အောက်ပါမေးခွန်းများကို ဖြေပါ

(၁) အကယ်၍ သင့်မှာ လုံလောက်သည့် ငွေကြေးအင်အားပြည့်စုံ၍ အိမ်တစ်လုံးဆောက်မည်ဆိုပါစို့။  ထိုအိမ်ထဲတွင် သင်အသုံးပြုမည့် အိမ်သာမှာ ရေဖြင့်အသုံးပြုသော အိမ်သာ (သို့မဟုတ်) စက္ကူဖြင့် အသုံးပြုသော အိမ်သာ၊ ဘယ်ဟာကို သင်တည်ဆောက်မလဲ..။

(၂)  သင်ဟာ ငွေရေးကြေးရေး အတော်အသင့် ပြည့်စုံနေသူဟု ဆိုပါစို့။ သင်နေထိုင်ရာ အိမ်နှင့် သင့်လုပ်ငန်းခွင်ဆီသို့  သွားရန် ရထားမှတ်တိုင် ၄ မှတ်တိုင်၊ ဘတ်စ်ကားဖြင့် ၇ မှတ်တိုင်၊ စက်ဘီးဖြင့် မိနစ် ၂၀ ခန့် ကြာမြင့်ပေးလိမ့်မည်။  သင်အလုပ်သွားရန် အထက်ပါ နည်းတစ်နည်းနည်းကိုသုံးမည်လား (သို့မဟုတ်) ဆိုင်ကယ်ဖြင့် သွားမည်လား (သို့မဟုတ်) ကိုယ်ပိုင်ကားဖြင့် မောင်းနှင်သွားမည်လား။
 
(၃)  သင်ဟာ စားသောက်ဆိုင်တစ်ခုမှ ထမင်းစားသွားခဲ့မည်ဆိုပါစို့။  ဆိုင်မှ ထည့်ပေးလိုက်သည့် ထမင်း၊ ဟင်းကို တစ်ခုမှ မကျန်အောင် စားမလား။ ဒါမှမဟုတ် ပိုက်ဆံပေးစားတာပဲဆိုပြီး တို့ကနန်း၊ ဆိတ်ကနန်းလေးစားပြီး ပန်းကန်တစ်ခုလုံး အကုန်ချန်ခဲ့မလား။ ဒါမှမဟုတ်  တခြားတနည်းကို သုံးမလား...။ တခြားတနည်းကို သုံးမယ်ဆိုလျှင် ဘယ်လိုနည်းများပါလိမ့်။

(၄) သင်၏ ကွန်ပျူတာသည် အကြမ်းပတမ်းခံသည်ဆိုပြီး ၂၄ နာရီဖွင့်ထားခဲ့မလား။ သင့်မှာ ကွန်ပျူတာ ထည်လည်းဝယ်နိုင်သည့် ငွေကြေးပမာဏရှိသည့်အတွက် သင်ရုံးသွားလျှင်ဖြစ်စေ၊ ကျောင်းသွားလျှင်ဖြစ်စေ၊ အိမ်မှာ ဒီအတိုင်း ဖွင့်ထားခဲ့မည်လား။  ဒါမှမဟုတ် ရုံးကပေးထားသော၊ တစုံတယောက်ရဲ့ ကွန်ပျူတာမို့လို့ ဖွင့်ထားခဲ့မည်လား။

(၅)  အကယ်၍ သင်သည် အလွန်ကို မောပန်းနေသည်။  စားသောက်ဆိုင်နားရောက်လာသောအခါ ဆိုင်ထဲတွင် ရေ၊ အအေး၊ အသီး သုံးမျိုးလုံးရသည်။ သင့်ငွေရေးကြေးရေး အခြေအနေအရ တစ်ခုသာ အမောပြေ၀ယ်ယူရမည်။ သင်ဘယ်ဟာကို ရွေးမလဲ။
 
