ဂစ်တာတီးပြီးလည်း
မလွမ်းတတ်ဘူး....
လမင်းကြီးကို ကြည့်ပြီးတော့လည်း..
လွမ်းခွင့်မရှိဘူး..
ဒိုင်ယာရီမှာ ချရေးပြီးလည်း.
မလွမ်းတတ်ဘူး...
နူးညံ့တဲ့.. ကဗျာတစ်ပုဒ်နဲ့လည်း..
ငါ့အလွမ်းကို ငါမဖွဲ့တတ်ဘူး..
ချတ်လစ်ထဲက
မည်းနေတဲ့ အချက်ပြမီးလေး..
ဘယ်အချိန် စိမ်းလာမလဲဆိုတာ
မျှော်လင့်နေရင်းနဲ့ပဲ..
ငါလွမ်းနေခဲ့တယ်...
လွမ်းနေရတယ်...
လွမ်းနေရဦးမယ်......


10 ယောက်က မှတ်ချက်ပြုသွားသည်။:
ညီလေးဂျပန်ရေ...
မလွမ်းတတ်လို့ပဲဗျာ...ခင်ဗျားလေးက...း)
ကဗျာလေးဖတ်ရင်း... အစ်ကိုတောင်လွမ်းမိသွားသလိုလို....
(ဒါနဲ့ နေပါဦးညီလေးရဲ့ အစ်ကို့ဆီမှာလာလာမန့်တိုင်း ဘာဖြစ်လို့ မနောမနပ်စ်တွေ..ဖစ်နေရဒါဒုန်းဟ....း))
ခင်မင်တဲ့
ဏီလင်းညို
တိုက်ဆိုင်လိုက်တာကွာ...
ဒီလိုနဲ့ပဲ အလွမ်းတွေက ရှည်ကြာနေအုန်းမှာပေါ့လေ..
ခင်မင်စွာဖြင့်
ညရဲ့ကောင်းကင်
;)
လွမ်းပါ .. လွမ်းပါ ..း))
လွမ်းနေခဲ့ရတယ် ဆိုတာ အတိတ်ရဲ့ သဘော
လွမ်းနေရတယ် ဆိုတာ ပစ္စုပ္ပန်
လွမ်းနေရအုံးမယ် ဆိုတာ အနာဂတ်
အင်းးး မဆိုးပါဘူးးး
ဒီကမ္ဘာ ကို ဖတ်လိုက်ရတာ
တရား သဘော တွေ တွေ့လိုက်ရတယ် ...
ခွိခွိ ...
ခေါက်ဆွဲပြုတ် ..!
ငါ့ကို လည်း လွမ်းဖို့
တစ်ယောက်လောက်
ရှာပေးပါ .. :P
အလွမ်းများဝေးပါစေသား.......း)
ငပန် ကဗျာတစ်ပုဒ်နဲ့ မလွမ်းတတ်လို့ပဲ ကဗျာ တစ်ပုဒ်နဲ့ လွမ်းတတ်လို့က ကြွေလောက်ပါပေတယ် ငပန်ရယ်
လွမ်းကြပါ လွမ်းကြပါ...
အေကန်န ပုန်းနေတာ ဖြစ်မှာပေါ့..:P
ခင်မင်တဲ့
အလွမ်းတွေနဲ့ချည်းတိုးနေတယ်။ လွမ်းစရာရှိသူများလွမ်းကြပါ။
ဟူးးး အိမ်လိပ်စာပြောင်းတာလည်း လာမပြောပါလား။
ဝင်မရလို့ ခုမှရှာပုံတော်ဖွင့်လာရတာ။ စီဗုံးလည်းမတွေ့ဘူး နော်။ အမတွေကို အဲသလိုမလုပ်နဲ့လေး))
အချစ်ဆိုတာ အလွမ်းရဲ့ ရာခိုင်နှုန်းတော့ နည်းနည်းပါသေးတယ်ထင်တယ်ဗျး)
ခနနေရင်စိမ်းတော့မှာပါ..
အားတင်းထား..ငါ့မောင်လေးရေ...
Post a Comment