သားသားကြီးရင် ဘာလုပ်မလဲ.. ဖေဖေမေးရင်ကွယ်..
ကမ္ဘာတစ်ခွင် လျှောက်လို့လည်.. လေယာဉ်ပျံကြီးမောင်းပါ့မယ်..”
ရည်မှန်းချက်တစ်ခု ချတတ်ခဲ့အောင် အဖေရိုက်သွင်းပေးခဲ့ပါသည်။ တကယ်လည်း အနာဂတ်ကြီးကို မျှော်မှန်းကာ စိတ်ကူးတွေယဉ်ခဲ့သည်။ လေယာဉ်မှူးကြီး တကယ် ဖြစ်ချင်ခဲ့သည်။ သိတတ်စအရွယ်ရောက်တော့ လေယာဉ်ကျောင်းဆိုတာ မရှိဘူး ဆိုတာသိလာခဲ့တော့ ရူးသွပ်ခဲ့မှုတွေက ယိုင်နဲ့နဲ့။
အသက် ၁၃ နှစ်အရွယ်. ရှစ်တန်းကျောင်းသားဖြစ်လာတော့ မြို့ပြအင်ဂျင်နီယာတစ်ယောက် ဖြစ်ချင်ခဲ့သည်။ မမတို့သူငယ်ချင်းတွေ ပြောပြတဲ့ ကြို့ကုန်းက ကျောင်းအကြောင်း၊ ကျောင်းသားတွေအကြောင်း နားထောင်ရင်းနဲ့ပဲ အဲဒီကျောင်းကြီးမှာ တကယ်ပဲ တက်ချင်ခဲ့သည်။ တကယ်တမ်း ၁၀တန်း ဖြေပြီးချိန်မှာတော့ ထိုကျောင်းတော်ကြီး မရှိခဲ့တော့ပါ။ တကယ်ပဲပြိုပျက်ခဲ့ရပြီ။ ဒုတိယမြောက် အိပ်မက်တွေ လှဲပြိုခဲ့ပြန်သည်။
ဒီလိုနဲ့ စလုံးမှာ ကျောင်းတက်ချင်လွန်း၍ ပေါ်လီဝင်ခွင့်သင်တန်း တက်ခဲ့သည်။ နာမည်မကြီးလွန်း၊ မသေးလွန်းသည့် ထိုကျောင်းမှာ တကယ်ပဲ ပျော်ခဲ့ပါသည်။ နန်ယန်းကိုဝင်ဖို့ လျှောက်ထားရင်းနဲ့ တက်ချင်သည့်ဘာသာရပ်က အိုင်တီ။ တကယ်တမ်းကျွန်တော့်မှာ နိုင်ငံခြားထွက် ကျောင်းတက်ဖို့ ငွေအင်အား မလုံလောက်ခဲ့ပါ။ ဒါကိုပဲ သိသိရက်နဲ့ ဇွတ် တက်ခဲ့သည်။ ကံတရားကများ ကောင်းမလားဆိုတဲ့ အင်အား ယိုင်နဲ့နဲ့လေးကို လက်ကိုင်ထားပြီး တက်ခဲ့သည်။ ည ၂ နာရီတိတိမှာ ဖြေခဲ့ရသည့် စာမေးပွဲ၊ နောက်နေ့မနက်မှာ လက်ခံရရှိခဲ့သည့် ၀င်ခွင့်စာရွက်၊ တချိန်တည်းမှာပဲ “ကျောင်းသွားတက်ဖို့ မဖြစ်နိုင်ဘူးထင်တယ်၊” ဆိုသည့် အားအင်ချိနဲ့သည့် အိမ်က အသံ။ အားလုံးဟာ မျက်ရည်မိုးထဲမှာပဲ မျောပါသွားခဲ့ပြီ။
ဒီလိုပါပဲ..။ အဟင်း..။ ငယ်ငယ်တုန်းက သီချင်းထဲမှာ တခါမှမဆိုခဲ့ဖူးတဲ့ ကျောင်းမှာ တက်ခဲ့သည်။ ရည်မှန်းချက်ချဖို့ မပြောနဲ့ တခါမှတောင် မကြားဖူးခဲ့တဲ့ ဘွဲ့ကို ယူခဲ့ရပြီ။ တခါက ဆရာမကြီးတစ်ယောက်က ပြောသည်။ “ဘ၀ဆိုတာ ဖြစ်ချင်တိုင်းမဖြစ်ရသလို၊ မဖြစ်ချင်တာတွေလည်း ဖြစ်နေတတ်တယ်။ ရှေ့ရေးဆိုတာ ကြိုတွေးလို့မရဘူး” ဆိုတဲ့စကားကို မဲ့ပြုံးလေးနဲ့ ကျွန်တော်ဆန့်ကျင်ခဲ့သည်။ “တီချယ်.. ကျွန်တော်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်မယ်” လို့ ကျွန်တော်ပြောခဲ့သည်။ လွန်ခဲ့တဲ့ ၃ လလောက်ကတော့ “တီချယ်.. ဘ၀ဆိုတာ ဖြစ်ချင်တိုင်းလည်း တကယ်မဖြစ်ပါဘူးနော်..” လို့ ဆရာမကြီးရှေ့မှာ ကျွန်တော်ဝန်ခံ ခဲ့မိပြီ။