(၆)  အလုပ်အကိုင်တူ သူငယ်ချင်းတစ်ယောက်နှင့် သင်လမ်းလျှောက်လာခဲ့သည်ဆိုပါစို့။ လမ်းမတွင် သင်တို့ နှစ်ဦးစလုံးနှင့်သိကျွမ်းသော မိတ်ဆွေတစ်ဦးနှင့်တိုးရာ ထိုသူမှ သင်တို့နှစ်ဦးလုံးကျွမ်းကျင်သော အလုပ်နှင့်ပတ်သက်၍ အကူအညီတောင်းလိမ့်မည်။  သို့သော် သင့်ထက် သင့်သူငယ်ချင်းကို အထင်ပိုကြီးကာ သူ့ကိုပဲ ဇောင်းပေးကာ ပြောနေမည့်အခြေအနေတွင် သင်ဘယ်လိုလုပ်မလဲ။  မသိလိုက် မသိဘာသာပဲ ခပ်မဆိတ်နေမည်လား။ ဒါမှမဟုတ် သင်လည်း ဒီအလုပ်လောက်တော့ ကျွမ်းပါတယ်ဆိုပြီး ၀င်ပြောမလား။ 

ကျန်တဲ့မေးခွန်းတွေဆီကို မဆက်ခင် သင်ဟာ အများသူငါ နေထိုင်သည့် အဆောင်တစ်ခုတွင် နေထိုင်ရသည် ဆိုပါစို့။ ထိုအဆောင်တွင် မီးဖိုချောင်နှင့် ရေချိုးခန်း၊ အိမ်သာတို့မှာ ဘုံစနစ်ဖြင့် အသုံးပြုရသည်ဆိုပါစို့။  သင်လစဉ်ပေးရသည်မှာ အခန်းတွင်းအသုံးပြုသော မီးခ + ပုံသေလစဉ်ခတို့ဖြစ်သည်။ ထိုပုံသေလစဉ်ခထဲတွင် မီးဖိုးခန်းမှ လျှပ်စစ်ဖိုး၊ ရေဖိုးအားလုံး ထည့်သွင်းထားသည်ဆိုပါစို့...။

(၇)  မီးခလုတ်တို့၏ သဘောမှာ ဖွင့်ထားပါက အသုံးပြုပြု၊ မပြုပြုလျှပ်စစ်စီးဆင်းမှု ရှိပြီး မီတာအနည်းငယ် တက်တတ်သည်။  မီးဖိုခန်းထဲတွင် သင်ထမင်းဟင်းချက်ပြီးနောက် မီးခလုတ်ကို သတိတရ ပိတ်ထားခဲ့မည်လား။ သို့တည်းမဟုတ် စိတ်ထဲတွင် ထိုမီးခလုတ် ဖွင့်ရန် ပိတ်ရန်အတွက် လုံးဝ အရေးမထားဘူးလား။ ဒါမှမဟုတ် အပြင်မှ မီတာခကို လစဉ်ပိုက်ဆံပေးနေတာပဲ။ သုံးခွင့်ရှိတယ်ဆိုတဲ့သဘောနဲ့ တမင်သက်သက် မပိတ်ခဲ့ဘူးလား။

(၈)  ထမင်းဟင်းချက်ပြုတ်ပြီးပါက တခြားသော အဆောင်သူ၊ အဆောင်သားများ အဆင်ပြေစေရန် မိမိရှုပ်ထားသည့် အစအနများအား အလိုက်တသိရှင်းသွားမလား။ ဒါမှမဟုတ် အချိန်မှန်လာမည့် သန့်ရှင်းရေးသမားအလုပ်ဟု ဆိုကာ ပစ်ထားမည်လား။

(၉)  အကယ်၍ သင်သည် ယောက်ျာလေးတစ်ဦးဖြစ်ပြီး ကျင်ငယ်ကို  အိမ်သာထဲတွင် စွန့်မည်ဆိုပါစို့။ ဘိုထိုင်အိမ်သာဖြစ်နေသောကြောင့် အိမ်သာအဖုံးကို လှန်ပြီးမှ စွန့်မည်လား။ ဒါမှမဟုတ် မလှန်ပဲ ဒီအတိုင်းစွန့်မည်လား။

