တအားသည်းနေတဲ့ မိုးတွေနဲ့
တဖြည်းဖြည်းကျလာတဲ့ ဒီဂရီတွေက
တဖြည်းဖြည်းကျလာတဲ့ ဒီဂရီတွေက
ငါ့ခန္ဓာကိုအေးစက်လာစေခဲ့ပေမယ့်...
ငါ့နှလုံးသားကိုတော့ မအေးစက်စေနိုင်ဘူး..
ဟီတာကိုဖွင့်ထားလို့ ရတဲ့အနွေးဓါတ်ထက်
ငါ့နှလုံးသားက မင်းကိုချစ်နေဆဲ အချစ်တွေက
ငါ့ကို ပိုနွေးထွေးစေတယ်...
အပြင်မှာ စွေနေတဲ့ မိုးစက်တွေကြားမှာ..
အတိတ်က ပုံရိပ်တွေ
ထီးတစ်ချောင်းအောက်မှာ မင်းနဲ့ငါ
တစက်စက်ကျနေတဲ့မိုးရေတွေ...
ရွှဲစိုနေတဲ့ ငါ့ပုခုံးတစ်ဖက်...
ထီးလေးနဲ့ မင်းကိုမိုးအုပ်ပေးရင်းနဲ့..
မင်းအပေါ်ငါထားခဲ့တဲ့ အကြင်နာတွေ...
အရာရာဟာ အတိတ်ပဲလေ...
ငါတို့သွားခဲ့ဖူးတဲ့..
ဘုရားပေါ်က ထောင့်လေး...
J-donut က ထိုင်နေကျခုံလေး....
YKKO က စားပွဲဝိုင်း...
နေပြည်တော်က ရုပ်ရှင်လက်မှတ်...
အားလုံးဟာ ငါ့ရင်ထဲက သမိုင်းဝင် မှတ်တမ်းတွေပဲ...
မင်းကို ငါမမုန်းဘူး..
မင်းလည်း ငါ့ကိုမမုန်းဘူး..
ငါတို့ လမ်းလည်းမခွဲခဲ့ဘူး...
ချစ်သူတွေလည်းမဟုတ်တော့ဘူး..
ဒါပေမယ့်..
မင်းကိုငါသတိရတယ်..
လွမ်းတယ်..
ဆွေးတယ်..
ချစ်သူအနေနဲ့တော့မဟုတ်ဘူး..
မင်းကို အကြင်နာပေးဖို့..
ယုယဖို့...
ဖေးမဖို့..
အဖော်ပြုဖို့..
အရမ်းနာကျည်းရင်တောင်မှ..
သူငယ်ချင်းအနေနဲ့ အဖော်ပြုပေးနော်..
ဆိုတဲ့ ငါတို့ သစ္စာစကားတွေအတွက်..
ငါအဆင်သင့်ပဲ... ချစ်သူ...
ဒါဟာ ငါ့နှလုံးသား သေတမ်းစာ....
ငါ့နှလုံးသားက မင်းကိုချစ်နေဆဲ အချစ်တွေက
ငါ့ကို ပိုနွေးထွေးစေတယ်...
အပြင်မှာ စွေနေတဲ့ မိုးစက်တွေကြားမှာ..
အတိတ်က ပုံရိပ်တွေ
ထီးတစ်ချောင်းအောက်မှာ မင်းနဲ့ငါ
တစက်စက်ကျနေတဲ့မိုးရေတွေ...
ရွှဲစိုနေတဲ့ ငါ့ပုခုံးတစ်ဖက်...
ထီးလေးနဲ့ မင်းကိုမိုးအုပ်ပေးရင်းနဲ့..
မင်းအပေါ်ငါထားခဲ့တဲ့ အကြင်နာတွေ...
အရာရာဟာ အတိတ်ပဲလေ...
ငါတို့သွားခဲ့ဖူးတဲ့..
ဘုရားပေါ်က ထောင့်လေး...
J-donut က ထိုင်နေကျခုံလေး....
