ကျွန်တော်နှင့်အိမ်နီးနားချင်းများ ဆိုတာရဲ့ အဆက်လို့ပြောရမလား။ နည်းနည်းတော့ ပြောင်းပြန်ဆန်သွားမယ် ထင်ပါတယ်။ ဒီတစ်ခါ သောင်းကျန်းသူကတော့ ကျွန်တော်ကိုယ်တိုင်ပါ.. ဟဲ.. ဟဲ။
အရင်တစ်ပုဒ်မှာ ရေးခဲ့သလိုပဲ ဇာတ်လမ်းဇာတ်ကွက်တွေကတော့ နေထိုင်လာတဲ့သက်တမ်း ကြာမြင့်ခဲ့သည့်တိုင် မပြောင်းလဲပါဘူး။ စပီကာတပ်ပြီး ချတ်တင်ထိုင်နေတဲ့ တရုတ်ကြီးရဲ့ အသံကလည်း ထုံးစံအတိုင်း လွှင့်ပျံ့လို့ပေါ့။ အခုနောက်ပိုင်းမှာတော့ ကျွန်တော်ပဲ အိမ်ပြန်နောက်ကျလို့လားမသိ.. ကုလားတို့ရဲ့ ဟင်းချက်တဲ့ အနံ့ပေါင်းစုံကိုလည်း မရတာကြာပြီ။ စိတ်ချမ်းသာတယ်ပေါ့ဗျာ။
အဲဒီလိုနဲ့ စိတ်လက်အေးချမ်းတဲ့ ညလေးတစ်ညပေါ့။ မျက်နှာသစ်သွားတိုက်မယ် ဆိုပြီးတော့ မျက်နှာသစ်ခန်းထဲကို ၀င်ခဲ့ပါတယ်။ ကျွန်တော်နဲ့ တစ်တန်းတည်းတက်နေတဲ့ကောင်ကို တွေ့တော့ နှုတ်ဆက်မယ်အပြင် မြင်လိုက်ရတဲ့ မြင်ကွင်းကတော့ အံ့မခန်းပဲ။ မျက်နှာသစ်တဲ့ ဘေဇင်မှာ ခြေထောက်ကို စိမ်ပြီး ခြေဆေးနေတာဗျာ။ စာရှုသူတို့ မျက်လုံးထဲ မြင်ကြည့်လိုက်ပါ။ ခြေထောက်တစ်ချောင်းကို အဲဒီအထဲဝင်ဖို့ အရင်ဆုံးမရမယ်။ ပြီးရင် ကားယားကားယားနဲ့ ထည့်ဆေးရမယ်။ ဘယ်လောက် ကသီနိုင်လိုက်မလဲ။ နောက်တစ်ချက်က သူများတွေ မျက်နှာသစ်တဲ့နေရာမှာ ဒါမလုပ်သင့်ဘူး။ နောက်တစ်ချက်က ရေချိုးခန်းမှာ ဆေးလို့ရရဲ့သားနဲ့ သွားကို မဆေးဘူး။ အံ့ပါ့နော်...။
နောက်တစ်ချက်ကလည်း အင်မတန် အံ့သြစရာပါ။ မျက်နှာသစ်သွားတိုက်ဖို့ အခန်းသပ်သပ်၊ တစ်ထပ်ကို ဘေဇင် ၅ လုံးတိတိလုပ်ထားပေးတာတောင် မီးဖိုခန်းထဲက ဟင်းချက်တဲ့ ဘေဇင်မှာ သွားတိုက်မျက်နှာသစ် လာလုပ်ကြတယ်ဗျာ။ တဖက်က ဟင်းချက်ပေါ့။ သူတို့က သွားတိုက်.. ပါးစပ်ထဲက အာပုပ် အပုပ်အားလုံးကို ပန်းကန်ဆေးတဲ့ ဘေဇင်ထဲ ထွေးချပေါ့။ ဘာကြောင့်ဒီလိုလုပ်တာလဲဆိုတာကို နည်းနည်းမှ ကျွန်တော်စဉ်းစားလို့မရဘူးဗျာ။ ဆိုင်ရာဆိုင်ရာနေရာမှာ ဘာလို့ မလုပ်ကြသလဲဆိုတာကိုပေါ့။
