ဘုန်း.. ကနဲ ရိုက်နှက်လိုက်သံနှင့်အတူ သူဝုန်းကနဲ ထထိုင်လိုက်မိသည်။ ကယောင်ကတမ်းကြည့်လိုက်တော့ သူ့ချစ်စွာသောဇနီး ခင်သက်လျာ။ သူမ တဘုန်းဘုန်းနှင့် လိုက်ရိုက်နှိုးနေသည်က ကျွန်တော်တို့၏ ချစ်လှစွာသော သားငယ်သမီးငယ်များဖြစ်သည့် ခင်ဝတ်မှုန်ရည်ဟူသော နံပါတ် (၁) သမီးအကြီးဆုံးမှ အစ သတိုးဝင့်ဟူသော နံပါတ် (၁၂) အငယ်ဆုံးသားအထိ ကြီးစဉ်ငယ်လိုက် တန်းစီနှိုးရခြင်းပင်..။ ဘ၀ဘယ်လောက်ခါးခါး သူတို့လေးတွေ ချိုမြိန်နေစေရန် လှပသည့် နာမည်လေးများဖြင့် ကျွန်တော်တို့ ဇနီးမောင်နှံ၏ ကြိုးစားအားထုတ်မှုဖြင့် မှည့်ခေါ်ရခြင်းပင်ဖြစ်သည်။
“ကဲ.. ကြီးစဉ်ငယ်လိုက် တန်းစီ”
တပ်မဟာကို အုပ်ချုပ်သည့် တပ်မမှူးတို့၏ အမိန့်ပေးသံကဲ့သို့ပင် စူးရှလွန်းသည့် ဇနီးသည်၏ အမိန့်ကို မလွန်ဆန်နိုင်သည့် သားငယ်သမီးငယ်တို့က စစ်သားများအလား ၀ုန်းကနဲ တန်းစီလိုက်မိကြသည်။ တစ်နှစ်ခြား မွေးဖွားသည့်အတွက်ကြောင့်ပေလားမသိ.. သူတို့ အရပ်နှင့်ခေါင်းလေးများက ဆိုင်းတီးသလို တီးမည်ဆိုပါက အစဉ်အတိုင်းပင်..။ “လက်ဖြန့်” ဟူသော အသံနှင့်အတူ ဆားတဆုပ်ချင်းစီကို အညီခွဲပြီး ဝေပေးလိုက်သည်။ ဒါက ကျွန်တော်တို့အတွက် အကောင်းဆုံးသော သွားတိုက်ဆေးမလား..။ ပြီးတော့ တစ်ယောက်ကို ရေတဖလားစီခွဲဝေပေးပြီးနောက် မျက်နှာသစ်ခြင်းအမှုကို ပြုပြီးသွားပြီဖြစ်သည်။
၎င်းနောက်မတော့ ကျွန်တော်နှင့်ဇနီးတို့က ပင်ပန်းဆင်းရဲကြီးစွာ ရှာကြံထားရသော ထမင်းခြောက်ထုပ်လေးကို ဖွင့်.. ချစ်မ၀သော ဥကလေးများကို ဝေမျှကာ မိသားစုမနက်စာကြီး စတင်သုံးဆောင်ကြတော့သည်။ ၀သည်မ၀သည် အပထား.. ဤကဲ့သို့ မနက်စာစားသောက်မှုသည်ပင် ကျွန်တော်တို့ အသိုင်းအ၀ိုင်းတွင် ကြီးမားလှသည့် ဂုဏ်ဒြပ်ပင်ဖြစ်သည့်အတွက် ကျွန်တော်တို့မျက်နှာတွင် ဂုဏ်ယူမှုများဖြင့် ပြွန်းတီးနေပေလိမ့်မည်။
ကဲ.. ဒီနောက်တော့ လုပ်ငန်းလည်း စရပေတော့မည်။ ဒီတစ်ခါ အမိန့်ပေးရမည်က ကျွန်တော့်အလှည့်..။ ကေသရာဇာခြင်္သေ့မင်းတို့၏ အောင်မြင်ခန့်ညားလှစွာသော အသံကဲသို့ အားလုံးကို “တန်းစီ” ဟု အမိန့်ပေးလိုက်သည်။
“နံပါတ် ၁ နဲ့ ၂.. ဒီနေ့ မြောက်ဥက္ကလာကိုသွားရမယ်..။ ကားဂိတ်ထမင်းဆိုင်.. တခုမှ မကျန်အောင် လိုက်တောင်းပါ.. မင်းတို့ဟာ အကြီးဆုံးတွေဖြစ်တဲ့အတွက် နံပါတ် ၁၁ နဲ့ ၁၂ ..အဲအဲ. ၁၂ ကို ခဏချန်ထား.. နံပါတ် ၁၁ ကိုမင်းတို့နဲ့ အတူတူ ခေါ်သွားပါ.. နေ့လည်စာမငတ်ရေးသည် ငါတို့ အားလုံး၏ တာဝန်ဖြစ်သည်.. ကြားလား..”