ကျွန်တော့်ဘ၀မှာ ဖြစ်ချင်ခဲ့တာတွေ မဖြစ်ခဲ့ပါ။ အိပ်မက်ပင် မမက်ဘူးပေမယ့် ဖြစ်နေခဲ့ပြီ။ ၂၃ နှစ်တာ ရှင်သန်ခဲ့သည့် ဘ၀မှာ ဒီလိုကြုံခဲ့ဖူးပြီဆိုတော့ နောင် ၅ နှစ်ဆိုတာ ပါမွှားလေးပါ။ အခုအချိန်မှာ ကျွန်တော် လက်ကိုင်ထားမိတာကတော့ “ငါရောက်နေတဲ့ နေရာမှာ ငါ့တာဝန်ကို ကျေအောင် လုပ်မယ်” ဆိုတာပါပဲ။ သေချာတာကတော့ နောင် ၅ နှစ်အထိ ကျွန်တော်ကျောင်းသား ဖြစ်နေဦးမှာပါ။ ထိုငါးနှစ်နောက်ပိုင်း အတွက်ဆိုရင်တော့ ကျွန်တော်ရတဲ့ဘွဲ့နဲ့ ၀န်ထမ်းတစ်ယောက်ဖြစ်နေမှာပါ။ မိခင်ကို လုပ်ကျွေးနေမယ့် သားတစ်ယောက် အနေနဲ့ ရှိနေမှာပါ။
အတွေ့အကြုံကောင်းဆိုတာ ဘ၀မှာ တကယ်ပဲ အထောက်အကူပြုပါသည်။ သူမှသာ သူ။ သူ့ကိုပဲ ချစ်သည် ဆိုပြီးတော့ အချစ်ဦးကြောင့် ကွဲခဲ့ရတဲ့ အသည်း။ ၀ဲခဲ့ရတဲ့ မျက်ရည်မိုးတွေ။ ခြောက်ခန်းခဲ့တဲ့ ည။ အမှောင်ရိပ်အောက်မှာ ကြေကွဲခဲ့ရတဲ့ ကျွန်တော်။ အခုအချိန်ထိ ပြန်တွေးလိုက်တိုင်း တဆစ်ဆစ်ပဲ။ တကယ်လို့ပေါ့ ကျွန်တော်အိမ်ထောင်ပြုခဲ့ရင် ကျွန်တော့်ဇနီးဟာ ကျွန်တော့်စိတ်ကို နားလည်သူပဲ ဖြစ်ချင်ပါသည်။ နားလည်မှုမရှိခဲ့ကြတဲ့ ချစ်သူတွေ ပဋိပက္ခဖြစ်လာရင် ဘယ်လောက်ခံစားရတယ်ဆိုတာ ကိုယ်ကိုယ်တိုင်ပဲ နားလည်သူမို့ ကျွန်တော်ကလည်း နားလည်သော၊ သူကလည်း ကျွန်တော့်ကို နားလည်သော ချစ်သူနဲ့ပဲ လက်ထပ်မှာပါ။
တွက်ချက်လို့မရတဲ့ လောကကြီးထဲမှာ မတွက်တတ် တွက်တတ်နဲ့တော့ မမ၀ါတဂ်ထားတဲ့ ဘလော့ခ်တစ်ပုဒ်ဖြစ်သွားခဲ့ပြီ။ တကယ်လို့ မနက်ဖြန်မှာ ကျွန်တော်ဒီလောကကြီးမှာ မရှိခဲ့ရင်တော့ ဒီစာတွေ အားလုံး ဘွာတေးဗျာ။
15 ယောက်က မှတ်ချက်ပြုသွားသည်။:
သူငယ်ချင်းရေ. ဘ၀မှာ ပုစ္ဆာတွေ ကများလွန်းပါတယ်။ ဖြေနိုင်တာ အပိုင်ဖြေပြီး မဖြေနိုင်တာတော့ အတတ်နိုင်ဆုံး ကြိုးစားဖြေခဲ့တဲ့ရလဒ်ကို ကျေနပ်ရမှာပေါ့ကွာ
ခင်မင်လျှက်
ညီညီ
မောင်လေးရေ.... ရောက်တဲ့နေရာမှာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် ကြိုးစားပါလို့ အားပေးလိုက်တယ်နော်။ ရလာတဲ့ ကောင်းကျိုးမှန်သမျှကိုလည်း ကျေနပ်စွာ နေနိုင်အောင် ကြိုးစားပါနော်။
စကားမစပ် ကားလေးနဲ့ ကစားချင်လို့လား.. ပို့ပေးလိုက်မယ်နော်....း)
ခင်မင်လေးစားလျှက်
ဘ၀ ဆိုတာ
ဘာမှ ရေရာ သေချာတာ
မဟုတ်လို့ အဝေးကြီး
ကြိုတင် တွေးတောလို့ မရပါဘူးးး ..