..........................................
အပေါ်က မေးခွန်းတွေနဲ့ပတ်သက်လို့ စာဖတ်သူများက ဖြေလိုစိတ်ရှိလျှင်လည်း ဖြေပါ။ မဖြေချင်လျှင်လည်း မဖြေပါနှင့်။ သေချာတာကတော့ ဒီမေးခွန်းတွေကို သဘာဝကျကျပဲ မေးထားတာပါ။ ဘယ်သူတစ်ဦးကိုမျှ စောင်းပြီးမပြောသလို ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ကိုယ်ပိုင်ခံယူချက်ကို ပုတ်ချမထားပါဘူး။  နောက်တစ်ခုက တကယ်လို့ တစုံတယောက်က ရှေ့မှာ အဖြေတွေကို ဖြေခဲ့မယ်ဆိုရင် အဲဒီအဖြေနဲ့ပတ်သက်ပြီး မငြင်းခုန် (argument) ကြပါနဲ့လို့ တောင်းဆိုချင်ပါတယ်။ ကျွန်တော် နေ၀သန်ဆိုတဲ့ ကလောင်နာမည်ကို သုံးပြီးကတည်းက ကျွန်တော်ရေးတဲ့စာတွေမှာ Argue လုပ်စေတဲ့ အရာတွေ တစ်ခုမှ ထည့်မရေးပါဘူး။ နောက်တစ်ခု သေချာသလောက်ကတော့ ဒီစာတွေကို ဖတ်ပြီးတဲ့ တစ်ယောက်ယောက်က ဒီလိုလေးမေးလာပါလိမ့်မယ်။ ဒီလို ကြီးကြီးကျယ်ကျယ်မေးခွန်းတွေ မေးရအောင် နေ၀သန်ရဲ့ ခံယူချက်ကကော ဘာလဲလို့ပေါ့...။ တကယ်လို့ ကျွန်တော့်ရဲ့အဖြေကို သိချင်တဲ့သူရှိရင်တော့ ကျွန်တော့်မေးလ်ဆီကို အီးမေးလ်ပို့လိုက်ပါ။ ကျွန်တော်ပြန်ပို့ပေးပါ့မယ်။  နောက်ဆုံးဖွင့်ဟ၀န်ခံချင်တာက ဒီစာလေးဟာ ကျွန်တော်စစ်တမ်းကောက်ယူရုံသက်သက်ပါ။ ဒါကြောင့် Anonymous နဲ့ဖြေခဲ့မယ်ဆိုရင်လည်း ကျေနပ်ပါတယ်ခင်ဗျာ။

Print

20 ယောက်က မှတ်ချက်ပြုသွားသည်။:

ယွန်း said...

(၁) အိမ်သာမှာ ရေဖြင့်အသုံးပြုသော အိမ်သာ (သို့မဟုတ်) စက္ကူဖြင့် အသုံးပြုသော အိမ်သာ၊ 2ခုလုံးထားမယ်...

(၂)အဆင်ပြေတဲ့အရာနဲ့ သွားမယ်..ဘာပဲဖြစ်ဖြစ် ကိစ္စမရှိ..

(၃)စားနိုင်သလောက်စားပြီး မကုန်တာချန်ခဲ့မှာပေါ့..
ကုန်ရင်လဲကုန်မယ်..မကုန်ရင်လဲမကုန်ဘူး

(၄)ကိုယ်သုံးတဲ့အချိန်ပဲ ဖွင့်သုံးမှာပေါ့

(၅)ရေ

(၆)အဲလိုဆိုရင်မသိလိုက် မသိဘာသာပဲ
ခပ်မဆိတ်နေလိုက်မည်

(၇)ပိတ်

(၈)ဘယ်နေရာမှာပဲဖြစ်စေ
မိမိရှုပ်ထားသည့် အစအနများအား ရှင်းသွားမည်

chindwinthu said...

၁။ ရေဖြင့်သုံးသော အိမ်သာ
၂။များသောအားဖြင့် စက်ဘီးနဲ့သွားမည်။ တခါတရံ အချိန်ရမှု အပေါ်မူတည်ပြီး ဆိုင်ကယ် သုံးပါမည်။
၃။အတတ်နိုင်ဆုံး ကုန်အောင်စားပါမည်။
၎။ကိုယ်သုံးတဲ့ အချိန်ပဲ ဖွင့်သုံးပါမည်။
၅။ရေ
၆။မသိလိုက် မသိဘာသာ ခပ်မဆိတ်နေမည်။
၇။ပိတ်မည်။
၈။မိမိရှုပ်ထားသည့် အစအနများအား အလိုက်တသိရှင်းသွားမည်။

မောင်လေး said...

