ခမာပြည်၏ မြို့တော်မြင်ကွင်းများ (၂)
3 hours ago
ဘ၀ဆိုတဲ့ တိုတောင်းတဲ့ကာလအတောအတွင်းမှာပဲ အမှုပေါင်းဟာ ပွေလီရှုပ်ထွေးလှသည်။ မနက် အိပ်ရာထချိန်မှအစ ညအိပ်ရာဝင်ခါနီးအထိ ထိတွေ့ဆက်ဆံရသည့် ပတ်ဝန်းကျင်တစ်ခုသည် အရောင်အသွေး စုံလင်လွန်းလှပါသည်။ ကျွန်တော်သည် ချစ်လှစွာသော အိမ်နီးနားချင်းများအကြောင်းကို တင်ပြချင်သည်မို့ ဤစာကို ရေးသားလိုက်ရပေသည်။
၅ ထပ်မျှသာရှိသော ဤကျောင်းသားအဆောင်တွင် ယောက်ျားလေး ၂ ထပ် မိန်းကလေး ၂ ထပ်နေရသည်မို့ ပျော်ရွှင်ဖွယ်ကောင်းသော ဌာနေလေးတစ်ရပ်ဖြစ်နေပေတော့သည်။ ဘာသာမတူ၊ မေဂျာမတူသော လူငယ်များ ပေါင်းစုနေထိုင်ရာဖြစ်သမို့ တစ်ဦးကို တစ်ဦး နားလည်ခွင့်လွှတ်မှုကြီးစွာဖြင့် နေထိုင်နေကြသည် ဆိုပါစို့...။
၎ ထပ်မြောက်တွင် တည်ရှိပြီး၊ နေရောင်ထိုးရာအရပ်ဘက်တွင်ကျရောက်သဖြင့် ကျွန်တော်သည် ကျွန်တော့်အခန်းလေးကို အင်မတန်မှ ချစ်ခင်မြတ်နိုးလှပါသည်။ ဘယ်သူအေးအေး ဒီအခန်းလေးဟာဖြင့် ကျွန်တော့်ကို တတ်စွမ်းသလောက် အနွေးဓါတ်လေးတွေ ပေးနေတတ်သည်။ အောက်ဘက်ဆီသို့ ငုံ့ကြည့်လိုက်ပါက ဘုံအခန်းကို မြင်ရသမို့ ထမင်းဟင်းချက်ပြုတ်၊ ပြောဆိုနေသော လှပျိုဖြူများကိုမြင်နေရသည်မို့ မျက်စိပသာဒအားဖြင့်လည်း အေးလှပါသည်။
မြန်မာနိုင်ငံသား ကျွန်တော့်ကို ၀ိုင်းရံနေထိုင်လျက် ရှိသည်ကတော့ တောင်ကိုးရီးယားနှင့် တရုတ်နိုင်ငံတို့ ပင်ဖြစ်ပေတော့သည်။ အသက် ၁၉ နှစ်ခန့်သာရှိသေးသည့် ကိုးရီးယားညီငယ်လေးမှာ အစ်ကိုကြီးများကို ရိုသေဆက်ဆံတတ်ပြီး အပြောအဆို သိမ်မွေ့သည့်အတွက် ကျွန်တော့်မှာ အင်မတန် သဘောခွေ့နေမိသည်။ တဘက်မှ တရုတ်ကြီးမှာတော့ ဂျပန်စကား၊ အင်္ဂလိပ်စကားပြောနေစဉ်မှာတော့ အင်မတန်မှ လူကြီးလူကောင်းဆန်သလောက် တရုတ်ပေါက်ဖော်များနှင့် တရုတ်လို ပြောသောအခါမှာတော့ ၀ုန်းဒုန်းဆိုသလို အားရပါးရပင် ပြောတတ်လင့်ကစား ကျွန်တော်မှာ တောင်ပြေးရမလို မြောက်ပြေးရမလို ဖြစ်နေတတ်တော့သည်။ တခါတလေ အိမ်နှင့်လား ဘာလားမသိသောသူတချို့နှင့် ချက်တင်ထိုင်ရတွင် တချက်တချက် ထအော်စဉ် လိပ်ပြာလွင့်မသွားအောင် မနည်းထိန်းသိမ်းကာ ထားနေရပေတော့သည်။ လွန်ခဲ့သော တစ်ညကတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေစဉ် ၀ုန်းကနဲ အသံကြောင့် လန့်နှိုးလာကာ မီးရေး၊ ထင်းရေး၊ ငလျင်ဘေးအမှတ်ဖြင့် အိပ်ချင်မူးတူးထပြေးရကား အပြင်ရောက်မှ ချစ်လှစွာသော ပေါက်ဖော်ကြီး ချတ်တင်စကားမှန်းသိရကား ရှက်လည်းရှက်၊ ဒေါသလည်းထွက်နှင့် အခန်းထဲ ပြန်ဝင်ခဲ့ရပေတော့သည်။
မပြောမဖြစ် ကျန်ရစ်မည်စိုးရသည့် အိမ်နီးနားချင်းများလည်းရှိပေသေးသည်။ တခြားတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ၏ အိမ်နီးနားချင်းကောင်း အိန္ဒိယနိုင်ငံသားများပင် ဖြစ်ပေတော့သည်။ ကုလားသုံးယောက် နေထိုင်ရာ ကျွန်တော်တို့ အထပ်တွင် အင်မတန်မှာ စည်ကားလွန်းလှပေတော့သည်။ ရေချိုး၊ ထမင်းချက်၊ အိမ်သာတက်သွားတိုင်း ကုလားသီချင်းလေးများကို အော်ဆိုတတ်သမို့ ဖျော်ဖြေတတ်လေစွဟု နှလုံးပိုက်မိသည်။ လေကလည်း တချွန်ချွန်နှင့်မို့ ကျွန်တော့်မှာ မြွေဆိုးအန္တရာယ်ကို အင်မတန်ကြောက်ရွံ့ နေရပေတော့သည်။
ကျင်ငယ်စွန့်ရာတွင်လည်း အောက်က ကျင်ငယ်စွန့် အထက်က တံတွေးကို တပျစ်ပျစ်နှင့် တဖီးဖီးမြည်အောင် စွန့်တတ်ကြသဖြင့် ကျင်ငယ်စွန့်ရာခွက်များတွင် တံတွေးများပေးကျံနေတတ်ပေသည် ကျွန်တော်မှာ ကျင်ငယ်စွန့်ရာတွင် အပေါ်မျက်နှာကျက်ကိုသာ တွင်တွင်ကြည့်ရင်း စွန့်ပေရတော့သည်။ အိမ်သာတက်တော့မည်ဆိုပါက လက်ကျန်ပစ္စည်းများ အင်မတန်ကျန်တတ်သဖြင့် သတိပင် ပေးရပေတော့သည် (ကုလားများလုပ်သည်ကို လူမိ၍ ပေါ်တင်ရေးသည်)။
ထိုကုလားတို့မှာကား ရောက်ရာအရပ် ပဲဟင်းကို အသေကြိုက်ရကား၊ ပဲကို ဟင်းအိုးနှင့် ချက်ကာ ၂ ရက်တန်သည် ထားတတ်သည်။ ထိုသို့ထားရာတွင် အဆင့်လိုက်အဆင့်လိုက်ရှိသော ဘီရိုလေးများတွင် သိုဝှက်ထားကာ နာမည်များ ကပ်ထားသည်မို့ တချို့သော မိန်းကလေးများ ထရယ်တတ်ပေသည်။ ထမင်းဟင်းချက်ပြုတ်ရာတွင် ပေကျံပွစိလန်နေအောင်ချက်တတ်ကြသဖြင့် ကျွန်တော်တို့ ၄ ထပ် မိသားစုမှာ အင်မတန်နာမည်ကြီးလှပေတော့သည်။ စနေကာစက ကပ်ထားသော စည်းကမ်းစာရွက်မှာ တစ်ရွက်ပင် ဖြစ်လင့်ကစား ယခုအခါ ၆ ရွက်တိတိအထိ တိုးပွားလာသဖြင့် ဂုဏ်ယူဖွယ်ကောင်းလေစွဟု နှလုံးပိုက်မိပေတော့သည်။
