နိယာမ သင်ခန်းစာ


ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အရမ်းကို ချစ်ကြသည်။ 

........................................

ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ကြေကွဲစွာ လမ်းခွဲနှုတ်ဆက်နေကြသည်။ 

......................................

ကောင်လေးတစ်ယောက်.. ကဗျာအိုတွေကြားမှာ နစ်မွန်းနေပြီ.... ။ ကောင်မလေးပေးခဲ့သော အလွမ်းများနဲ့....။

......................................

ကောင်မလေးတစ်ယောက် အိပ်ရာထက်မှာ ငိုကြွေးနေသည်...။  သူ့ကို စွန့်ပစ်ခဲ့သော ကောင်လေးရဲ့ အချစ်တွေကို တမ်းတရင်းနဲ့ပေါ့.....။

......................................

ကောင်လေး လက်ထပ်ခဲ့ပြီ...။  ကောင်မလေးမဟုတ်တဲ့ တခြားသူနဲ့ပေါ့....။ 

.....................................

ကောင်မလေး လက်ထပ်ပြီ။ ကောင်လေးမဟုတ်တဲ့ တခြားသူနဲ့ပေါ့...။

....................................

ကောင်လေးက သူ့ဇနီးကိုပြောတယ်... “မင်းဟာ ငါ့ရဲ့ အချစ်ဆုံးသူပဲတဲ့”။ သားသားမီးမီးတွေကို နမ်းလို့ပေါ့...။ 

.................................

ကောင်မလေး... ရင်ခွင်ထဲက ကလေးငယ်ကို နမ်းရှုံ့ရင်းနဲ့ ခင်ပွန်းကိုပြောတယ်.... “ကို့ကို ချစ်တယ်”တဲ့။

................................

ကောင်လေး... အဖိုးကြီးဖြစ်လာတဲ့ တစ်နေ့... ဇနီးနဲ့ အတူမအိပ်တော့ဘူး..။ မြေးတွေနဲ့ ဆော့တယ်..။ ပြောပါတယ်... “မြေးလေးတွေဟာ အဖိုးရဲ့ အချစ်ဆုံးပဲ”တဲ့...။ 

..............................

ကောင်မလေး.... အဖွားကြီးဖြစ်လာတော့ ခင်ပွန်းကို မပြုစုတော့ပဲ မြေးတွေနဲ့ပဲ ဆော့နေတော့တယ်...။ ပါးစပ်က တဖွဖွပြောတာက “တော့ကို ယူခဲ့တာ ကျုပ်အမှားပဲ” တဲ့...။

.............................

ကောင်လေး... အသက်ကြီးလို့ မေ့တတ်လာတော့ မြေးရယ် သားရယ်.. ဇနီးရယ် မသိတော့ပဲ မေးလိုက် မေ့လိုက် ဖြစ်နေသတဲ့...။ 

............................

ကောင်မလေး... သူငယ်ပြန်ပြီး ဘာကိုမှ မသိတော့ဘူးတဲ့လေ....။

...........................

အဲဒီနေ့က အသုဘနှစ်ခုချတယ်လေ...။ အချစ်ကို မခံစားတတ်တော့တဲ့ ရုပ်အလောင်းပိုင်ရှင် ကောင်လေးနဲ့ ကောင်မလေးတို့ကိုပေါ့။ 

..........................

လေဟာနယ်ထဲက ဘောလုံးနှစ်လုံး တိုက်မိပြီး လွှင့်သွားသလိုပဲပေါ့။ အခုလည်း တခြားဘောလုံးတွေကို တိုက်ပြီး လွှင့်သွားပြန်ပြီ။ သြော်... ဘောလုံးတွေ အများကြီးမျောနေပါလား....။ ဒီဘောလုံးနှစ်လုံးလည်း ပြန်တိုက်လာနိုင်တာပဲလေ....။ 

ဘ၀သံသရာဆိုတာ လေဟာနယ်ထဲက ဘောလုံးတွေပါပဲ။ အခုဆက်ဆံပေါင်းသင်းနေရသောသူများ၊ ချစ်သူ ရည်းစား မိသားစုများ.. ဒီဘ၀မှာ တိုက်မိတာပါ။ မကြာခင်ပဲ အဝေးကို လွင့်သွားမှာကို ကြိုပြင်ရမှာပေါ့။ နောင်ကျတော့ကော ဘယ်သူတွေနဲ့ တိုက်ဦးမှာလဲ... ။ ဒီလိုပဲ တိုက်နေမှာလား....။

11 ယောက်က မှတ်ချက်ပြုသွားသည်။:

ဆောင်းနှင်းရွက် said...

ဒါပေါ့ ... ဒါပေါ့ ...
တရားးး ရသင့်တယ် .. :P

ရေစက်ကုန်တော့လည်း
ခွဲခွာကြရတာပဲ ... ။

ညရဲ့ကောင်းကင် said...

