စက်ဟူသမျှ မုန်းသည်။ အသည်းနာသည်။ ဟင်း.. သေချင်းဆိုး...စက်..
ဒီလိုပါ။ လွန်ခဲ့တဲ့ စနေတနင်္ဂနွေပေါ့။ ခရီးဝေးလည်း မသွားဖြစ်သေးတာနဲ့ သူငယ်ချင်း တစ်ယောက်ဆီကို သွားလည်ခဲ့မိသည်။ တောသားပီပီ တောမှာပဲ ပျော်တော့ သွားလည်ခဲ့တာလည်း တောဆီကိုပါ။ အသွားတုန်းကတော့ သယ်ရင်းက လမ်းညွှန်တာနဲ့ အဆင်ပြေပြေပဲ ရောက်ခဲ့တယ်ပေါ့။ ဟိုရောက်တော့ မြန်မာတွေက အများကြီး..။ ကြက်သားကာလသားဟင်းချက်လေးစား.. ဘာစားပေါ့.. အဟေးဟေး.. အူကိုခွေ့လို့..။ တနင်္ဂနွေတနေ့လုံး ဟိုသွားဒီသွားပေါ့..။ ဘာမှ မရှိတဲ့တောပေမယ့် မုန်ညင်းခြံတို့၊ ဂေါ်ဖီခြံတို့၊ သစ်တော်ခြံတို့ကို မြင်တော့ ပျော်တာဗျာ..။
ဒါနဲ့ပဲ ညနေ ၅ နာရီထိုးတော့ အတော့်ကို မှောင်နေပြီ။ ရာသီဥတုကလည်း အေး.. နှင်းတွေကလည်း ကျ... အိုး.. ပျော်တာ...။ တကယ်ပျော်တာနော်..။ သားမွေးအင်္ကျီလေးဝတ်.. မာဖလာလေးပတ်.. နားကြပ်လေးတပ်ပြီးတော့.. နှင်းထဲ လမ်းလျှောက်ရတာ အိုး.. အရသာရှိလေစွ...။
ရထားလက်မှတ်ဝယ်မယ်လုပ်တော့ ပိုက်ဆံက ၃၀၀၀ နဲ့ အကြွေစေ့တွေက ၉၀၀ ကျော်လောက်ကျန်သေးသည်။ ရထားခက ၁၅၂၀ နှင့် ထိုင်ခုံကြေးက ၁၂၈၀ ပဲကျတာမို့ အေးဆေးလောက်ငှသည်။ သူငယ်ချင်းနေတဲ့ ဘူတာက မိန်းရထားလိုင်းကို ၂ မှတ်တိုင်စီးရသေးတာမို့ ၂၀၀ တန်လက်မှတ်ကို ၀ယ်ပြီး ထွက်ခါနီးမှ ပိုက်ဆံပြန်ထည့်လိုက်မယ်လို့ နှလုံးပြုကာ အပေါဆုံးရထားလက်မှတ်လေးနှင့် ဘူတာထဲ ၀င်ခဲ့သည်။
ဒါနဲ့ ၂ မှတ်တိုင်စီးပြီးတာနဲ့ ရထားပြောင်းစီးရတော့မည်။ ရိုးရိုးရထားစီးလျှင် ကျွန်တော့်ဆီကို ၂ နာရီခွဲလောက်ကြာမည်။ အထူးအမြန်စီးလျှင်တော့ ၁ နာရီ သာသာလောက်ပဲ စီးရတာမို့ အထူးပဲ စီးဖို့ စိတ်ကူးထားတာပါ။ အကောင်းကြိုက်တတ်တော့ အဲဒီမှာ စတွေ့တာပဲ...။