ဆက်ဦးစို့.. အဆိုပါ ကုလားသုံးယောက်မှာကား တစ်ဦးတာဝန် တစ်ဦးကျေပြွန်အောင် ဆောင်ရွက်တတ်ကြ ပေသည်။ တရုတ်ကြီးဘေးက ကုလားမှာ တံတွေးထွေးခြင်း၊ သွားတိုက်နေရင်း အိမ်သာ၊ မီးဖိုချောင်၊ ရေချိုးခန်း အနှံ့သွားတတ်ခြင်းစသဖြင့် သူငယ်ချင်းအပေါင်းအသင်းများ မျက်စိအောက်မှ ပျောက်မသွားအောင် တာဝန်ကျေပြွန်ရှာပေသည်။ သူနှင့် တခန်းကျော်မှာနေရှာသော ကုလားမှာတော့ လေချွန်ခြင်း၊ သီချင်းဆိုခြင်း၊ များသာမက ည ၁၁ ခွဲလျှင် ဟင်းစချက်ခြင်းဖြင့် နှိပ်စက်တတ်ပေသည်။ လွန်ခဲ့သောညတစ်ညက ၁၁ နာရီလောက် ဟင်းထချက်ရာ အင်မတန်မှာ မွှေးပျံ့လှစွာသော ကုလားဟင်းအနံ့များသာမက ဆီပူနံ့ ညှော်နံ့များ တထောင်းထောင်းထလာရာ တထပ်လုံး ပျံ့ရုံတင်မက အလုံပိတ်ထားသော ကျွန်တော့်အခန်းထဲအထိ ရောက်လာသဖြင့် ကျွန်တော်မှာ အပြင်ဘက် မှန်တံခါးကို ထဖွင့်လိုက်ရပေတော့သည်။ စာဖတ်သူတို့... မျက်စိထဲ မြင်ယောင်ကြည့်လော့.... ။ အခန်းထဲနေချိန်မှာတောင် ဟီတာဖွင့်ထားရသော ကျွန်တော့်မှာ ထိုအချိန်ကတော့ တံခါးကိုဖွင့် အပြင်မှ ၀င်လာသော လေတို့ကို အံတုကာ တုန်တုန်ရီရီဖြင့် နာရီဝက်ခန့် နေလိုက်ရပေတော့သည်။ (ပြုသမျှဝဋ် ဒီတင်ပဲ ကျေပါရစေတော့ ကုလားတို့ရယ်... အဟင့်ဟင့်..)
မနေ့ညကတော့ ကျွန်တော်တကယ်ပဲ နေမကောင်းပါ။ ည ၁၀ နာရီတိတိတွင် အိပ်ရာဝင်ခဲ့ပါသည်။ ရုတ်တရက် တရုတ်ကြီးဘေးမှ ကုလားမှ ထထအော်လာပါသည်။ သေချာနားစွင့်ကြည့်ရာ သြော်.. ရူးနေတာမဟုတ်ပါ.. အိမ်နှင့် ချတ်နေခြင်းပင်ဖြစ်သည်။ ဘေးမှ တရုတ်ကြီးကတော့ အခုချိန်မှာ. သက်ပြင်းလေး တချချနှင့်ကြားနေရပါသည်...။ ၂ လတာနေထိုင်ခဲ့သည့် ကျွန်တော့်မှာတော့ ဒီအသံတွေကို အံတုကာ ပြုံးပြုံးကြီး အိပ်ပျော်နေခဲ့ပေတော့သည်။
(အခါအခွင်သင့်ပါက ချစ်ဖွယ်ကောင်းသော အိမ်နီးနားချင်းများ အကြောင်းကို ဖောက်သည်ချပါမည်။ ကျွန်တော့်မှာ အိမ်နီးနားချင်း အများကြီးရှိပါသည်..)
