ကြွေလွင့်ခဲ့တဲ့ အတိတ်ဒဏ်ရာ

(၁) တကယ်လို့နော်.. ရုပ်ရှင်ရုံထဲမှာ ဖုန်းကိုအသံဖွင့်ထားမိလို့ ပိတ်ခိုင်းလိုက်ရင် နင်စိတ်ဆိုးမှာလားဟင်။ သူများတွေ ဖုန်းသံမြည်နေတာကိုမြင်လို့ သူများတွေတောင်လုပ်တာပဲ.. ငါ့ကိုလာမတားနဲ့လို့ ပြောမှာလားဟင်။

(၂) တကယ်လို့နော်... တခုခုစားနေတုန်း နင့်ပါးစပ်က ပလပ်ပလပ်နဲ့ မြည်လို့ ငါကမမြည်အောင်စားဖို့ပြောရင် ဘယ်သူ့ဂရုစိုက်ရမှာလဲလို့ ပြန်ပြောမှာလားဟင်။

(၃) တကယ်လို့နော်... စာကြည့်တိုက်ထဲမှာ စကားကို ကျယ်ကျယ်မပြောဖို့ငါတားမြစ်မယ်ဆိုရင် နာခံမှာလားဟင်..။ စာဖတ်နေတဲ့ တခြားသူတွေကို ငဲ့ကြည့်ဖို့ပြောရင် နင်ကငါ့ကို တနေကုန်ဖဲ့နေတာပဲလို့ ပြောမှာလားဟင်။

(၄) တကယ်လို့ပေါ့နော်... ရခိုင်မုန့်တီသောက်နေတုန်း နင့်လွယ်အိတ်ကို လွတ်တဲ့ခုန်မှာ တင်ထားမိတယ်။ ခနနေ လူများလာလို့ ခုန်မရှိတော့ရင် နင်အလိုက်တသိနဲ့ ဖယ်ပေးမှာလားဟင်။ ဒါမှမဟုတ် ထိုင်စရာမရှိပဲ ပြန်သွားမှာကို ဒီအတိုင်းကြည့်နေမှာလားဟင်။

(၅) တကယ်လို့ပေါ့နော်.... လူကြပ်တဲ့ ဆိုင်တစ်ဆိုင်မှာ နင်တို့ မိန်းကလေးသူငယ်ချင်းတွေ ထိုင်စားနေတယ်ဆိုပါစို့။ စားပြီးသွားတဲ့အချိန်မှာ လူကလည်း တအားများလာတယ်.. ထိုင်စရာလည်းမရှိတော့ဘူး.. နင်တို့လည်း စကားအရမ်းကောင်းနေတယ်.. ဒါဆို နင်ဘယ်လိုလုပ်မလဲဟင်။ ငါပိုက်ဆံပေးစားတာပဲ.. ငါထိုင်ခွင့်ရှိတယ်လို့ပဲ တွေးနေမှာလားဟင်။ ငါပါလာလို့ ထပေးလိုက်ရအောင်လို့ ပြောရင် နင်ငါ့ကို အကြီးအကျယ် ရန်တွေ့တော့မှာပဲနော်။

တကယ်လို့ပေါ့နော်.. သြော်..တော်ပါပြီ.. ဘာလို့ အတိတ်ကိုပြန်တွေးနေတာပါလိမ့်။ စိတ်ချင်းမတူတဲ့ ချစ်သူရှိခဲ့တာကိုက ငါ့အမှားပဲလေ..။ ဒီနေ့တော့ ငါတစ်ယောက်တည်းပဲ အတိတ်က ရန်ဖြစ်ခဲ့တာလေးတွေကို ပြန်တွေးခွင့်ပြုပါ.... ။ နော်....း(

11 ယောက်က မှတ်ချက်ပြုသွားသည်။:

ဆောင်းနှင်းရွက် said...

အဟင့် ..
အဟင့် ..
ချိတ်တောင် ကောင်းဘူးးး ...
တကယ်လို့ပေါ့နော် ...>>>

ice-cream said...