YKKO က စားပွဲဝိုင်း...
နေပြည်တော်က ရုပ်ရှင်လက်မှတ်...
အားလုံးဟာ ငါ့ရင်ထဲက သမိုင်းဝင် မှတ်တမ်းတွေပဲ...
မင်းကို ငါမမုန်းဘူး..
မင်းလည်း ငါ့ကိုမမုန်းဘူး..
ငါတို့ လမ်းလည်းမခွဲခဲ့ဘူး...
ချစ်သူတွေလည်းမဟုတ်တော့ဘူး..
ဒါပေမယ့်..
မင်းကိုငါသတိရတယ်..
လွမ်းတယ်..
ဆွေးတယ်..
ချစ်သူအနေနဲ့တော့မဟုတ်ဘူး..
မင်းကို အကြင်နာပေးဖို့..
ယုယဖို့...
ဖေးမဖို့..
အဖော်ပြုဖို့..
အရမ်းနာကျည်းရင်တောင်မှ..
သူငယ်ချင်းအနေနဲ့ အဖော်ပြုပေးနော်..
ဆိုတဲ့ ငါတို့ သစ္စာစကားတွေအတွက်..
ငါအဆင်သင့်ပဲ... ချစ်သူ...
ဒါဟာ ငါ့နှလုံးသား သေတမ်းစာ....

21 မှတ်ချက်..။:
မမေ့ရက်ဘူး အချစ်ဦး ရယ် ...>>>
လွမ်းလှချည်လားးး အီးဆရာကြီး ရဲ့...း)
ဖတ်ရင်းနဲ့ တမျိုးပဲ ဖြစ်မိတယ်။ ရင်ထဲ အရိပ်တချို့ ဖြတ်ပြေးသွား သလိုမျိုးပါပဲ။
ချစ်သူဆိုတာ နာကျည်းဖို့မှ မဟုတ်တာ
ခေါင်းစဉ်လေးကအစ ကောင်းတယ်
အင်း ပန်ပန် ငါတော့ ဖတ်ပြီး ဘယ်လို သနားသွားမှန်း မသိဘူး တကယ် တကယ် . . . .း)
ဘယ်တစ်ယောက်အတွက်တုန်း...
သေချာပြော....
ဘယ်သူ့အတွက်သေတမ်းစာလဲဆိုတားးးး)
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ပန်ပန်တို့ ချစ်တတ်ပုံများ ..
ငါသာဆိုအမှန်ပြောတာ အဲလိုမနေနိုင်ဘူး ..း)
မုန်းစရာ မလိုသလို လွမ်းစရာလည်း မလိုတော့ဘူးလားလို့ပါ ..
နှလုံးသားသေတမ်းစာ နဲ့ ခံစားခွင့်..
ပြန်လည်အဆင်ပြေပါစေလို့ ကူဆုတောင်းပေးပါတယ်။
ဒါနဲ့
ကောင်လေးရေ..
“ဟီတာကိုဖွင့်ထားလို့ ရတဲ့အနွေးဓါတ်ထက်
ငါ့နှလုံးသားက မင်းကိုချစ်နေဆဲ အချစ်တွေက
ငါ့ကို ပိုနွေးထွေးစေတယ်...” စာသားကို အကြိုက်ဆုံးပဲ။ ဒါပေမဲ့ တို့တော့ ဟီတာမရှိရင် အဲလိုနွေးထွေးလို့မရဘူး :P
ရင်ထဲတောင်မကောင်းဘူး... ဖတ်ပြီး...
ကောင်းလိုက်တဲ့ ကဗျာလေး...အားပေးနေတယ်နော်... (may zin)
သေတမ်းစာတောင်ရေးနေပေါ့း)
အမုန်းမပါပဲ လမ်းခွဲရတာ ရင်နာလို့ မဆုံးပါဘူး..
မမေ့ရက်ဘူး ချစ်ဦးရယ်ပေါ့...