အိပ်မက် မက်ခွင့်ရှိပေမယ့်
ထို အိပ်မက်
တကယ် ဖြစ်လာမယ် ၊ မဖြစ်လာဘူး ဆိုတာ
ဘယ်သူမှလည်း မပြောနိုင်ပါဘူးးး ...
ဒါပေမယ့် ထိုအိပ်မက်တွေ
ဖြစ်လာအောင်တော့ ကြိုးစားရမယ် ..
အကောင်းဆုံးကတော့
လက်ရှိ ပစ္စပ္ပုန်မှာ
အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေရုံပါ ..>>>
မဖြစ်နိုင်ဘူးဆိုတာ သေခြာပြီလားတဲ့ ..
ယခုလက်ရှိလေးကိုဘဲ အပင်ပန်းခံပြီး ကောင်းအောင်လုပ်ထားရင် နောင်တစ်ချိန်ဆိုတာ အလိုလို ကောင်းလာနိုင်တယ်။ ဘယ်ကိစ္စမဆို စိတ်ဓာတ်က အရေးကြီးတယ်တဲ့ ။အားမငယ်နဲ့နော်။ အကောင်းဆုံးကြိုစားသူတွေ အတွက် အကောင်းတွေ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။
တော်လိုက်တာ ပန်ပန်ရာ.. နှစ်ပုဒ်လုံးရဲ့အဖြေကို ဝေ့လည်ကြောင်ပတ်မရှိပဲ သေခြာဖြေသွားတယ်...
ကိုယ့်ရဲ့လက်ရှိဘ၀ကို အတတ်နိုင်ဆုံးကောင်းအောင်ကြိုးစားနေပြီးတော့ ကိုယ့်စိတ်ကူးထဲက ကိုယ်ဖြစ်ချင်တဲ့ဘ၀လေးတွေကို တဖြေးဖြေးချင်းဖြစ်လာအောင် ကြိုးစားယူရမှာပေါ့ကွယ်.
ရောက်တဲ့နေရာမှာ အဆင်ပြေအောင်နေ..
ပြောချင်တာတွေရှိရင် အစ်မကို ဖုန်းဆက်ပြီးတိုင်ပင်
နိုင်ပါတယ်နော်..အစ်မကဖုန်းပိတ်ထားတာတော့များပါတယ်.ဖုန်းမက်စိပ်ပို့ထားရင် အစ်မပြန်ခေါ်ပါမယ်။ဂျပန်ရောက်စမှာ အပေါင်းအသင်းနည်း
ရင် စထရက်စ်ဝင်လာတတ်တယ်လေ..ပန်ပန်က သူငယ်
ချင်းတွေရှိတော့ ပျော်အောင်နေတတ်မှာပါ။
စိတ်ဓါတ်မကျနဲ့..
လက်ရှိဘ၀က သူများတွေထက် အများကြီးသာနေပါပြီ။
ကိုယ်ကဇွဲမလျှော့ပဲကြိုးစားဘို့ပဲ လိုတော့တာနော်..
လူတိုင်းအပေါ် စိတ်ကောင်းထားနိုင်အောင်ကြိုးစား.
အစ်မယုံကြည်ပါတယ်.. ပန်ပန်တစ်နေ့အောင်မြင်မှာပါ။
ဂမ္ဘတ္တယ္နဲ..
