နင်ငါ့ကို မချစ်ရင်နေပါ..
မမုန်းပါနဲ့..
နင်ငါ့ကို စကားမပြောချင်နေပါ..
ငါပြောတာတော့ နားထောင်ပေးပါ..
ငါ့စကားတွေထဲမှာ
နင့်ကို နာကျင်စေမယ့် စကားတွေပါချင်ပါနေမယ်..
အဲဒါတွေကို လျစ်လျူရှုပေးပါ...
နင်ငါ့ကိုကြည့်မရရင်နေပါ...
ဒါပေမယ့် ဥပက္ခာတော့မပြုပါနဲ့...
နင်လည်း ခရီးသည်..
ငါလည်း ခရီးသည်ပါ..
ဘ၀တူမို့ ငါ့ကိုတတ်နိုင်သလောက် ဖေးမပါ....
တလောကလုံးက
ငါ့ကို ဘီလူးသရဲလို သတ်မှတ်ထားရင်တောင်မှ..
နင့်ကို ငါ့နှလုံးသားထဲမှာ
အမြဲတမ်းသိမ်ဆည်းထားမှာပါ...
နင်ဟာ ငါ့ရဲ့ ထာဝရအဖော်ဖြစ်နေမှာပါ...
့
မမုန်းပါနဲ့..
နင်ငါ့ကို စကားမပြောချင်နေပါ..
ငါပြောတာတော့ နားထောင်ပေးပါ..
ငါ့စကားတွေထဲမှာ
နင့်ကို နာကျင်စေမယ့် စကားတွေပါချင်ပါနေမယ်..
အဲဒါတွေကို လျစ်လျူရှုပေးပါ...
နင်ငါ့ကိုကြည့်မရရင်နေပါ...
ဒါပေမယ့် ဥပက္ခာတော့မပြုပါနဲ့...
နင်လည်း ခရီးသည်..
ငါလည်း ခရီးသည်ပါ..
ဘ၀တူမို့ ငါ့ကိုတတ်နိုင်သလောက် ဖေးမပါ....
တလောကလုံးက
ငါ့ကို ဘီလူးသရဲလို သတ်မှတ်ထားရင်တောင်မှ..
နင့်ကို ငါ့နှလုံးသားထဲမှာ
အမြဲတမ်းသိမ်ဆည်းထားမှာပါ...
နင်ဟာ ငါ့ရဲ့ ထာဝရအဖော်ဖြစ်နေမှာပါ...
့
ဒီဟာလေးကို ဘယ်ကနေ ရမှန်းမသိပါဘူး.. ကဗျာလည်း ဟုတ်ပုံမပေါ်ဘူး။ ဒီထဲမှာပါတဲ့ နင်ဆိုတဲ့နေရာလေးကို လုပ်နိုင်အောင် အသည်းအသန်ကြိုးစားဖူးတယ်။ ဒါပေမယ့် အောင်မြင်လိုက် ရှုံးနိမ့်လိုက်နဲ့ လုံးလည်ချာလည်ပါပဲ.. :P..။ တကယ်တော့ ဒီလူ့အသိုင်းအ၀ိုင်းမှာ လူအမျိုးမျိုး စိတ်အထွေထွေရှိတာကြောင့် နင်ဆိုတဲ့နေရာလေးကနေသာ လူတွေကို ဆက်ဆံတတ်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ.....


13 ယောက်က မှတ်ချက်ပြုသွားသည်။:
ငါ ဆိုတဲ့ဘက်ကတော့ တော်တော် အတ္တကြီးတာပဲ
ရေးထားတာ သူ အသာကြီးပဲ .. :D
ငါဆိုတာက လူ့သဘောလေကွယ်.. ဘယ်သူမဆို အသာကြီးပဲလိုချင်တယ်မလား.. အကုန်လုံးမဟုတ်တောင် လူတိုင်းကတော့ တချက်ချက်နဲ့ ညှိနေမှာပဲ....း)
ဟုတ်ပါ့ကွာ ငါ ဘက် ကချည်းပဲ တွေးနေမိတယ် ကဗျာ ဖတ်ရင်း အောက်နားရောက်မှ မင်းရေးထားတဲ့ နင် ဆို့တဲ့ နေရာလေးကို ရောက်မှ သဘောပေါက်တော့တယ်
ယူလည်း ခရီးသည်..
အိုင်လည်း ခရီးသည်ပါ..
ဘ၀တူမို့ အိုင့်ကိုတတ်နိုင်သလောက် ဖေးမပါ....
း)ဆန္ဒ ပြောပါတယ်..
ငါ လည်း နင် လို့ ဖြစ်ချင်တယ် ...
နင် ရော ငါ လို့ ဖြစ်ချင်လား ...
သရေပဲ.. အဟဲ :P
ဟဲဟဲဟဲ..
ယူနဲ့ အိုင်က ဘဝတူလေးကွယ်..
ယူက အိုင့်ကို ဖေးမလေကွယ်..
ယူရယ်.. အိုင့်ကို မုန့်ဖိုးပေး..းp
ပျော်ရွှင်ပါစေ
စည်သူ။
တစ်နေ့တော့ နင် ဆိုတာ ဖြစ်လာမှပါ ပန်ပန်ရာ
ခင်တဲ့ ကိုရီနို
သယ်ရင်း ငါ ဆိုတာ တစ်နေ နင် ဖြစ်လာရင်. သယ်ရင်း တစ်ကယ်ပျော်မှာလား?
ပျော်မယ်ဆိုရင်တော့ ငါ့သယ်ရင်း နင် မြန်မြန်ဖြစ်ပါစေ ဆုတောင်းပါတယ်.။
ခင်တဲ့
ညီညီ
လာဖတ်ပါတယ်ရှင်
နင်ဆိုတဲ့ နေရာလေးး
နင်ဆိုတဲ့ နေရာလေးရဲ့
သူ့ဆီက ရဖို့
ကိုယ် ကိုယ်တိုင် နားလည်မှု့တွေ
ရှိနေဖို့လည်း လိုအပ်ပါတယ် ..
(နားလည်လားတော့ တိဘူးး)
ရေးထားတာနဲ့ ကွန့်မန့် နဲ့ က
လွှဲကုန်ပြီလား သိဘူးး..
နားလည် သလို ပဲ ရေးလိုက်တယ် ကွယ် ..
ငါ မနေ့က ဖတ်တာ နားမလည်လို့
ခုမှ
တစ်ခေါက် ထပ် ဖတ် ပြီး
နားလည်သွားပြီ ထင်လို့ ကွန့်မန့်လာပေးတာ ..
နင်လည်း မဖြစ်ချင်ဘူး
ငါလည်း မဖြစ်ချင်ဘူး..
လူသားချင်းစာနာတတ်တဲ့သူပဲ ဖြစ်ချင်တယ်
:)
ခင်မင်စွာဖြင့်
သီဟသစ်
နင်ဆိုတဲ့နေရာလေးမှာ ကိုယ့်ကိုယ်ကို အစားထိုးဖို့ လိုအပ်သလို၊ ငါဆိုတဲ့နေရာလေးမှာလဲ ခဏဖြစ်ဖြစ် ခံစားမိချင်နေသေးတာ ငါ့အတ္တကြောင့်ပဲ ဖြစ်မယ်ထင်တယ်နော်။
" ငါ " ဆိုတဲ့ ဘက်ကချည်း တွေးနေမိတယ် ပန်ပန်ရေ. လူဆိုတော့လဲ အစွဲက မချွတ်နိုင်သေးဘူး ဖြစ်နေတယ်။
Post a Comment