ကြည့်တာ..။ ဒါမှ ကြည့်နေရင်းလည်း စာဖတ်လို့ရတယ်.. ဟင်းချက်လို့ရတယ်.. မီးပူတိုက်လို့ရတယ်.. အပင်စိုက်လို့ရတယ်... ဟဲ..။ မြန်မာကားက ထိုင်ကြည့်နေစရာမှမလိုတာ..။ အသံကြား နားလည်နေတာပဲ..။ မတော် လေးငါးမိနစ်ကျော်သွားတောင် မီရာကဆက်ကြည့်.. နားလည်တယ်.. ဟဲဟဲ..။ ဒါကြောင့် မြန်မာကားကြည့်ရတာလည်း ကြိုက်တယ်..။ 

ဈေးဝယ်ထွက်တာကတော့ ကြိုက်သလိုလို မကြိုက်သလိုလိုပါပဲ..။ ဖိနပ်ဆို ခရေဇီဖြစ်လွန်းတာကြောင့် စူပါမားကတ်သွားရင် ဈေးဝယ်မိမှာ စိုးတယ်..။ ၀ယ်ကလည်းဝယ်ချင်.. တစ်လစာ အသုံးစရိတ်ကိုလည်း ချင့်ချိန်ရတာကြောင့်... ကြိုက်မကြိုက်တောင် မသိတော့ဘူး..။ နောက် ကျောင်းစာနဲ့ပတ်သက်ရင် ကိုယ့်ကိုယ်ကို လုံးဝမကြိုက်ပါ..။ ပိန်းတယ်လို့ထင်သလို... စဉ်းစားတွေးခေါ်မှုတွေက သိပ်ညံ့တယ်လို့ ထင်မိတယ်..။ ဘာရယ်ညာရယ်မဟုတ်... လွယ်လွယ်ကူကူ မျက်နှာရဲတတ်တာကိုလည်း လုံးဝမကြိုက်ပါ။ 

ဒါနဲ့ပတ်သက်လို့ ပြောရဦးမယ်..။ ဟိုးတစ်နေ့က နိုင်ငံခြားသားသူငယ်ချင်းတွေနဲ့ အစ်မတစ်ယောက်အိမ်မှာ မုန့်ဟင်းခါးချက်စားကြတယ်..။ တစ်နေကုန်စားကြတာဆိုတော့ ဗိုက်ကလည်း ပွတာပေါ့..။ ဒါနဲ့ အိမ်သာထဲဝင်ပြီး အိမ်သာတက်မယ်ကြံတုန်း လေအရင်လည်မိပါတယ်..။ အပြင်ကလူတွေ ကြားပြီး ရယ်ကြတာလေ..။ အဲဒီထက်မှာ ယောက်ျားလေးက စုစုပေါင်း ၂ ယောက်တည်းရယ်.. ကျန်တာက မိန်းကလေးတွေ..။ ဒီလိုရယ်တော့.. ကျွန်တော်လည်း ရှက်ရှက်နဲ့ ထထွက်လာတာပေါ့..။ မျက်နှာကြီးက ရဲတွတ်နေတာပဲ..။ အဲလို ရဲတွတ်လာတာကိုလည်း မကြိုက်ဘူး..။ ဒါနဲ့ ဒီနိုင်ငံမှာတဲ့.. မိန်းကလေးတွေ အိမ်သာထဲမှာဆို အဲလိုအသံတွေထွက်လာရင် ကာကွယ်နိုင်အောင် အိမ်သာထဲမှာ လေးထောင့်ကွက်ခလုတ်လေးတွေရှိတယ်တဲ့..။ အဲဒါကို နှိပ်ထားရင် အသံတွေဆူနေပြီး အီးပေါက်၊ အီးပါသံတွေမကြားရဘူးတဲ့..။ ဒါဖြင့်များဗျာ.. ယောကျာ်းလည်းလူပဲ..။ အီးပေါက်တာပဲ....။ ဘာလို့ ကျွန်တော်တို့ အိမ်သာမှာ လာမတပ်ပေးသလဲနော့..။ ဒါကိုလည်း မကြိုက်ဖူးဗျာ... :D။