အမြန်ရထားစီးရင် ထိုင်ခုံလက်မှတ်သပ်သပ်ဝယ်ရတာကြောင့် စက်ကလေး ထားပေးသည်။ ကျွန်တော်လည်း အလာတစ်ကြောင်း အတွေ့အကြုံကောင်းကောင်းရှိတာမို့ ဂုဏ်ယူစွာပဲ ဂျပန်စာတွေကို တတောက်တောက်နှိပ်ပြီး လက်မှတ်ဝယ်လိုက်သည်။ ကျွန်တော်စ၀ယ်တော့ ၆ နာရီ ၂၂ မိနစ်။ ထွက်လာတဲ့ လက်မှတ်က ထူးထူးဆန်းဆန်းပဲ အရှည်ကြီးနှင့် ကြီးနေသည်။ ကြည့်လိုက်တော့ ကျွန်တော်သွားချင်တဲ့ ဘူတာနာမည်လည်း မပါဘူး။ ကျွန်တော့်လက်မှတ်က ကျိုတိုကိုသွားသည့် လက်မှတ်ဖြစ်နေသည်။
ဒါနဲ့ပဲ ခရီးသည်တစ်ယောက်ကို လှမ်းမေးတော့ သူပြောပြပါသည်။ ဘာတွေပြောနေလည်းတော့ နားမလည်ပါ။ ဒါနဲ့ လက်မှတ်ကို ဖြည်းဖြည်းချင်းပြန်ဖတ်သည်။ ပထမတစ်ကြောင်းက ကျိုတိုကိုသွားမည့် ရထား။ လာမည့်အချိန်က ၆ နာရီ ၃၈။ နောက်တစ်ကြောင်းက အိုဆာကာကို သွားမည့်ရထား။ ကျွန်တော်ဆင်းမယ့် ဘူတာမဟုတ်ပေမယ့် ရောက်မည်ဆိုတာကို နားလည်လိုက်သည်။ ဒါနဲ့ပဲ ကိုယ့်ဟာကို သဘောပေါက်လိုက်သည်။ ဒီလက်မှတ်က ၁၂၈၀ တန်ချင်းတူသည့် နေရာ ၂ ခုကို တခါတည်း ထည့်ရေးပေးထားတယ်ပေါ့..။
ဇဝေဇ၀ါပဲ.. ထိုရထားက ၇ နာရီခွဲမှ လာမယ်ဆိုတော့ အင်း.. စောင့်ရဦးမယ်ပေါ့လေ ဟုတွေးမိသေးသည်။ နောက် ထူးထူးဆန်းဆန်းပဲ ကျွန်တော်စီးရမည့် အတွဲက နံပါတ် ၆။ ဒီဘူတာမှာက နံပါတ် ၆ မှ မရှိတာ..။ သြော.်.. အချိန်လိုသေးလို့ နေမှာပါ.. ရထားလာမယ့် အချိန်ဆို အတွဲနံပါတ်တွေ ပြောင်းပေးမှာပေါ့လေလို့ အေးအေးဆေးဆေးပဲ တွေးလိုက်သေးသည်။ ဒါနဲ့ပဲ ကျိုတိုကိုသွားမယ့် ရထားကြီးက ဆိုက်လာရောပေါ့။ ကျွန်တော့်ရှေ့မှာပဲ လူဝင်လူထွက်.. ကျွန်တော်တော့ ဂရုတောင်မစိုက်ပါဘူး။ ကျိုတို ဘာသွားလုပ်မှာတုန်းပေါ့...။
ဒါနဲ့ အဲဒီရထားလည်းထွက်ရော ကျွန်တော်သွားချင်တဲ့ ရထားက ဆိုက်မယ့်အချိန်ကို ကြေငြာတော့ တခုခုလွဲပြီလို့ သိလိုက်သည်။ ဒါနဲ့ အောက်ဆင်း။ ရထားဝန်ထမ်းကို မေးတော့မှ... အာလာလာ... ။ ခုနက ကျိုတိုရထားကို စီးသွားရမှာတဲ့..။ ပြီးမှ ဘူတာတစ်ခုမှာဆင်းပြီးတော့ ဒုတိယတစ်ကြောင်းက ရထားကို ဆက်စီးရမှာတဲ့..။ သေရောပေါ့ဗျာ... ။ အခု ကျွန်တော်စီးချင်တဲ့ ရထားလည်းထပ် ဆိုက်တော့မယ်..။ ဒီလက်မှတ်ထဲက ရထားကလည်း အချိန်လွန်သွားပြီ။ ကမန်းကတန်းပဲ လက်မှတ်ထပ်ဝယ်ပေါ့.. ။ အမယ်ဗျာ. သေချင်းဆိုးစက်က.. အခုကျမှ ကျနော်လိုချင်တဲ့ လက်မှတ်ထွက်လာတော့တယ်...။ ဒါနဲ့ မြန်မြန်ဝယ်ပြီး ရထားပေါ် ကမန်းကတန်း တက်လာရတာပေါ့...။
