ဒီအကောင်ဘယ်သူတုန်း

မနေ့က ...

မျက်နှာမှာ ၀က်ခြံအကြီးကြီးပေါက်တယ်..

မှည့်လာလို့ လက်ဆော့လိုက်တော့..

ပြည်တွေအပြစ်လိုက်အပြစ်လိုက်နဲ့..

ရွံဖို့ကောင်းလိုက်တာ....

ခဏတော့ တရားရသွားတယ်....

မသေခင်.ဟိုကပုပ်လိုက်..ဒီကပုပ်လိုက်နဲ့..

13 ယောက်က မှတ်ချက်ပြုသွားသည်။:

နန်းဝါ၀ါမောင် said...

ha haaa ပန်ပန်ရေ..

ဂျပန်ရောက်စပဲရှိသေးတယ်နော်. နေကောင်းလား။
စောစောက ပို့စ်တွေလာဖတ်သွားတယ်. အခုပို့စ်အသစ်
တက်လာလို့ လာဖတ်တာ. အဆင်ပြေပါစေ။
အစ်မလည်း ဒီမှာပျင်းနေတာ အရမ်းပဲ။း)
စကားလည်းမပြောချင်ဘူး။အပြင်လည်းမထွက်ချင်ဘူး.
အေးလို့...မိုးတွေကရွာ...အေးကအေး.. ပျင်းစရာကြီး။


ကျန်းမာပျော်ရွှင်အဆင်ပြေပါစေ။

မကြီးဝါ

စိုင်းစိုင်းလားရှိုး said...

ဝက်ခြံက ဒီလိုရှိတယ်..
ရင်တွင်းနာလိုပဲ.... မချစ်ရရင်လဲ ယားကျိကျိနဲ့ ...
ချစ်လိုက်ပြန်ရင်လဲ အနာရင်းတယ်လေ....

WWKM said...

အဲ..နန်းဝါ၀ါမောင်နဲ့ ကွန်မန့်တက်သွားပြီ။း)
ဆိုင်ကယ်ဝယ်မလို့လား..
ကားဝယ်ပါလား. တချို့နယ်ပြောင်းကြရင် ပြစ်ရမယ့်အတူတူရောင်းကြတာလေ ယန်း ၅၀၀၀၀ လောက်နဲ့
ဝယ်လို့ရတယ်။
ဝက်ခြံတွေညှစ်ပြီး ဆေးလေးလည်းထည့်ဦးနော်..
တစ်ယောက်တည်းဂရုစိုက်မယ့်သူမရှိရင် ကိုယ်တိုင်
ကျန်းမာရေးဂရုစိုက်ရတယ်။မြန်မြန်သာ ရှာပေတော့။း)

မကြီးဝါ

မငုံ said...

ဝက်ခြံကို လက်နဲ့သွားဆွနေလို့လား..သူ့ဘာသူ မှည့်ပြိး ပေါက်လာလိုက်မယ်။ ဆွတော့ အမာရွတ်ကျန်ခဲ့တယ်တဲ့။ :) ကိုစိုင်းလို လေသံနဲ့ပြောလိုက်တာ

ဆောင်းနှင်းရွက် said...

အိ့ ..
စိတ်ပိန်လိုက်တာ ..

kaungkinpyar said...

ထုံး တို့ ထားလိုက်...

Ðaywalker[Soul] said...

ရောက်ပါတယ်ဗျာ

ဗညားရှိန် said...

အိမ် ၀က်ခြံတစ်လုံးနဲ့ ပန်ပန်တို့ တောထွတ်တော့မယ် ထင်တယ် ငပန်ရေ ငါ ပစ္စည်း ငါးပါး ဒါယကာလုပ်မယ် ကတုံးတုံးမလားဟ . . .

အနမ်း said...

ဝက်ခြံနဲ့ ခဏတရားရလည်းမစိုးပါဘူးလေ။ ခုရော ဘယ်လိုနေသေးလဲ။ အခြေအနေကောင်းရဲ့ လား။ ၀က်
ခြံပျောက်ပြီလားမေးတား)) အဆင်ပြေပျော်ရွှင်ပါစေ။

မြစ်ကျိုးအင်း said...

တရားသဘောတွေပေါ့ညီရာ

ထပ်ပြီးသာ စေ့စေ့စပ်စပ်တွေးလိုက်ရင် အလင်းတွေ ရသွားမလားပဲး)

လသာည said...

စိတ်မညစ်နဲ့ ၀က်ခြံဆိုတာ ငယ်တုန်းပေါက်တာတဲ့။ ကိုယ်ဝက်ခြံများများပေါက်နေသ၍ အသက်မကြီးသေးဘူးလို့သာမှတ်တဲ့ တို့အစ်မတစ်ယောက်ပြောဖူးတာ ပြန်ပြောပြတာ:P ။ ဂုဏ်ယူစရာကောင်းတယ်လေ..

flowerpoem said...

မသေခင်ကတည်း က ပုပ်နေပြီတဲ့မှန်လိုက်တာ ဂျပန်လေးရေ

အဖြူရောင်နတ်သမီး said...

အဲ..ကြည့်အုံး..
ဝက်ခြံတလုံး... ကဗျာတပုဒ်..ပေါ့လေ..
စိတ်ကူးလေးကောင်း၏။