တွေးတွေး
ဖြေးဖြေး တွေးး
တစိမ့်စိမ့် တွေးးး ... >>>

မဆုမွန် said...

တကယ်လို့ပေါ့နော် ချစ်သူလေးကို ကိုယ်က စိတ်ရှည်ရှည်နဲ့ သွန်သင်ခဲ့မယ်ဆိုရင် တကယ်လို့ပေါ့နော် ချစ်သူလေးကို ကိုယ်က လမ်းပြပေးနိုင်ခဲ့မယ်ဆိုရင် တကယ်လို့ပေါ့နော်.မတူတာလေးတွေကို နားလည်မူနဲ့ ညှိယူခဲ့မယ်ဆိုရင် ငါ့မောင်လေး ဂျပန်လေး.. ချစ်သူ့နဲ့ စိတ်ချင်းမတူညီမူတွေကို အခုချိန် ဒီလိုပြန်တွေးနေလိမ့်မယ် မထင်ဘူး :P

ကောင်းကင်ပြာ said...

ဝေးးးကောင်လေးတယောက် လွမ်းနေတယ် ဟေ့...

ညရဲ့ကောင်းကင် said...

တကယ်လို့ပေါ့နော်...
တစ်ယောက်ကို တစ်ယောက်နားလည်ပြီး
တစ်ယောက်ရဲ့ အတွေးကို တစ်ယောက်က လေးစားပြီး
ပြုမူခဲ့ရင် ဘယ်လောက်တောင် ကောင်းလိမ့်မလည်းနော်...
း(

ကျောပိုးအိတ် said...

သြော်

ဒါကောင်းတဲ့အမူအကျင့်ဘဲ။ လူတိုင်းကိုစာနာတတ်တဲ့စိတ်နဲ့ ပြောတယ်ဆိုတာ ချစ်သူသိလာမှာပါ။

တကယ်လို့ သာ ချစ်သူလဲတစ်နေ့ ဒီလို တကယ်လို့ ပေါ့နော် ကြုံလာခဲ့ရင် ဂျပန်ကောင်လေးသင်ပေးခဲ့တာတွေ ပြောခဲ့တာတွေ ပြန်ကြားမြင်ပြီးနောင်တရနေမှာပါ။

ဂျပန်ကောင်လေးက နိုင်ငံကြီးသားပီသတာပေါ့။
ကောင်းတယ်။ အဲဒီစိတ်လေးထိန်းထားနော်။

တကယ်လို့ ပေါ့နော်
း)

မိုးခါး said...

မစုမွန်ပြောသလိုပဲ ..း)
အဆင်ပြေအောင်နေပါ .. လွမ်းတာလည်း လွမ်းပေါ့ ..း))

ဗညားရှိန် said...

တကယ်လို့ပေါ့နော် ပြန်ဆုံခဲ့ရင်ကော ဘယ်လိုလုပ်မလဲဟ တကယ်လို့ပေါနော် စကားပြန်ပြော မှာလား တကယ်လို့ပေါ့နော်

စိုင်းစိုင်းလားရှိုး said...

တစ်ကယ်လို့နော် အင်း တစ်ကယ်လို့ပေါ့း) ဖတ်မိပြီး ကြည်နူးပြုံးလေး ပြုံးကျန်ရစ်တယ်

ညီညီ said...

အော် ဂလိုတွေဖြစ်ခဲ့တာလား? ခုမှသိတယ်ကွာ. စိတ်တောင်မကောင်းဘူး.။ တစ်ကယ်လို့ပေါ့နော်...........:)


ခင်မင်တဲ့

ညီညီ

မငုံ said...

ဒီလိုဇာတ်လမ်းလေး ရှိခဲ့တာကိုး ။ ပြန်တွေးဖြစ်နေတာလားဟေ့..တကယ်လို့ပေါ့နော်..စိတ်မကောင်းဖြစ်နေရင်လဲ ပျော်အောင်တော့ နေလိုက်ပါ။