(၁) ရေသုံးအိမ်သာ
(၂)စက်ဘီး (စိတ်မပူရလို့း) )
(၃)ဝသလောက်တော့၊စာကောင်းသလောက်တော့ စားဖြစ်မယ်။ဝသွားရင်၊စားလို့သိပ်မကောင်းရင်တော့ ထား
ခဲ့မှာပဲ၊စားကောင်းရင်တော့ ပန်းကန်ကြီးပါမြိုချပစ်မယ်။
(၄)ဖွင့်ဘူး။ရုံးကဟာလည်း ဖွင့်ဘူး။
(၅)ရေ၊သစ်သီးတွေကို သိပ်မကြိုက်၊အအေးလည်း မကြိုက်
(၆)ခပ်မဆိတ်ပဲနေမယ်၊အဲ လိုအပ်ရင်တော့ နည်းနည်းဝင်
ပြော၊အင်းးးဆရာဝင်လုပ်ဖြစ်မယ်ဆို ပိုမှန်မလားးးး)
(၇)ပိတ်မယ်၊ခုလည်း ပိုက်ပိုက်မပေးရပေမယ့်ပိတ်တာပဲ
(၈) ရှင်းမယ်၊နောက်လူမ၇ှိလည်း ရှင်းရမှာပဲ။
(၉)အင်းးးဒီကိစ္စကတော့ အရေးပေါ်အခြေအနေလား၊
ပုံမှန်အခြေအနေလားဆိုတဲ့အပေါ်မှာ တည်မယ်နဲ့တူ
တယ်။း)။အလကားစတာပါ။လှန်ဖြစ်ပါဘူး။တည့်တည့်
တော့ ပန်းတာပေါ့ ဟီး။

အဖြူရောင်နတ်သမီး said...

၁။ ရေဖြင့်သုံးသော အိမ်သာ

၂။ ကိုယ်ပိုင်ကားဖြင့် သွားပါမည်။

၃။ကိုယ်စားနိုင်သလောက်(စားချင်သလောက်)သာစားပါမည်။

၎။ကိုယ်သုံးစွဲသည့် အချိန်ပိုင်းသာ ဖွင့်ပါမည်၊ အပြင်သွားပါက ပိတ်သွားပါမည်။

၅။ရေကို ဝယ်သောက်ပါမည်။

၆။သူငယ်ချင်းကို အကူညီတောင်းသည့်အတွက် ကိုယ်က ဆရာကြီးလုပ်၍ ဝင်ပြောလို့မကောင်းပါ၊ ဘေးမှပဲ ရပ်နေပါမည်၊။ ကိုယ့်ဘက်လှည့်လာလျှင်တော့ ကူညီနိုင်သလောက် အကူညီပေးလိုက်ပါမည်။

၇။လျှပ်စစ်ဆိုသည်မှာ အန္တရာယ်ရှိသည့်အတွက် မလိုအပ်သည့်အချိန်တွင် ပိတ်ထားတာအကောင်းဆုံးဖြစ်ပါသည်။

၈။ကိုယ်လုပ်ထားသမျှ ကိုယ်ရှင်းရတာ အကျင့်ဖြစ်နေပါပြီ။

၉။ကျမသည် ဝန်ထမ်းတယောက်ဖြစ်သည့်အတွက် ဝန်ထမ်းအိမ်သာကိုအသုံးပြုရသည့်အခါ ထိုကဲ့သို့ သော ယောက်ျားလေးများ မတ်တတ်သွားထားသည့်အခြေနေများကို ခနခနရင်ဆိုင်ရပါသည်။ တော်တော်လေးလည်း စိတ်တိုရပါသည်။ ကျမသာဆိုလျှင်...း)
ယောက်ျားလေးစိတ်မဟုတ်သည့် အတွက် အဖြေသည်လည်း မှန်ကန်လိမ့်မည်မဟုတ်ပါ...း)

ကိုဇော် said...

မေးခွန်း တစ်ခုမှာ အခြေအနေ ( ၃ ) ရပ် ရှိပါတယ်။ ဒါကို ထားပါတော့။ တကယ် ဖြစ်သင့်တာကတော့ မေးထားတဲ့ သူက အရင် ဖြေပြထားရမှာပါ။ မဟုတ်ရင် ဒီလို မေးခွန်းတွေက ရည်ရွယ်ချက် မဲ့ပါတယ်။

၁။ ရေအိမ်သာနဲ့သာ ကျနော်နဲ့ အဆင်ပြေပါတယ်။ သို့သော် ဆောက်မည့်နေရာမှာ ရေပါ့မလား။

၂။ စက်ဘီးဖြင့်သာ သွားဖြစ်မှာပါ။ တစ်ခါတလေ စက်ဘီးကို တွန်းသွားချင် သွားဖြစ်ပါလိမ့်မည်။