ရေးသားသူ........ နေ၀သန် ရေးသားချိန်.... 12/14/2009 09:07:00 PM
အမျိုးအစား ခံစားချက် စာတိုပေစ
Theme by Niyaz Bloggerized by Dhampire နေ၀သန် ရဲ့ အိုအေစစ် နေ၀သန်ဆိုဒ်မှစာများသည် နေ၀သန်ကိုယ်တိုင်ရေးသော စာများပင်ဖြစ်သည်။
13 ယောက်က မှတ်ချက်ပြုသွားသည်။:
ဟားဟား...ပန်ပန်တော့ ဒုက္ခခံနေရပြီ...
တော်တော်ဆိုးတဲ့ ကုလားတွေ...
ကုလားတရုတ် ရန်ပွဲတွေမကြည့်ရဘူးလားကွ...
အောက်က ကောင်မလေးတွေကိုလည်း သိပ်သိပ်မကြည့်နဲ့နော်... ပြုတ်ကျနေအုန်းမယ်...အဟဲ...
ဟားးဟားး..
အိပ်တာ တောင်
ပြုံးပြုံး ကြီး အိပ်တယ်ဆိုပဲ ..
ကဲ ကဲ ..
ဒီ စာ ကို ဘာသာပြန်ပြီး
အဲ့ ကုလား ၃ ယောက် ဆီကို
အမြန်ဆုံး နည်း နဲ့
ပို့လိုက်တော့မယ် .. :P
မျက်လုံးထဲကိုမြင်ယောင်လာပြီး ရယ်ဖြစ်တယ်။ အဆိုးထဲက အကောင်း ကုလားသီချင်း အလကားနားထောင်ရ နည်းလားကောင်လေးရာ..။ စိတ်ဝင်စားစရာ ကောင်းတယ် နောက်ထပ်ရေးပါဦး..။
ဟားဟား..အိပ်ခါနီးမှ လာဖတ်မိတယ်..ရယ်လိုက်ရတာ အူကိုနာရောပဲ..စဖတ်ထဲက ရယ်ရတာ ဆုံးတဲ့ထိပဲ တော်တော်ရယ်ရတယ်..ချစ်စရာ အိမ်နီးချင်းလေးတွေပါပဲ..:))
အဲဒီမှာ စ တွေ့တာပဲ.. :P
ကုလားတွေက ညစ်ပတ်တယ် ဟီး နောက်တော့ ချစ်သွားမှာပါကွယ် (တွံတေးစိုးအောင် သီချင်း) :P
correct u will love them later. ha.haaa
အဲဒါပေါ့..။ အကျင့်မဖျောက်နိုင်ကြတာ။
ဘယ်နေရာမှာနေနေ လူနဲ့ပဲဆိုင်တယ်ထင်တယ်။
စိတ်ပျက်စရာကောင်းလိုက်တာနော်။ ကျနော်သာဆို နေနိုင်မှာမဟုတ်ဘူး.။ အဆောင်မှုးကို တိုင်မှာပဲ။
ဖတ်ရတာရီရပေမဲ့ အဲလိုလူမျိုးတွေကို နားလည်ခံစားပေးလို့ မရဘူး။
အတွေ့အကြုံသစ်ပေါ့ ပန်ပန်ရေး))
ညီလေးရေ....
