အမှားနှင့် အမှန်ဟူ၍ ရှိသည်။
တခါတရံ အဆိုပါ အမှားဆိုတာကို
အမှားမှန်းသိလျက်နှင့်
အမှန်ဟန်ဆောင်ပြီး လုပ်တတ်ကြပြန်ရော...
အမှန်ကို မသိပဲနှင့်
အမှားချည်းပဲ ဇွတ်လုပ်တတ်ကြသေးသည်။
အမှားကို အမှားလို့ ထောက်ပြပြန်ရင်တော့
စိတ်ဆိုးတတ်ကြရော....
အဲ.. အမှားကို အမှန်လို့ ပြောပြန်ရင်တော့လည်း..
ဒီလူကို သတိထားပေါင်းတဲ့ဗျား....
အဟီး.. အမှန်ကို အမှန်အတိုင်း ပြောရင်တော့
သေချာတယ်..လူမုန်းများလိမ့်မယ်...
အမှန်ကို အမှားလို့ စွပ်စွဲရင်တော့..
တခွီးခွီးနဲ့ ဒေါသထွက်မှာပဲနော်....
ပိုဆိုးတာကတော့..
အမှားလုပ်တုန်း မှန်တယ်ပြောပြီးတော့..
အမှန်လုပ်တုန်း မှားတယ်လို့
မှားပြောရင်တော့...
ဘ၀ပြတ်ရော.....
ကဲ..နောက်ဆုံးတစ်ချက်..
အမှားလုပ်တုန်းက အမှားလို့ပြောတတ်ပြီးတော့
အမှန်လုပ်တုန်း အမှန်လို့..
မှန်မှန်ကန်ကန်ပြောတတ်တယ်ဆိုရင်တော့..
ခင်ဗျားကိုမေးလိမ့်မယ်..
မင်းက ဆရာကြီးမို့လို့လားတဲ့....
ခမာပြည်၏ မြို့တော်မြင်ကွင်းများ (၂)
3 hours ago


10 ယောက်က မှတ်ချက်ပြုသွားသည်။:
အမှားနဲ့ အမှန်.....
ပထမဆုံး ဖတ်သွားတယ် ပန်ကလေးရေ.......
ဆရာကြီးမို့လို့လား ဆိုလဲ ထားလိုက်တော့။
ငါကတော့ မှားရင်မှားတယ်။ မှန်ရင်မှန်တယ် ပြောရမှာပဲ။
မှန်တယ်ဟေ့. မမှားဘူး..။ မမှားပါဘူး မမှန်တာပါ.။ ဟဲဟဲ.။
အမှားနဲ့အမှန် ဖတ်သွားတယ်သယ်ရင်းရေ.။
ခင်မင်တဲ့
ညီညီ(အနာဂါတ်သံစဉ်)
အမှန်တရား အမှားတရံ ဆိုတာပေါ့... :P
တခါမှားရင် တခါမှန်မယ်
အခါခါမှားတော့ အမှန်ပျောက်သွားတယ်...
(ကိုယ့်ကိုကိုယ်ပြောတာနော်) ... :P
မှားတဲ့ အခါလဲ မှားပေပပေါ့၊ မှန်တဲ့ အခါလဲ မှန်မယ် ထင်တယ်၊ သိဘူးအေ.. ရှုပ်နေတယ် မှားတာတွေ မှန်တာတွေ..း)
ဆရာကြီး မဟုတ်ဘူးးးး
MASTER ...!
ဖတ်လိုက်ရတာ
ပါးစပ်ထဲမှာ
"မ" တွေ ချင်းကို
လုံးထွေးသွားတာပဲ ...းP
ကိုယ်ကတော့ အမှန်ကိုအမှားလို့ ထင်နေကြသူတွေကို မမှန်ပါဘူးလို့ ပြောချင်ပေမယ့်၊ ကိုယ့်ကျတော့ရော ဘယ်လောက်မှန်နေလို့ လည်းလို့ ပြောမယ့်သူတွေကို လည်း ကိုယ်ကမမှားပါဘူးလို့ မပြောချင်တော့လို့  အမှန်ကိုအမှန်၊ အမှားကိုအမှားလို့ ပဲ ထားလိုက်တော့ မယ်နော်။
ပြောလိုက်ပေါ့ကွ ဆရာကြီးတော့ မဟုတ်ဘူး ဒါပေမဲ့ အထာကြီးနဲ့လည်မနေတတ်ဘူးလို့ ပြောလိုက်ဟ
ဟုတ်တယ်
ငါဆရာ လို့ပဲဖြေမိမှာပဲ
ချစ်ခင်စွာဖြင့်
ဖိုးစိန်
မှန်ကန်၇င် ကွဲတတ်တယ်တဲ့နော် ပန်ပန်ရေ. ပြောတိုင်းကောင်းတာ မဟုတ်ဘူး။ အမှားအတိုင်း လိုက်လဲ မပြောချင်တော့ ဘာမှ မပြောပဲ မသိချင်ဟန်ဆောင်ပေးလိုက်ရအောင်
မှန်လိုက်တာဗျာ ...
Post a Comment