ရထားပေါ်မှာ ထိုင်နေရင်းနဲ့ တစိမ့်စိမ့်တွေးရင်းနဲ့မှ သဘောပေါက်လာသည်။ ထိုစက်က ခရီးသည် စောင့်ရမည့် အချိန်သက်သာစေဖို့ စောစောလာသည့် ရထားကို ရွေးပေးသည်။ ပြီးမှ ပြောင်းစီးခိုင်းသည်။ စက်က စက်အလုပ်မလုပ်ဘူး..။ အချိန်ကုန်ကုန်မကုန်ကုန် သူ့အလုပ်လား.. အဟင့်..။ ဒီလောက်ဝေးတဲ့ ခရီးကို ပြောင်းစီးခိုင်းသေးတယ်.. ။ မသကာ အိပ်ပျော်သွားလို့ မပြောင်းမိရင် ကျိုတိုထိရောက်သွားမှာ..။ တွေးရင်းနဲ့ ဒေါသ ထွက်လိုက်တာ...။ မထွက်နေမလား..။ ကျန်တဲ့ ပိုက်ဆံကို ရေကြည့်တော့ ၈၀၀ လောက်ပဲရှိတော့သည်။
ဘူတာထဲက ထွက်လို့ မရ။ ကျွန်တော်က ၂၀၀ တန်လက်မှတ်ပဲ ၀ယ်လာသည်။ ရထားခက ၁၅၂၀ ဆိုတော့ ၁၃၂၀ ပေးရဦးမည်။ ဘူတာထဲမှာလည်း ဘဏ်တွေမရှိ။ ဟင့်..။ ရထားပေါ်မှာ ခေါင်းခြောက်အောင်တွေး လာရသည်။ ဘူတာဝန်ထမ်းကိုပဲ တောင်းပန်ပြီးတော့ ဘဏ်မှာ ပိုက်ဆံထုတ်ပြီး ပေးရမလား..။ အလိုလို... စုံနေအောင်တွေးရတာပေါ့ဗျာ...။ ပျော်လာတာ ဘယ်ဆီတောင်ရောက်သွားမှန်းမသိတော့ပါဘူး...။ နောက်ဆုံး ကြံရာမရတော့တာနဲ့ အဆောင်က အမကြီးကို ဖုန်းလှမ်းဆက်ပြီးတော့ အကူအညီတောင်းမိသည်။ သူက သဘောကောင်းလို့ပေါ့..။ နေနေ.. မောင်လေး.. အမလာခဲ့မယ်ဆိုပြီး ချက်ခြင်းထလာလို့ပေါ့ဗျာ..။ သူသာမရှိရင် ကျွန်တော် ရဲစခန်းပဲရောက်မလား... ဂျပန်စကား မတောက်တခေါက်နဲ့ပဲ ရှင်းနေရမလား.. ဖလားဖလား.. မတွေးရဲစရာပဲဗျာ...။
အမကြီးရောက်လာမှ ပိုက်ဆံလှမ်းယူပြီးတော့ ငွေဖြည့်.. ပြီးမှ မချိသွားလေး ဖြဲပြမိသည်။ ဟီး...။ ကျေးဇူးတင်လိုက်တာ...။
ဟွန်း.. စက်က စက်လိုမနေ.. လူလိုလျှောက်တွေးပေး.. သေချင်းဆိုး.. စက်..။ မုန်းတာ..။ စိတ်နာလွန်းလို့ ဓါတ်ပုံကို ရိုက်ယူလာတယ်...။ အောက်မှာ.... ။


13 ယောက်က မှတ်ချက်ပြုသွားသည်။:
ဟားဟား..ကိုယ်ဘာသာ သေခြာမကြည့်တက်ဘဲ စက်ကို သွားစိတ်ဆိုးနေရလား ဟီး..
