နားခိုရာ သူတို့အိမ်လေးများ

ကျွန်တော်ခဏခဏ တွေးမိပြီး ကြောက်တာ တစ်ခုရှိပါတယ်..။ အဲဒါက အိုမင်းရင့်ရော်လာတဲ့အချိန်မှာ ကိုယ်ပိုင်အိမ်လေးတစ်လုံး မပိုင်ဆိုင်လိုက်မိမှာကိုပါ..။ အများကြီးတွေ့ဖူးပါတယ်..။ ၀န်ထမ်းဘ၀၊ ရာထူးကြီးပါစေ သေးပါစေ.. အစိုးရအိမ်တွေမှာနေထိုင်ရင်း ပင်စင်လည်းယူလိုက်ရော ကိုယ်ပိုင်အိမ်ဆိုတာ မရှိတဲ့ဘ၀..။ အိုမင်းမစွမ်းတဲ့အချိန်မို့ ငွေပိုရှာနိုင်ဖို့လည်း လမ်းမမြင်..။ ဒီလို ဖြစ်မှာကို ကျွန်တော် တကယ်ကို ကြောက်ရွံ့မိပါတယ်..။ 

သတ္တ၀ါမှန်ရင် စား၊၀တ်၊နေရေး ကသိပ်ကို အရေးကြီးပါတယ်..။ လူတွေကတော့ ဘာတစ်ခုမှ ရှောင်လွှဲလို့မရပေမယ့် တိရစ္ဆာန်တွေမှာတော့ ၀တ်တာကလွှဲရင် စားဖို့နဲ့ နေဖို့ကလည်း ရှာကြံရတာပါပဲ..။ လူတွေလို အလုပ်မရှုပ်ပေမယ့် တချို့သော သတ္တ၀ါလေးများဟာ သူတို့ နေထိုင်ရာအိမ်လေးတွေကို မွမ်းမံတည်ဆောက်ထားနိုင်မှုဟာ သိပ်ကို အံသြစရာပါ..။ အောက်မှာ တင်ထားတဲ့ ငှက်တွေရဲ့ အသိုက်တွေကို ကြည့်ရင်းနဲ့ ဘယ်လိုမျိုး စိတ်ခံစားမှုတွေ ရရှိပါသလဲ မိတ်ဆွေ..။ 



























 ဟိုးငယ်ငယ်တုန်းက အစ်ကိုတွေနဲ့ ငှက်ပစ်ထွက်ရင်းနဲ့ စာဘူးတောင်းမျိုးစုံကို မြင်ဖူးပါတယ်..။ ဒီထဲမှာတော့ အဲဒီလို အသိုက်တွေ မပါပါဘူး..။ ကောက်ရိုး၊ မြက်ခြောက်တွေနဲ့ ကျစ်လျစ်ပြီး လှပတဲ့ အသိုက်တွေကို ဒီနှုတ်သီးလေးနဲ့ ဖန်တီးနိုင်တဲ့အစွမ်းကိုတော့ ဘယ်လိုမှ မချီးကျူးပဲ မနေနိုင်ပါဘူး..။ ငှက်တွေရဲ့ အသိုက်ရက်လုပ်တဲ့ ရည်ရွယ်ချက်က နေဖို့က အဓိကမဟုတ်ပါဘူး..။ သူတို့တွေက ပေါက်လာတဲ့ဥတွေကို လုံလုံခြုံခြုံသိမ်းထားဖို့..။ နောက် အပူချိန်မျှတအောင်လည်း လေ၀င်လေထွက်ကအစ သေချာလုပ်ပေးထားတတ်ပါတယ်..။ ပြီးတော့ ဥတွေကို ၀ပ်ဖို့အတွက်လည်း အဆင်ပြေအောင် လုပ်တတ်ကြတယ်..။ ငှက်ကလေးတွေ အကောင်ပေါက်လာရင်လည်း ပြုတ်ကျဖို့မလွယ်အောင် ဖန်တီးထားတတ်ပါတယ်..။  