ဘ၀မှာ မျှော်လင့်ထားတာလေးတွေအားလုံး ပြီးပြည့်စုံနိုင်ပါစေ။
ခင်မင်လျှက်
အစ်မ၀ါ
ရေးပေးတာကျေးဇူး.
ဒါပေါ့ ..အစ်ကိုကတော့ စကားလေးတစ်ခွန်းပဲ ပြောချင်တယ်...
ရည်မှန်းချက်ဆိုတာ ရှိနေသရွေ့ သင့်တော်တဲ့ ပန်းတိုင်တခု တွေ့မှာပါ..အဲဒီပန်းတိုင်က ကိုယ်မျှော်လင့်ထားတာ ဖြစ်ချင်မှဖြစ်မယ်..ဒါပေမယ့် အောင်မြင်မှုဆိုတဲ့ ရလဒ်က အဲဒီပန်းတိုင်မှာ အသိအမှတ်ပြုခံရမှာပါ...
ညီလေးဂျပန်လေး...
အကွေ့များလွန်းလှတဲ့ ဘ၀လမ်းမှာ သင့်တော်တဲ့တက်နဲ့ လှော်ပါညီလေး...။
အချစ်ဆိုတာကတော့ မရှာပဲနဲ့တွေ့တာပိုကောင်းတယ်တဲ့...။
(အစ်ကိုပြောတာ..ဟုတ်ဘူးနော်... ဘုတ်အုတ်တွေထဲမှာပြောထားတာ...:D....)
ခင်မင်တဲ့
ဏီလင်းညို
ရောက်တဲ့နေရာမှာ ဘ၀ပုစ္ဆာ အတွက် အကောင်းဆုံး အဖြေရပြီး အောင်မြင်ပါစေ..
ပို့စ်လေးဖတ်ပြီး တကယ်ချီးကျူးမိတယ် မောင်ငယ်လေးရေ ကြိုးစားပါ ဘယ်တော့မှ စိတ်ကို မလျော့လိုက်ပါနဲ့နော်.
HAPPY NEW YEAR ဟေး ရောင်ကြီး.။
စီဘောက်စ် မတွေ့လို့ ဒီမှာလာအော်ရတယ်ကွ..။
ညီညီ
အကြီးအကျယ်အော်သွားပါသည်။
အမည်မဖော်လို သူ ဦးသီဟသစ်
ဗီလိန်
ဖိုးသင်္ကြန်
ငချမ်းကောင်
တလနွန်
ရေတမာ
တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
မျိုးထက်ဇော်
သံလွင်ဟီးရိုး
မိုးကုတ်သား
ရီနိုမာန်
ဆောင်းချမ်းမိုး
ဖိုးစိန်
(ဖဲဝိုင်းမှ ထအော်ကြသည်)
Happy new year playing card game!!!!!
အကြီးအကျယ်အော်သွားပါသည်။
အမည်မဖော်လို သူ ဦးသီဟသစ်
ဗီလိန်
ဖိုးသင်္ကြန်
ငချမ်းကောင်
တလနွန်
ရေတမာ
တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
မျိုးထက်ဇော်
သံလွင်ဟီးရိုး
မိုးကုတ်သား
ရီနိုမာန်
ဆောင်းချမ်းမိုး
ဖိုးစိန်
(ဖဲဝိုင်းမှ ထအော်ကြသည်)
Happy new year playing card game!!!!!
ညီလေးဂျပန်....
ပျော်ရွှင်စရာနှစ်သစ်မှာ အစစအဆင်ပြေပါစေလို့ အစ်ကိုလာဆုတောင်းပေးခဲ့တယ်ဗျာ....
ခင်မင်တဲ့
ဏီလင်းညို
တခါတလေ အဝေးကြီးကို လှမ်းမျှော်ကြည့်ရတာ ပင်ပန်းလွန်းလှပါတယ်။ ငါးနှစ်ဆိုတာလည်း ဝေးသလိုလိုပဲ။ ဒါကြောင့် လက်ရှိအချိန်ကိုပဲ တန်ဖိုးထားတာ ကောင်းပါတယ်လေ။
အချစ်ရေးရာမှာ ခါးသီးတဲ့ အတွေ့အကြုံ သင်ခန်းစာတွေက အနာဂတ်မှာ ချိုမြိန်တဲ့ အသီးအပွင့်တွေ ရဖို့ မြေသြဇာတစ်ခုလို့ပဲ မှတ်ယူထားလိုက်ပါ။
ကြိုးစားတဲ့ ရလာဘ်တွေ ခုခံစားနေရတယ် မဟုတ်လား
အောင်မြင်ပါစေ ..း))
Post a Comment