ဒီနောက်ပိုင်း ကျွန်တော်ဂျပန်ကောင်လေး ရေချိုးဖို့အတွက် ရေချိုးခန်းကြမ်းပြင်ကို သုတေသန အရင်ဆင်းရတယ်။ သေချာမကြည့်ပဲ ၀င်သွားရင် ဒုက္ခရောက်လိမ့်မယ်ဗျာ။ ဘာလဲဆိုတော့ အဆီတွေ။ ရေချိုးခန်းကြမ်းခင်းမှာ ဆီတွေ ၀ဲပြီး ဝေ့နေတာဗျာ။ ဘာဆီမှန်းလည်းမသိ။ ကျွန်တော်ခံရတာ ၅ ခါမနည်းပဲ။ ဘယ့်နှယ်ကြောင့် ဆီတွေ ရောက်လာသလဲဆိုတာ စဉ်းစားလို့မရဘူး။ အဲဒါနဲ့ပဲ ရေချိုးခါနီးတိုင်း ဒါကို စစ်ဆေးရတာ အကျင့်ကို ပါလို့...။
ကဲ.. ကဲ.. သူများမကောင်းကြောင်းပြောပြီးတော့ ကိုယ့်မကောင်းကြောင်းပြောတော့မယ်...။ အခုတလော ဂျပန်ကောင်လေး အဆိုတော်ရူးရူးနေပါတယ်။ မ၀ါဆီက သီချင်းဆိုတဲ့ ဆိုဒ်လေးကို သိပြီးတဲ့နောက်ပိုင်း ဟဲလိုက်တဲ့ သီချင်းတွေ။ ဖြစ်ချင်တော့ ကျွန်တော်တို့အဆောင်မှာက အသံနည်းနည်းကျယ်ရင်ကိုပဲ တဖက်က ကြားရတယ်မလား။ သူငယ်ချင်းကလည်းပြောပါတယ်။ မင်းတစ်ခါဆိုရင် ဘေး ၂ခန်းကျော်ကကို ကြားနေရတယ်တဲ့။ ဒီလိုနဲ့ ဂျပန်ကောင်လေး သီချင်းတစ်ခါဆိုမယ်ဆိုရင် ဒီအချက်တွေကို ရှောင်ရှားပြီးဆိုနေရပါကြောင်း...
၁) မနက် ၁၂ အထိ မဆိုပါ... အိပ်ရာမထသေးသောသူများ ရှိနေသောကြောင့်..
၂) ည ၈ နာရီကျော်ရင် မဆိုပါ... ညဘက်ဆိုတော့ သူများအတွက် မကောင်းပါ...
၃) ဘေးပတ်ဝန်းကျင် တအားဆူနေသောအခါ မဆိုပါ.. အသံသွင်းတာ မကြည်လို့ပါ...
၎) ဒီလိုနဲ့ ၂၄ နာရီမှာ ကျွန်တော်ဆိုလို့ရသော အချိန် နာရီဝက်လောက်ပဲကျန်တော့တယ်... ကျောင်းလည်းသွားရတာကိုး....
အဲဒါ အဲဒီလို အလိုက်တသိနဲ့ နေပြီးဆိုပေးတာကို ဘေးကတရုတ်ကြီးက ကျွန်တော့်ရှေ့မှာကိုပဲ တရုတ်လို ဘာညာသာရကာ အတင်းနပ်တော့.. ကျွန်တော်ကလည်း သူပြောသော တရုတ်စကားများကို နားလည်သောကြောင့် စိတ်ဆိုးမာန်ဆိုးဖြင့် အောက်ပါသီချင်းအား သူအိပ်လို့ကောင်းနေသော မနက် ၈ နာရီလောက်တွင် အာဗြဲလျှာဗြဲဖြင့် သီဆိုလိုက်ပါကြောင်း... စိတ်ပုပ်စိတ်ယုတ်ဖြင့် မောင်းခတ်လိုက်ပါတယ်... အားလုံး အောင်ပွဲခံသည့်အထိန်းအမှတ်ဖြင့် Cheers...


14 ယောက်က မှတ်ချက်ပြုသွားသည်။:
သီချင်း ဖွင့်လို့ မရဘူးးးးးးးးးးးးးးး
အာဗြဲ လျှာဗြဲ ရေ ....!