၃။ http://www.zaw357.net/2009/12/blog-post_5186.html

၎။ တကယ်လို့ Program တစ်ခု လုပ်နေတာ မဟုတ်ရင် ပိတ်ထားပါတယ်။ သို့သော် အခြေအနေအရ အတိအကျ မပြောနိုင်ပါ။

၅။ ရေကိုသာ မက်မက်မောမော သောက်ဖြစ်ပါသည်။

၆။ စည် ဆိုတာ တီးမှမြည်ရတယ် လို့ ရှေးလူကြီးတွေ ဆိုဖူးပါသည်။

၇။ အသုံးမလိုရင် ဘာမှ မသုံးပါ။ သုံးပြီးရင်လည်း မူလအတိုင်း ပြန်ဖြစ်အောင် ထားတတ်ပါသည်။

၈။ ကိုယ်လုပ်သမျှ ကိုယ့်ဖာသာ တာဝန် ယူတတ်ပါသည်။

၉။ အဖုံး နှစ်ထပ်မှ ဒုတိယ အဖုံးကို ဆိုလိုဟန် တူပါသည်။ အဖုံးဆိုတာကတည်းက အဖုံးပါပဲ။

အဓိပ္ပါယ် ပြည့်စုံစေရန် ဒီလို မေးခွန်းတွေ ဆိုရင် မေးသူက အရင် ဖြေထား သင့်ပါသည်။

မောင်မျိုး said...

1 . ရေဖြင့် အသုံးပြုသောအိမ်သာပဲ လိုချင်ပါတယ် အညစ်ကြေးတခုခုကြုံတိုင်း ဆေးကြောဖို့ရေကိုသာသွားသတိရတတ်လို့ပါ ဥပမာ လက်က ဖုန်ပေသွားတာပဲဖြင့်ဖြင့် ရေနဲ့ဆေးမှ ပြောင်တယ်လို့ထင်ရတဲ့အတွက် ။

2 . ကားစီးနိုင်လောက်မယ့် အခြေနေကတော့ ဝေးကွာလွန်းလို့ ဆိုင်ကယ်လောက်ဆိုရင်တော့တော်ပါပြီး စက်ဘီးလေးတစီးလောက်တော့ လိုရမယ်ရဆောင်ထားမယ် အိပ်ယာစော၂ထဖြစ်တဲ့နေ့တွေ အညောင်းပြေ လေညှင်းလည်းခံရင် စက်ဘီးစီးရတာပေါ့ ပျော်စရာပါ။

3. ဒီထဲမှာထည့်ထားတဲ့ နည်းတွေက ကိုယ်နဲ့တခုမှမကိုက်ောတ့ ဘယ်နည်းကို သုံးမလဲဆိုတော့ ၀ သလောက်ပါပဲ တော်ပြီပေါ့ ကိုယ့်အစာအိမ်က မဆန့်တော့တဲ့ဟာကို ထပ်ထည့်နေရင် ကိုယ်ပဲ ခံ၇မှာ ( တခါခါတော့ ပြန်ထုတ်သွားဖြစ်မယ်ထင်တယ် အိမ်က အကောင်လေးတွေကို ကျွေးလို့ရတယ် ရှက်စရာလို့တော့မထင်ပါဘူး ငါ အဲ့လို ၂ ခါလောက်လုပ်ဖူးတယ်း ) ) ။

4. ကွန်ပျူတာကိုယ်ပိုင်မရှိ ရုံးကပေးထားတဲ့ စက်ကိုပဲ ကိုယ်ပိုင်စက်လို သဘောထားပြီး သေ၂ချာ၂ ကိုင်ပါတယ် ။

5 . ရေ ပဲသောက်ချင်တယ် ဈေးအတော်ဆုံးနဲ့ အမောအပြေဆုံး

6. ကိုယ့်ထက် သူငယ.်ချင်းက ပိုကျွမ်းကျင်မယ်ထင်လို့ အကူညီတောင်းတာဆိုတော့ ဘေးကနေ အကြံပေးတာလောက်ပဲ ပြောမယ် .။