ဒီတော့ ဒီအသိုက်လေးတွေကို ကြည့်နေရင်းနဲ့ တိရစ္ဆာန်ပင် ဖြစ်လင့်ကစား ဘက်စုံထောင့်စုံကနေ စဉ်းစားတွေးတောလုပ်တတ်တာကိုလည်း မြင်ရတယ်။ ပြီးတော့ မိဘအနေနဲ့ အကောင်မဖြစ်သေးတဲ့ သားသမီးတွေအတွက် မေတ္တာဓါတ်အပြည့်နဲ့ ကာကွယ်စောင့်ရှောက်တတ်တဲ့ သဘောတရားကိုလည်း တွေ့ရတယ်..။ နောက်.. တစ်ချို့အသိုက်တွေဟာ နေရာဒေသ အဆင်မပြေတဲ့အခါ ခဲရာခဲဆစ်နဲ့ ရက်လုပ်ထားတတ်တာကိုလည်း မြင်ရတယ်..။ ပေးလာတဲ့ အခြေအနပေါ်မှာ အကောင်းဆုံး ရှာကြံဖန်တီးတတ်တဲ့ စွမ်းအားတွေကိုလည်း မြင်ရပါတယ်။ ဒါကြောင့် ဟိုးငယ်ငယ်တုန်းက ငှက်လေးတွေ ကောက်ရိုးချီရင်းနဲ့ ကျွတ်ကျီကျွတ်ကျီ စကားတွေများ၊ ဟိုလက်လှည့်ကြည့် ဒီဘက်လှည့်ကြည့်နဲ့ လုပ်တတ်တာကို တွေ့ဖူးပါတယ်..။ ဒါဟာ အသိုက်ရက်လုပ်ဖို့ ဘက်စုံကနေကြည့်ပြီး ဆုံးဖြတ်နေတာများလား..။ 

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ လူသားတွေမှာရော ပေးလာတဲ့ အခြေအနေမှာ အကောင်းဆုံး အခြေအနေကို  ဘယ်လောက်များ ဖန်တီးနိုင်ပါမလဲ..။ လက်မှိုင်ချသွားတာတွေ၊ အရှုံးပေးလက်မြှောက်လိုက်ရတာတွေက ကျွန်တော်တို့လူသားတွေဟာ တိရစ္ဆာန်တွေလောက်တောင် လုံ့လ၊ ၀ိရိယမရှိတာကို ပြသနေတာလား..။  သာမာန်ငှက်သိုက်လေးတွေပေမယ့် ကျွန်တော်တော့ တကယ်ကို အတွေးတွေ ပွားများမိပါတယ်ဗျာ.။

(ပုံတွေကို ritemail ကနေယူပါတယ်ဗျာ)

 အားလုံးကို လေးစားလျက်
နေ၀ဿန်

Print

12 ယောက်က မှတ်ချက်ပြုသွားသည်။:

flowerpoem said...

အင်း စဉ်းစားကြည့်ရင် နေစရာလေးရှိရင်ကောင်းတယ် ကိုနေ၀သန် ကျန်တာ က မရှိတာ နည်း၂ ဖန်တီးဖို့ လွယ်တယ်ထင်တယ် ကျွန်မအထင်ပေါ့နော်..

ညိမ်းနိုင် said...

ဟုတ်တယ်....အိမ်ဆိုတာ အရေးအကြီးဆုံးပဲထင်ရဲ့ ။
ကျန်တာက မရှိရှိတာနဲ့ ကြံဖန်လို့ရသေးရဲ့...။

မောင်မျိုး said...

တစ်ခါခါတော့ သူတို့ဘ၀လေး အားကျမိသား နွေးထွေးတယ်လို့ ထင်မိတယ် ။

အဆင်ပြေပါစေ သယ်၇င်းရေ

ချော(အစိမ်းရောင်လွင်ပြင်) said...