ကြုံတုန်းပြောရဦးမယ်... ဒီနိုင်ငံမှာ ယောက်ျားလေးတွေ မျက်ခုံးရိတ်ကြသဗျား..။ ရောက်စကတော့ အံသြလိုက်တာ..။ ဒါက သူတို့ရဲ့ သာမာန်ဘ၀ကို ဖြစ်နေပြီ..။ ယောက်ျားစစ်တာ မစစ်တာနဲ့ မဆိုင်ဘူး..။ မိန်းကလေးတွေကလည်း ဒီလိုရိတ်ထားတာကို သဘောကျကြသတဲ့..။ ဟိုတစ်နေ့က ထိုင်းဆိုင်မှာ အတူတူစားတော့.. ဒီအကြောင်းကိုပြောမိရင်း.. သူတို့က အံ့သြလို့ ကျွန်တော့်ကို မရိတ်ဘူးလားဆိုပြီး ပြူတူးပြဲတဲ ၀ိုင်းကြည့်ကြသေးတယ်..။ သူတို့ကများ တပြန်အံ့သြလို့.. :P။ ကမ္ဘာမှာ ဒီတစ်နိုင်ငံပဲ ရှိမယ်ထင်တယ်..။ ယောက်ျားမျက်ခုံးရိတ်တာ.. :D..။ ဒါလည်း ဘယ်လိုပြောမလဲ.. မကြိုက်ပေမယ့်.. သူငယ်ချင်းတွေခပ်များများက ရိတ်ထားတော့လည်း... မပြောသာဘူးပေါ့.. ဟဲ..။ 

ကဲ.. ကိုမောင်လေးရေ လျှောက်ပြောနေတာတွေနဲ့ ဆက်ပြီးတောင် စဉ်းစားမရတော့ဘူး။ ပြောတာသာ ပြောတာပါ..။ ကြိုက်ကြိုက် မကြိုက်ကြိုက် နေတတ်ပါတယ်.။  လောကကြီးက နေတတ်ရင် ကျေနပ်စရာကြီးပါ..။ ပြီးတော့ ဒီထဲက ကျွန်တော်မကြိုက်တာ၊ ကြိုက်တာတွေက ကျွန်တော့်အကြောင်းကို ကျွန်တော်ရေးတာပါ..။ ဒီအပေါ်မှာမူတည်ပြီး မှန်တယ်၊ မှားတယ်ဆုံးဖြတ်စရာလည်း မလိုပါဘူးခင်ဗျ..။း))..။ အခုနောက်ဆုံး ကြိုက်လာတာက အပင်လေးစိုက်ရတာ..။ ဟိုနေ့က ကြက်ဟင်းခါးသီးအပင်ပေါက်လေးရတာနဲ့ စိုက်ထားတယ်။ မြေ တစ်ကီလိုလောက်ဝယ်တယ်၊ မြေအိုးခပ်ကြီးကြီးလေးဝယ်တယ်..။ တစ်နေ့တစ်နေ့ အညွန့်လေးတွေထွက်လာရင် ပျော်လို့..။ အပင်တွေဟာ လူတွေရဲ့ မိတ်ဆွေကောင်းပါ..။း))..။ 

ဒီစာကတော့ ရင်ထဲရှိတာကို ပြောချင်သလိုပြောထားတဲ့စာလေးပါပဲ..။ တဂ်ပေးတဲ့ ကိုမောင်လေးကိုလည်း ကျေးဇူးပါ..။ ဗဟုသုတရစရာ တစ်ခုမှ မပါတဲ့အတွက် စာဖတ်ရကျိုးမနှပ်ခဲ့ရင်လည်း အားလုံးကို တောင်းပန်ပါတယ်..။

ခင်မင်လျက်
နေ၀သန်

Print

14 ယောက်က မှတ်ချက်ပြုသွားသည်။:

mstint said...

တဂ်တာတွေကို ဖတ်ရတာ သဘောကျတယ်။
ရင်ထဲရှိတာလေးတွေကို အရှိအတိုင်းရေးကြတာမို့လေ။
ဆောင်းပါးလေးတစ်ပုဒ်ကို ဖတ်နေရသလိုပါပဲ။
'ကြိုက်သလိုလို မကြိုက်သလိုလို' မဟုတ်ဘူးနော် ဖတ်ရတာ အမှန်တကယ် ကြိုက်တာပါကွယ်း))
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

မြစ်ကျိုးအင်း said...

လာလည်ဖြစ်ရင် အိမ်သာထဲမှာ သီချင်းဖွင့်ပေးထားမယ်း)

Anonymous said...

ကြိုက်တာ 50 %
မကြိုက်တာ 50 % .. :))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

...အလင်းစက်များ said...

ဟဟဟ...... အိမ်သာထဲ က ကိတ်စလေး ပြောတာ သဘောကျတယ်......။ ရှမ်းပြည်က သူငယ်ချင်း ရှမ်းတစ်ယောက်မုန့် ဟင်းခါး မစားတတ်တာ မန်းတလေးမှာ ၂ နှစ်လည်း နေပြီးရော. ကျိုင်းတုံပြန်ရောက်တော့..... သူ့ အမေ မချက်တတ်လို့ ဆိုပြီး စိတ်ပါ ကောက်ကြတာ ပြန်အမှတ်ရတယ်.......