7 . ပိတ်မှာပါ ပိတ်လားမပိတ်လားမသေချာရင်တော့ ထကြည့်ပြီးတော့ကို ပိတ်မှာပါ ပိုလျှံနေတိုင်း ကိုယ့်အတွက်အကျိုးမရှိလေတော့ မသုံးတာကောင်းတာပေါ့ ။

8. ကိုယ့်အမှိုက်ကိုယ်ရှင်းတာ အကောင်းဆုံးပဲ သူများလုပ်ပေးတိုင်းအကျင့်ပါသွားရင် ဘယ်ကောင်းမတုန်း ။

9. ဒါကတော့ အခြေနေနဲ့ အချိန်အခါပါပဲ များသောအားဖြင့်တော့ အိမ်သာအဖုံးကို လှန်ပြီးမှ စွန့်ပါတယ် accident မခြေနေဆိုရင်တော့ အင်းး သဘောပေါက် ကိုယ်ရေးကိုယ်တာတွေသိပ်မေးရကျတယ် ကောင်ရေ့ ။

အပြာရောင် စာသားတွေကိုတော့ ဘာမှမပြောလိုပါ ဒါမျိုးတွေက ပြောလို့ကောင်းဘူးလေ ပဲလှော်ကြား ဆားညှပ်ဖြစ်နေအုံးမယ် “““ကျွန်တော့်မေးလ်ဆီကို အီးမေးလ်ပို့လိုက်ပါ။ ”””” ပြောတာပဲ တခါမှ ပြန်စာမလာပဲနဲ့ ပုံပြောကောင်းတဲ့ ကိုကို ဘေတုတ်တန်းက ၀ယ်လာတဲ့ ဘောင်းဘီလျှော်ပြီး၂လား။


p>S မေးခွန်းများအားလုံးကို စာရေးသူလည်းဖြေကြားပေးစေလိုပါတယ် ။

မေပယ်လ် said...

အပေါ်က ကိုကိုမမတွေ ဖြေသွားတာနဲ့တင် ပြည့်စုံနေပြီ
ဝသန်ရေ..
နောက်ဆုံးတစ်ခုပဲ ဖြေခဲ့မယ်နော်
ရေအိမ်ဖုံးကိုပဲဖွင့်ပြီး ဖွင့်မှာပေါ့:P
(ကိုယ်က ယောကျားလေးကိုး)

မောင်မျိုး said...

1. ရေနဲ့ အသုံးပြုထားတဲ့ အိမ်သာပဲ သုံးမှာပါ တစ်ခုခု ညစ်တယ်လို့ထင်တိုင်း ရေပဲသုံးချင်တဲ့စိတ်ဖြစ်လို့ပါ။

2. ကားဝယ်စီးနိုင်လောက်အောင်တော့ ဖြစ်တော့မှာမဟုတ်တော့ ဆိုင်ကယ်လောက်ဆိုတော်ပါပြီး
တခါခါတော့ အညောင်းလည်းပြေ ကျန်းမာရေးအတွက်လည်း အထောက်ကူရတဲ့ စက်ဘီးလေးကိုတော့ လိုရမယ်ရဆောင်ထားလိုက်မယ်။

3. ၀သလောက်ပဲစားမှာပါ အစာအိမ်မဆန့်တာကို ထပ်စားနေလို့မဖြစ် အဆင်ပြေတဲ့အခါ
စိတ်ပေါ်က်တဲ့အခါကြုံရင်တော့ အိမ်က အကောင်းလေးတွေ ပြန်စားဖို့ထုတ်သွားမယ် ရှက်စရာလို့မမြင်ပါဘူး။

4. ကိုယ်ပိုင်စက်မရှိသေးပါ ကိုယ်ပိုင်စက်လို သုံးနေရတဲ့ အလုပ်ကစက်ကိုပဲ ရို၂သေ၂သုံးဖြစ်နေပါတယ်

5. ငွေကြေးလည်း သက်သာ အမောလည်း ပြေမယ့် ရေပဲသောက်ချင်ပါတယ်။

6. ကိုယ့်ထက် ပိုပြီး ကူညီနိုင်လောက်မယ်ထင်လို့ကိုယ့်သူငယ်ချင်းကိုပြောတယ်ဆိုတော့ ကိုယ်က ဘေးကနေ အကြံပေးရုံလောက်ပဲပေးမှာပါ စိတ်ထဲ ဘာမှထူးပြီးဖြစ်လာမှာမဟုတ်။