အေးးး
ဖွင့်လို့ ရပြီ ...
အာဗြဲ လျှာဗြဲ ...!
ဒါဆို အာဗြဲ လျှာဗြဲ တို့ တစ်ဆောင်လုံး
ညစ်ညစ် ပတ်ပတ် တွေပေါ့ ...! အွန့် ..
အဲ့ဒါ အားလုံး တိုင်ပင်ပြီး
စာကပ် ထားလေ ..>>>
သီချင်းကတော့ နားထောင်လို့မရပါ ဘေစင်ထဲကို ခြေထောက်ထည့်ဆေး..ရင် ပြုတ်ကျမှ အကျနာမယ်...
ဟဟဟ ဖြစ်တတ်တယ်.. တရုတ်တော့မှတ်သွားပြီးပေါ့ :)
သီချင်းနားထောင်ရတာ အရမ်းကောင်းတယ် ဂျပန်ရေ..
သီချင်းလာနားထောင်သွားပါတယ်..
ညီဂျပန်လေးရေ...
ကောင်းပါ့ဗျား...။
သီချင်းလေးရော ဆိုတဲ့အသံလေးရော ခံစားမိတယ်...။
အဆိုတော်လုပ်လို့ရပြီဒါဆိုရင်...။
ဆက်ဆိုဦးနော်ဟ....း))
ခင်မင်တဲ့
ဏီလင်းညို
Ha.haaa .Cheer. You can fight with those chinese guys. Keep on doing. Just kidding. Hey this song is really. This is second one i like it.
မမ နားထောင်လို့ မရဘူး..လိုင်းမကောင်းလို့ ထင်တယ်..ကြိုးစား နားထောင်လိုက်ဦးမယ်...ကိုယ့်မောင် ရုပ်ချော အသံကောင်း အကျင့်ပုတ်လေး ဆိုသံကို....း)
Cheers!!!!!!! မောင်လေးလိုပဲ အာဗြဲလျှာဗြဲနဲ့ အားပေးပြီး အော်သွားတယ်နော်။း)
ကိုယ့်မောင်လေးက နိုင်သွားတာကိုးးး
ကဲ........ မှတ်ပီလား တရုတ်ကြီး...း)))
တခါတလေလည်း သည်းမခံနိုင်တော့ ပြန်လုပ်မိတာပဲနော်။
အသံလေးလည်း ကောင်းတယ် မောင်လေးရေ..။
ခင်မင်လေးစားလျှက်
ဟားဟား
နင်ကတော့ လုပ်တော့မယ်
နိုင်ငံကြီးသားမကလို့ ဘယ်နေရာက လာလာ တချို့ အကျင့်မကောင်း စိတ်ပုတ် မိုက်ရိုင်းတဲ့လူက နေရာတိုင်း ရှိနေတာပဲနော်
စိတ်ပျက်စရာ
ရေချိုးခန်း ၀င်ရင် သတိထားပေါ့
ဆီတွေနဲ့ စကိတ်စီးနေရဦးမယ်
:D
သီချင်းကတော့ အိမ်ကျမှ နားထောင်မယ်
း)
သီချင်လေးနားထောင်သွားပါတယ်
ကောင်လေးရဲ့ အသံ မဆိုးဘုးပဲ
ကြေးအိုး ဝယ်တိုက်ရမယ်နော်
ပိုးဟပ်လေး
ကောင်းတယ် အရမ်းပဲ. ၅ ရက်နေ့ပြန်မယ်ဆိုတော့. ပျော်နေလားကွ.
ပန်ပန် အသံတယ်ကောင်းပါလားဟ...
အဆိုတော်လုပ်ပါလား ... အဟဲ တကယ်ပြောတာနော်
နောက်တာ မဟုတ်ဘူး ....း)
နေယံရေ.... သီချင်းက ဘာသီချင်းများဖြစ်မလဲလို့ နားထောင်ကြည့်ချင်တာ.... ဖွင့်လို့လဲမရဘူး.... အရင်တုန်းက အမှတ်တရအနေနဲ့ နားထောင်ချင်လို့ပါ.... ဘာလို့ဖွင့်လို့မရတာလဲ မသိဘူးနော်... :S
Post a Comment