ကုလား အကြောင်းမပြောပါနဲ့ကွာ...။ စက်ရုံမှာ ဘင်္ဂလားတို့၊ ပါကစ္စတန်တို့တွေ အများကြီးနဲ့ အလုပ်လုပ်ဖူးလို့ ပြန်တောင်မတွေးချင်ဘူး...။ ဟား..ဟား.. စကားပြောရင်လည်း...၀ုန်း...ဒ..ရန်..တန်...တန်..တန်...န...နဲ... ဆိုတာတွေပဲ အစ်ကို့နားထဲမှာကြားမိတတ်တာ..။ တစ်ခါတစ်လေများ အလုပ်ထဲမှာ တစ်ခြားဌာနက..သူတို့သူငယ်ချင်းတွေ ဘာတွေလာလည်ရင်များ... စကားပြောနေလိုက်ကြတာ..တစ်မေ့တစ်မောပဲ...။ အလုပ်ကို အရှင်းကို မလုပ်တော့တာ...။ အေးရော...။
တစ်ခါတစ်လေဆို ၀ါးရင်းဒုတ်နဲ့ ညိုသကျည်းကို ဆော်ပစ်ချင်လာတာ...:D
မြန်မာပြည်က ခင်နေတဲ့သူငယ်ချင်းညီလေးတစ်ယောက်ပို့ပေးတဲ့ သီချင်းလေးတစ်ပုဒ် အစ်ကိုဆိုပြဦးမယ်...။ နားထောင်..။
“ဒီကမ္ဘာမြေပြင်ပေါ်တစ်လွှားဝယ်... သူငါ...ကုလားတို့ရယ်....၊ ၀က်သားနဲ့ မျစ်ချဉ်ကိုကွယ်... အလွန်မက်မောကြတယ်....၊ တစ်ကယ်မမောမပန်းစေရန်ကိုကွယ်... ပြော...ပြောပြမယ်...၊ ကိုယ့် ဌာနေ ၀န်းကျင်မှာကွယ်... တစ်ကယ်ကို..ပုန်းဆွဲတယ်....ဒန့်..တန့်..တန်...တန်...”...တဲ့လေ...။ မကောင်းဘူးလား... ညီလေးရ...:D
ခင်မင်တဲ့
ဏီလင်းညို
စာကိုဖတ်ပြီးမနေနိင်လို့ ဝင်ရေးသွားတယ်အမတို့ နေခဲ့ရတာ အိုဆာကာ minamisenri ရဲ့  International student house ပေါ့  မိးဖိုချောင်မှာ ညစ်ပတ်ပီးကြက်သွန်ခွံတွေဒီတိုင်းထားခဲ့ တာ တရုတ်ကိုရီးယား ဆန်ကို နို့ နဲ့ ပဲ ပြူတ်စားတတ်တဲ့ မွန်ဂိုမသူငယ်ချင်းက အမတို့ကို တိုင်တာ လာအိုရယ် ထိုင်းရယ်အမ ရယ် ငပိကျိုမှူ့  မျှင်ငပိကိုကြိုစားကြတယ်
အမတို့ အငယ်တွေ ကို
၉၆ မှာပထမဆုံးလက်ခံတယ် အဲ့ ဒီနှစ်မှာတင် ရေခဲသေတ္တာစရတယ် ပြန်သွားတဲ့  နောင်တော် ကြီးတွေ က ရေခဲသေတ္တာ ကို မရှိကြလို့  မြန်မာဆရာ က တရုတ်နဲ့  အပြေးပြိုင်ပီး ရခဲ့တာ ထည့် ချင်တဲ့သုထည့် လို့ ရတယ် ယူတော့  စားတယ် ဆိုပီးနာမည်ကြီး ဟီးဟီး အိပ်ယာခင်းတွေလည်း ၇ရက၁်ခါပဲ သွားယူလို့  ရတော့ တယ် အမတို့ တွေ ၃ ရက်တခါ သွားသွားပီး လဲ ကြလို့ လေ ရေအိမ်မှာကျန်တတ်တာ တရုတ်မလေး ချစ်၂ ကို ခေါ်ခေါ်လာတာ ဖိလစ်ပင်းအမ ကြီး အခန်းထဲမှာခိုးချက်တာက အမနဲ့  မလေးရှားသူ ည ဘက်အငယ်တွေ ပါတီလုပ်ရင် အကြီးတွေ ကစိတ်ဝင်စား အမတို့ က မြေအောက်ခန်းက နာရီကိုလက်တံရွေ့  skuranbo အပင်ကို တတ်တာ ကမ္ဘောဒီးယား ဘာမှမပါပဲ လာလာစားတာ တန်ဇန်းနီးယား ပျော်စရာတွေ ပါ မောင်လေးရေ သတိရတယ် ဒါတွေဟာပျော်စရာ အမှတ်တရတွေပဲ နွေရာသီည ဘက်သနပ်ခါးလိမ်းထားရင် ဘာတွေပေနေလည်းဆိုပီးခဏခဏ လာဖျက်ပေးကြတယ်
メイちゃん
အရေးအသား ပြောင်မြောက်ပါပေတယ်ဗျာ။
Post a Comment