ပွင့်ပွင့်လင်းလင်းလေး ရေးတာပဲ....။

မအိမ်သူ said...

လူမြင်ရင် ခြေထောက်ကြည့်တတ်တာတူတယ်။ အစားအသောက်တွေနဲ့ ပတ်သက်တဲ့ ခံယူချက်သဘောထားလည်း တူတယ်။
အဲ ယောက်ျားလေး မျက်ခုံးရိတ်တာတော့ အခုမှဘဲ ကြားဖူးတယ်။ အထူးအဆန်းဘဲ။ နောက်တခါ အိမ်သာတက်ရင်တော့ လော်စပီကာနဲ့ တွံတေးသိန်းတန် သီချင်းဖွင့်ပြီးမှတက်လေ.. :D

Angelhlaing(May everybody be happy and healthy! said...

အဲဒါမှ ရင်ထဲက အရှိအတိုင်းလေးတွေ...:)

jasmine(တောင်ကြီး) said...

ရုပ်ရှင်ကြည့်ရတာကြိုက်တယ်
မြန်မာကားတွေသိပ်မကြည့်ဖြစ်ဘူး
ကြည့်ရင်းစိတ်တိုလာလို့ပါ..
ဟုတ်တယ်...မြန်မာကားဆိုရင်ဖွင့်ထားပြီး
အလုပ်လုပ်လို့ရတယ်...တော်တော်များများအတွေး
တူတယ်....

san htun said...

ကြိုက်သလိုလို မကြိုက်သလိုလိုတွေကို ဖတ်သလိုလို မဖတ်သလိုလို မဟုတ်ဘဲ အသေအချာ ဖတ်သွားပါတယ်။

ကိုကိုမောင်(ပန်းရနံ့) said...

အတော်များများ တူနေပါလား။ ဒီအတိုင်းဆို မောင်လေး တဂ်ထားတာကို မောင်နေ၀သန်အတိုင်းဘဲ ဆိုပြီး ညွန်းလိုက်ရင် ပြီးသွားမယ်ထင်တယ်။း)))


ခင်မင်လျက်

blackroze said...

ကြိုက်တာနဲ့မကြိုက်တာကတော့ အမြဲဒွန်တွဲ
နေတတ်တာသဘာဝပါဘဲ..

သေချာကိုဖတ်သွားပါတယ်...

စော(အဝါရောင်မြေ) said...

ဘယ်နိုင်ငံက ယောက်ကျားလေးက မျက်ခုံးမွှေးရိတ်တာလည်းဟင်း။ ဒါလဲ ဗာဟု သုတပေါ့။ :)

မောင်မျိုး said...

စာဖတ်ရကျိုး နှပ်ပါတယ် ညီလေးရယ် အစ်ကိုကြီးက တပြုံးပြုံးနဲ့ဖတ်လာတာ............ သိပ်စည်းကမ်းရှိမယ့် ပုံလေးပဲ အဲ့တာကြောင့်တော်တာပေါ့ ။။

ဟန်ကြည် said...

အံမယ် သူတို့နိုင်ငံက ယိုအိမ်က တယ်ထူးဆန်းပါကလား silencer တွေဘာတွေ တပ်လို့ မရိုးသားလိုက်တာနော်...ဘာဖြစ်လဲ ညီလေးရာ ကိုယ့်ပြဿနာကို ဖြေရှင်းတာပဲ ပွင့်ပွင့်လင်းလင်းပေါ့...ဟုတ်လား...answer the nature လေ...သဘာဝရဲ့ခေါ်သံကို အကြောင်းပြန်တာပဲ...သူကြားအောင် ခပ်ကျယ်ကျယ်လေလေးပေါ့...

ညိမ်းနိုင် said...

မအားလို့ခုမှရောက်တယ်...နေဝသန်ရေ..၊ရေးပေးတာ
ကျေးဇူးပါ...၊ဗဟုသုတလည်းရပါတယ်..၊အဲဒီမှာယောင်္ကျား
လေးတွေမျက်ခုံးမွေးရိတ်ကျတယ်ဆိုတာသိရတာပေါ့ဟ၊
ငါဆိုဟန်ကျမယ်..၊ရိတ်စရာမလိုပဲအော်ရဂျင်နယ်ပြောင်နေ
လို့....:D။ဟင်းဂျီးမများတာကောင်းတယ်..၊ဟင်းဂျီးများတဲ့
ဒုက္ခကမသေးဘူးဟ..(ကိုယ်တွေ့ပဲ...:))
ဖတ်လို့သိပ်ကောင်းတယ်...၊အိမ်လာလည်ရင် အိမ်သာမှာ
မအိမ်သူပြောသလို လော်နဲ့တွံတေးသိန်းတန်ဖွင့်ပေးထားမယ်နော်....:P