လွယ်လွယ်နဲ့ အားမလျှော့တတ်လို့ ငှက်တွေဆီက ဖြစ်ပါစေ အတုယူရမယ်။
ကိုယ်တွေလည်း ခိုင်ခံ့တဲ့ အသိုက်တွေဆောက်ရမယ်

Anonymous said...

အရင်တုန်းက ငါ့တို့အိမ်မှာ ရှိတဲ့
သပြေပင်ပေါ်က နှံပြည်စုတ်လေးတွေတောင်
သတိရမိသွားတယ် ..း))

အေးလေးး.. ဘာပဲ ပြောပြော ..
မြန်မြန် အိမ်ဝယ်နိုင်အောင် ကြိုးစားးး...
လူ့လောက ထဲ ရောက်တာ
၃ ပုံ ၁ ပုံ ရှိနေပြီ ...း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

နှင်းနှင်းသက် said...

နောင်အကြောင်း စဉ်စားရင် စိတ်ပူမိတယ်။

ဟန်ကြည် said...

အိမ်...ဟုတ်တယ်လေ...အားလုံးရဲ့ နှလုံးသားတွေ စတည်းချတဲ့နေရာ...တစ်ခုတည်းပါပဲ...အေးချမ်းတဲ့နေရာက သိမ်သိမ်မွေ့မွေ့ အိမ်ကလေး တစ်လုံးလေ...

...အလင်းစက်များ said...

အိမ်က အုန်းပင်မှာ အသိုက်လာလုပ်တဲ့ စာဗူးတောင်းလေးတွေကို သေချာ ကြည့်ခဲ့ဘူးတယ်။ သိုးမွေးထိုးနေသလိုပဲ သပ်သပ်ရပ်ရပ်နဲ့  လေဒဏ် မိုးဒဏ်လည်း ခံနိုင်ရည် အတော်လေး ရှိတယ်.။ ကျနော်တို့ အသက်အရွယ်ကျလာရင် ဒီလို မလျော့သော ဇွဲလုံ့ လနဲ့  ကြိုးစားကြရင် ကိုယ်ပိုင် အိမ်လေး တစ်လုံးတော့ သေသေချာချာ ပိုင်ဆိုင်ကြရမှာပါလေ။

မြစ်ကျိုးအင်း said...

လူတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးလို့လွယ်တဲ့ အသိုက်လေးတွေပေါ့။ ငှက်ကလေးတွေအတွက်တော့ တစ်ဘဝစာ နှလုံးသားနဲ့ ရင်းထားရတဲ့ အိမ်လေးတွေပါ။
ကံကြမ္မာနဲ့ကြည့်ရင်တော့ အချိန်ပိုင်းအတွင်း ဖျက်ဆီးနိင်တဲ့ အိမ်လေးတွေကို ကိုယ်တွေကလည်း နှလုံးသားနဲ့ ကြိုးစားပြီး တည်ဆောက်နေကြတာပါပဲ။
သတ္တဝါတိုင်း လုံခြုံနွေးထွေးကြပါစေ။

ချစ်ခြင်းအလင်္ကာ said...

..အင်း.ရှာရှာဖွေဖွေ..ရှာတတ်တဲ့အကိုရေ..
အသိုက်လေးတွေကတော်တော့်ကိုချစ်စရာကောင်းပါတယ်..
မိဘမေတ္တာဆိုတာကိုလဲခံစားမိပါတယ်..
ကျေးဇူးတင်လျှက်

ချစ်ခြင်းအလကာင်္

ကိုအောင်(ပျူနိုင်ငံ) said...

ကျနော်ကတော့ ပုံတွေကြည့်ရင်း အသဲယားတယ်ဗျ ...

မအိမ်သူ said...

အသိုက်ကလေးတွေက ချစ်စရာကောင်းလိုက်တာ။ ကိုယ်လဲ အဲဒီလို နွေးထွေးတဲ့ အသိုက်လေးတစ်ခုလောက်တော့ ပိုင်ဆိုင်ချင်သေးတယ်။ ကြိုးစားတုံးပေါ့..