7 လျှပ်စစ် ဓာတ်အားက ချွေတာ တာကောင်းပါတယ် သူများ လုပ်လုပ် မလုပ်လုပ် ကိုယ်လုပ်ဖို့အရေးကြီးတယ်
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရလည်းရောက်တာပေါ့ ( ကြီးကျယ်သလိုများဖြစ်နေလားမသိ )

8. ကိုယ့်တာဝန်ကိုယ်ယူ ကိုယ့်အမှိုက် ကိုယ်ရှင်းမှာပါ။

9 . မေးခွန်းကြီးကလည်းနော်း) ဒီလိုပါပဲ ကြုံသလိုပေါ့ များသောအားဖြင့်တော့ အင်းးးးး မင်းကော ဘယ်လိုရှင်းလဲ ???


P>S = မေးခွန်းများအားလုံးကို စာရေးသူကိုယ်တိုင်လည်း ဖြေကြားပေးစေလိုပါတယ် ကိုနေ၀သန်း)

ကိုအောင်(ပျူနိုင်ငံ) said...

မေးခွန်းတွေတော့ ဖတ်သွားတယ်ဗျာ ဖြေတော့
မဖြေနိုင်ဘူး ကျနော့်အတွက် ခက်နေလို့...း)

လသာည said...

အလေးထားမေးထားတာတဲ့ စစ်တမ်းဆိုတော့ သေသေချာချာ စဉ်းစားပြီး လာဖြေရမယ်။ အခုတော့ ဖတ်ရုံပဲဖတ်သွားတယ်။
နောက်ရက် အိုဆာကာမှာ ဆုံတော့ဖြေတာပေါ့း)))

မိုးခါး said...

ယွန်းအတိုင်းပဲ .. သဘောထားချင်းတိုက်ဆိုင်တယ် ..း)

khin oo may said...

၁. ရေ
၂. ကိုယ်ပိုင်ကား
၃. စားချင်သလောက်စားမည်။ ဘာမှ မတွေးပါ.
၎. မလိုလျင်ပိတ်ခဲ့မည်။
၅။ အအေး
၆. တိတ်တိတ်နေမည်
၇။ မလိုလျှင်မီးပိတ်ခဲ့မည်.
၈။ အလိုက်တစ်သိရှင်းရမည်.
၉။ အိမ်သာအဖုံးကိုလှန်ရမှာပေါ့။

ဧည့်သည် said...

၁ ။ ၂ မျိုးလုံး
၂ ။ ဆိုင်ကယ်
၃ ။ အကုန်စားတာပေါ့ ။ ( ခြွင်းချက် ။ ။ မကြိုက်ရင်တော့ မစားဘူး )
၎ ။ မသုံးရင် ပိတ်ထားမှာပေါ့
၅ ။ ရေ
၆ ။ မှန်နေရင်တော့ ပြောပါဘူး ။ မှားနေရင်တော့ ၀င်ထောက်ပေးမိမယ်ထင်တယ် ။
၇ ။ ပိတ်တာပေါ့
၈ ။ ရှင်းရမှာပေါ့
၉ ။ လှန်

noblemoe said...

(၁)ရေဖြင့်သုံးသော အိမ်သာ ၊ ထစ်ရှူးပါထားမည် ကိုယ့်ကိုယ်ကိုယ်လည်းခြောက်သွေ့အောင်လုပ်ဖို့ လိုသလို သုံးပြုပြီးသော အိမ်သာကိုလည်းခြောက်သွေ့ဖို့ လိုအပ်သည်။

(၂)ရထား ( ကားသာရှိခဲ့ရင် ကားနဲ့သွားမိမှာပဲ )

(၃)ကိုယ်နိုင်သလောက်ပဲ စားနိုင်မှာပါ။ အရမ်းများတဲ့ပွဲတွေဆိုပိုသလို အကုန်ကုန်တာလည်းရှိခဲ့ပါတယ်။

(၄) အသုံးပြုပြီးလျှင် ပိတ်ထားတတ်ပါတယ်။

(၅) ရေ

(၆) မသိလိုက်မသိဘာသာနေဖြစ်မည်။

(၇) ပိတ် ( အိမ်မှာ ဘယ်သူမှမရှိလျှင် သရဲကြောက်လို့ တစ်အိမ်လုံးဖွင့်နေဖူးသည်)။ လျှပ်စစ်မီးဖြစ်ဖြစ် ဖယောင်းတိုင်မီးဖြစ်ဖြစ် မလိုရင် ပိတ်လိုက်တာ အန္တရာယ်ကင်းစေပါတယ်။

(၈)ရှင်းသွားမှာပါ။ ဒါဟာအခြေခံလူ့ ကျင့်ဝတ်ပါပဲ။

ခိုင်နုငယ် said...