ကဗျာက ရင်နင့်ဖွယ်ပါ..
ခံစားချက်တွေ ပွင့်လာပြီ ဟီး၂
အဖြစ်ခြင်းတူတယ် :P
By the way ဘာလို့ စီဗုံးမထားတာလည်း ဟင်
ခေါင်းစဉ်ပေးထားတာ တော်တော်လှတယ်။ ကဗျာလေးကလဲ အလွမ်းအဆွေးတွေပါလား။ ပျော်ပါစေဟယ်။
မွေးနေ့ဆုတောင်းလေးအတွက် ကျေးဇူးနော်။
နှလုံးသား သေတမ်းစာက အလွမ်းတွေ ပေးခဲ့တယ် ခေါက်ဆွဲထုပ် ရယ်.။ အီးဆရာရဲ့ အလွမ်းတွေ နာကြည်းမှု့တွေ အမြန်ဆုံး ပျောက်ပါစေကွာ.။
ခင်မင်တဲ့
ညီညီ
ဒါ တကယ့်အချစ်စစ်ပဲ ..စိတ်မကောင်းလိုက်တာ ပန်ပန်ရဲ့ နှလုံးသားသေတမ်းစာကို သူလေး ဖတ်မိပါ စေလို့ ဆုတောင်းပေးနေပါ့မယ်...
ခင်နေမယ့်
သမီးပျို
ဂျပန်ကောင်လေးရယ်လို့ စီပုံးတစ်ချို့နဲ့ အိမ်တစ်ချို့မှာ မြင်ဖူးနေခဲ့ပေမယ့် ပထမဆုံး ရောက်ဖူးဖြစ်ခဲ့တယ် .. ပထမဆုံး ဖတ်ဖြစ်လိုက်တဲ့ ကဗျာလေးက နှလုံးသားသေတမ်းစာဆိုပဲ .. စိတ်ဝင်တစ်စားဖတ်ဖြစ်ခဲ့တဲ့အချိန် .. တစ်စုံတရာက ရင်ထဲကို ပါးပါးလေး ဖြတ်စီးသွားတယ် ..
ကဗျာလေး .. ကောင်းတယ် ..
နေရာဟောင်းလေးတွေ အများကြီးကိုပြန်ခေါ်သွားတယ်...။
အတိတ်ရဲ့ နေရာလေးတွေကို စာရေးတဲ့သူနဲ့အတူလိုက်ပြီးလွမ်းသွားမိတယ်...။
ဖတ်ရတာ...ကောင်းတယ်...။
(ချစ်သူမဟုတ်တော့တဲ့ တစ်ယောက်သောသူ ဖတ်မိပါစေဗျာ...)
ခင်မင်တဲ့
ဏီလင်းညို
ရေထားတဲ့ သေတမ်းစာလေး ကောင်းပါ၏
မျောတောင် မျောသွားတယ်..
မင်းကို ငါမမုန်းဘူး..
မင်းလည်း ငါ့ကိုမမုန်းဘူး..
ငါတို့ လမ်းလည်းမခွဲခဲ့ဘူး...
ချစ်သူတွေလည်းမဟုတ်တော့ဘူး..
ပိန်းတာကိုးဗျ
အတော်ကို စဉ်းစားလိုက်ရတယ်.။
သိသွားတယ်..
လာသိသွားလဲ မေးနဲ့
အတေတတ်.. ပြောဝူးးးးးးးးးးးးP
ခင်မင်စွာဖြင့်
စည်သူ။
ပန်ပန်ရေ တစုံတယောက်သောသူ သိမြင်နိုင်ပါစေ...
ဝါး..ကြိုက်တယ် ဒီကဗျာလေး မိုက်၏။
လေးစားလျှက်ပါ။
*မွန်း
တစ်မျိုးလေးဖြစ်သွားတယ်..ဖတ်လိုက်ရတာ
အားပေးနေတယ်နော်..
ရသစုံရေးနိုင်တာ လေးစားပါတယ်။
Post a Comment