တော်သေးတာပေါ့ တော်ကြာ အိမ်ပြန်ရောက်သွားလို့..နို့မို့ဆို မတွေးရဲ စရာပါပဲ ဆရာရယ်..
ဟုတ်တယ် အဲဒီစက် ကောင်းကိုမကောင်းဘူး.. နောက်မ၀ယ်နဲ့း)
ဒါနဲ့ အခုနက လင့်ခ်မထားခဲ့ဘူး ပြောလို့ အခုဒီမှာ ထားခဲ့တယ်။ http://www.mysoju.com/shokojo-seira/
တကယ်က ပို့စ်မှာ တင်ထားပါတယ်ကွာ (အနီရောင်နဲ့တောင် ထင်ထင်ရှားရှား) ဧကန္တ အိမ်ပိုင်ရှင် ကွန်ပျူတာ “စက်”ကလည်း မကောင်းပြန်ဘူးထင်တယ် :D လွှတ်ပစ်လိုက်လေ...
ဟားဟား စက်ကတော်တော်ဆိုးတာပဲ...
တော်သေးတာပေါ့ တော်ကြာပန်ပန်ကို ဘယ်မှာလိုက်ရွေးရမလဲ မသိဘူးဖြစ်နေမယ်...
အဆောင်က အစ်မကြီးကလည်း လိုက်ရွေးရတာထက် စာရင် ခုသွားတာ အလုပ်ရှုပ်ပိုသက်သာမယ်ထင်ပြီး အမြန်လိုက်လာလို့တာပေါ့...
တော်တော်ဆိုးတဲ့ ... စက်
harhar
ဖြစ်ရမယ် ပန်ပန်တို့း))
အီးနဲ့ ဒုက္ခဖြစ်လိုက်
စက်နဲ့ ဒုက္ခဖြစ်လိုက်
စက်ကလည်း အရှည်ကြီးဆိုတော့ စာရွက်လည်းအရှည်ကြီးထွက်လာတာဖြစ်မယ်
စက်တွေက စက်မှုရေး မဟုတ်ပဲ လူမှုရေးသိတတ်တာဖြစ်မယ် :P
ဟားဟား. ဖြစ်ရတယ် ခေါက်ဆွဲပြုတ်ရယ်.။ တော်သေးတာပေါ့ သဘောကောင်းတဲ့ အစ်မကြီးရှိလို့.ပေါ့..။
ခင်မင်တဲ့
ညီညီ(အနာဂါတ်သံစဉ်)
သြော် ...
ကို သာအေး
ကို သာအေး ..
အမကြီး ကယ် ပေ လို့ ပေါ့ ... >>>
ညီလေးဂျပန်လေးရေ...
ဒါမျိုးဒွေလည်းဖစ်တတ်ပါတယ်ကွာ...။ ဟား..ဟား...
ခင်မင်တဲ့
ဏီလင်းညို
ဟိုတနေ့က ကိုလူထွေးပိုစ့်တပုဒ်ကို “သေချင်းဆိုး“ လို့ နာမည်ပေးခဲ့တယ်...
အခု ဒီမှာဖတ်လိုက်ရမှ ဒီစာလုံး ဟာ တော်တော် တာသွားမှန်း သိလိုက်ရတယ်...
အင်း... နောင်ဆို ဆင်ခြင်မှ...
းဝ)
Ha..haa. Nice experience!!!
ဟား၂ ပိုက်ဆံ ၂ ခါထွ့်သွားတာပေါ့
ရန်ဖြစ်စရာရှားလို့
စက်နဲ့ရန်ဖြစ်ရတယ်လို့
ပန်ပန်ရယ်
Post a Comment