နေ၀သန်ရေ...စာမေးပွဲနဲ့တည့်တည့်တိုးနေပါရောလား။
အင်းခွန်းမေးသူမှာ အဖြေရှိဖို့တော့ လိုအပ်လိမ့်မယ်လို့ထင်တယ်။
လူတိုင်းကိုယ်ပိုင် ခံယူချက်တွေရှိတယ်ဆိုပေမယ့်
မေးခွန်းမေးသူရဲ့ အဖြေနဲ့တိုက်ကြည့်တော့ ပိုကောင်းသွားတာပေါ့။ ဟုတ်ဖူးလား။ ဆရာနဲ့ကျောင်းသားလို ပေါ့ကွယ်။ ဒါကြောင့် နေ၀သန်ရဲ့ အဖြေကိုလည်း မျှတအောင် ဒီမှာပဲဖြေပေးစေချင်တယ်။

၁)ရေ
၂)ကိုယ်ပိုင်ကား
၃)ကိုယ်စားနိုင်သလောက်သာ ချင့်ချိန်ဝယ်စားဖြစ်ပါလိမ့်မည်။
၎)ကိုယ့်အလုပ်ကိစ္စပြီးစီးအောင်လုပ်ပြီး ပိတ်ထားတတ်ပါသည်။
၅)ရေ
၆)လိုအပ်ရင် ၀င်ပြောဖြစ်ပါလိမ့်မည်။
၇)ပိတ်
၉)ကိုယ့်တာဝန်ကို တာဝန်ယူတတ်ပါသည်။
၁၀)ဒါကတော့ ယောကျာ်းလေးလို့ပဲမေးထားတော့ ဖြေမသွားတော့ဘူး။


ခင်မင်စွာဖြင့်
ခိုင်နုငယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

အင်း နေ၀သန်က တစ်ခုခု ရည်ရွယ်ပြီးမေးပုံရတယ်
အဲဒီခါကျမှ ပြန်လာပြီးဖတ်တော့မယ်..
သူများဖြေထားတဲ့အဖြေတွေက စိတ်ဝင်စားစရာဘဲ.
ကိုယ်တိုင်ဖြေဖို့တော့ နည်းနည်းခက်တယ်..

မြစ်ကျိုးအင်း said...

ဖတ်ပြီး ပေါ့ပေါ့ပါးပါးလေး ပြုံးသွားပါတယ်။

blackcoffee said...

ဘယ်လို ဖြေရမလဲ ဆိုတာ သေသေချာချာ ပြန်စဉ်းစား လိုက်ဦးမယ်။ နောက်မှ ပြန်ဖြေတာပေါ့.........

မြသွေးနီ said...

မေးခွန်းတွေနဲ့ ကွန်မန့်တွေ အပြန်ပြန် အလှန်လှန် အကုန်လည်း ဖတ်ပီးရော ဖြေစရာကို မလိုတော့ဘူးဖြစ်သွားရော..။ စိတ်ဝင်စားစရာလေး။

ကိုကိုမောင်(ပန်းရနံ့) said...

မောင်နေ၀သန်တစ်ယောက် စစ်တမ်းတွေ ကောက်နေပါပကော။ ဧကန္တတော့ စာတမ်းပြုစုဖို့ထင်တယ်။

၁။ရေ
၂။ရထား
၃။စားနိုင်သလောက်သာ စားမည်။
၎။ဖွင့်မထားခဲ့ပါ။
၅။ရေ
၆။မသိသလိုနေမည်။
၇။မီးခလုပ်ပိတ်ထားခဲ့မည်။
၈။ကိုယ်တိုင်ရှင်းသွားမည်။
၉။အဖုံးကိုလှန်ပြီးစွန့်မည်။

စိတ်ထဲရှိတဲ့အတိုင်း အမှန်တရားကို ရေးသွားသည်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)