ပန်ပန်ရယ်..

နာ့ကိုတရားချထားတာလားဟင်...
နင်ပြောတာလည်း ဟုတ်တာပဲနော်...

သံသရာဆိုတာ ဒီလိုပဲပေါ့ ...
အဟဲ ဒါပေမယ့် အဲဒါက နဲနဲလိုသေးတယ်...
ထပ်လွမ်းလိုက်အုန်းမယ်...း)

~ဏီလင်းညို~ said...

ညီဂျပန်လေးရေ....
ရေးတတ်လိုက်တာဗျာ....။
အစ်ကိုတော့ မျက်စိထဲမှာ တန်းခနဲမြင်လိုက်မိတာပဲ....။
မတည်မြဲတဲ့ အရာတချို့ကို ဖမ်းဆုပ်ချင်မိနေဆဲ ကိုယ်တိုင်ရေး ပုံရိပ်တချို့ကိုပေါ့ဗျာ....။
(ဒီအိမ်ကနေပြန်ရင် ကိုတူးကို ဒုတ်နဲ့ သွားရိုက်ရဦးမည်....း))
ခင်မင်တဲ့
ဏီလင်းညို

လသာည said...

တိုက်တိုက်ဆိုင်ဆိုင်.. အစ်မရဲ့ အဖိုးနဲ့ အဖွားကို သတိရသွားတယ်..။ သူတို့ နှစ်ယောက်က တအားချစ်ကြတာ မြေးတွေတောင် နောက်ပြောင်ရတဲ့အထိ။ ဒါပေမဲ့ သူတို့မှာ ရည်းစားဦး ကိုယ်စီ ရှိခဲ့သတဲ့..။ နောက် အဖိုးက အသက်၇၀ မှာဆုံးသွားတယ်။ သူဆုံးတော့ အဖွားက “ကျူပ်လည်း လိုက်မယ်”တဲ့။ တကယ်ပဲ နောက် သုံးရက်ရှိတော့ ဆုံးသွားကြတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်ကဆိုတော့ အခု သူတို့ ဘယ်ဘ၀မှာ ဘယ်သူနဲ့များ ဆုံနေမလဲ မသိဘူးနော်..
အင်း ရေစက် .. ရေစက်.. ဘောလုံး.. ဘောလုံး.. ?

ဗညားရှိန် said...

ငပန်မ ငါတရားနာသွားတယ် ငါ့ကိုပြောတာလားကွာ မင်းကတော့ တဲ့ကို နှက်တော့တာပါပဲ ငါလဲ ဘောလုံးတစ်လုံးပါပဲ

flowerpoem said...

မှန်တယ် တွေ့တုန်းတော့ တိုက်နေတာပဲ ပြီးရင် ပြန်ကန်ထွက်ကြတယ်နော် သဘာဝကျပါတယ်..

ဒဏ္ဍာရီ said...

မောင်လေးရေ........ တကယ်တော်ပါတယ်။ ဒီစာသားလေးတွေက ဘ၀ရဲ့ သံသရာထဲက လူသားတိုင်း အတွက်ပေါ့။
အပ်ပေါက်လေးပေမယ့် ဘူပေါင်းလေး အတွက်တော့ ကမ္ဘာပျက်တာပဲလေ...။

ခင်မင်လေးစားလျှက်

noblemoe said...

မတိုက်မိရင်တော့ လွင့် စရာမလိုတော့ ဖူးပေါ့ နော်
သာသာလေးပဲ ထိပြီးရပ်သွားတဲ့ ဘောလုံးလေးပဲ
ဖြစ်ချင်တယ်။အော် အရာရာကမတည်မြဲဖူးဆိုတာလည်း
သိသိကြီးနဲ့ 
သာယာချမ်မြေ့ပါစေနော်
မိုး

လလေးငယ် said...

ကြိုက်တယ်ဗျာ ဒီစာလေး မမြဲတဲ့ သဘောကို သိပေမဲ့လည်း လွမ်းနေကြဆဲပါပဲ.. ကံကုန်ရင်ခွဲရမယ်ဆိုတာ သိပေမဲ့လည်း သိသိနဲ့ မိုက်နေကြတာကလဲ လူတွေပဲနော်..

လလေးငယ် said...

ကြိုက်တယ်ဗျာ ဒီစာလေး မမြဲတဲ့ သဘောကို သိပေမဲ့လည်း လွမ်းနေကြဆဲပါပဲ.. ကံကုန်ရင်ခွဲရမယ်ဆိုတာ သိပေမဲ့လည်း သိသိနဲ့ မိုက်နေကြတာကလဲ လူတွေပဲနော်..

kaungkinpyar said...

ဘောလုံးလေး တလုံး စာလာဖတ်သွားတယ်...ဘဝသံသရာ ရဲ့ တနေရာ မှ....