“ကြားပါတယ်... ” သံပြိုင်ရွတ်လိုက်သော အသံက အားရဖွယ် ကောင်းလေစွ။
“ဆက်ပြောမယ်.. နံပါတ် ၃၊ ၄ နဲ့ ၅ က စမ်းချောင်းကို သွားပါ..။ လူချမ်းသာတွေများကြားမှာ ငိုလိုက ငိုရမည်၊ သနားစဖွယ် အသံအားလုံး အကယ်ဒမီရှော့ဖြစ်ရမည်...။ ၀မ်းစာရေးသည် ပထမ၊ ၀မ်းစာရေးသည် ဒုတိယ၊ ၀မ်းစာရေးသည် တတိယ ဆိုတာကို မသေမချင်း မှတ်ရမည်။ ထမီအင်္ကျီ အလစ်ကြုံက လူမမြင်အောင် သုတ်ပါ။ လူမြင်ပါက ရသမျှပစ္စည်း ပစ်၍ပြေးပါ။ ငါတို့ မိသားစု၏ ကြီးမားသော ဂုဏ်ကိုထိန်းသိမ်းသောအားဖြင့် တတ်နိုင်သလောက် မခိုးပါနှင့်။ ရှင်းတယ်နော်... ”
“နောက်ပြီး.. နံပါတ် ၆၊ ၇၊ ၈၊ ၉၊ ၁၀ က တာမွေဘက်ကိုသွားရမယ်.. အဲဒီကတဆင့် သူတောင်းစားအလွန်ပေါတဲ့ ပန်းဆိုးတန်းကို ဆက်လက်ချီတက်ပါ.. မအောင်မြင်မချင်း မြို့ထဲဘက်သို့ဆက်လက်ချီတက်ပါ... စည်းလုံးညီညွှတ်မှုရှိပါစေ..”
“နံပါတ် ၁၂ လေးကိုတော့ မင်းတို့ အမေက ခေါ်သွားလိမ့်မယ်.. အားလုံး မရှင်းတာရှိလား..”
နံပါတ် ၄ သားလေးက “ အဖေ သားတို့ ပိုက်ဆံလေးတောင်းလို့ရရင် သားတို့ကို ပေးသုံးပါနော်.. ”
ကျွန်တော်ဘာမှ မပြောခင်မှာပဲ “တုတ်” ကနဲ ခေါင်းခေါက်လိုက်သည်က သူ့အမေ...။
“နင်တို့ မြိုစို့ဖို့အတွက် ၀ယ်စရာတွေအများကြီးပဲ.. မသုံးရဘူး.အကုန်အိမ်ပြန်သယ်လာ.. ” ဟူသော အသံရဲ့ အဆုံးမှာ သူမအသံတုန်ခါနေတာကိုတော့ ကျွန်တော်ပဲ သတိပြုလိုက်မိသည်။ ရစ်ဝဲချင်လာသော မျက်ရည်ကို တံတွေမြိုချ ပြန်ခေါက်သိမ်းလိုက်ပြီ.. “ ကဲ သားတို့ သမီးတို့ ကောင်းကောင်းသွားကြ.. ဒီနေ့ညစာ ကောင်းကောင်းစားလို့ရအောင် အဖေတို့ အမေတို့ လုပ်ပေးမယ်. နော်... ကဲ သွားကြ. သွားကြ..” လို့ပြောအပြီး သားငယ်သမီးငယ်တို့ အသီးသီးထွက်အသွားမှာ ကျွန်တော် ငိုင်ကျသွားမိသည်။
ဆူညံစွာ ထွက်သွားကြသော သူတို့လေးတွေရဲ့ ကျောပြင်ကို ကြည့်ရင်း ကျွန်တော် ရှက်မိသည်။ ဇနီးသည်ကို သိုင်းဖက်လိုက်မိပြီး.. ၀မ်းနည်းစွာ မျက်ရည်ကျမိသည်။ တာဝန်ကျေတဲ့ ဖခင်တစ်ယောက် မဖြစ်ခဲ့ဘူး..။ မိသားစုအပေါ်မှာ တာဝန်မကျေခဲ့ဘူး..။ အမှန်ဆို သူတို့လေးတွေ ကျောင်းမှာ ပျော်နေရမယ့် အရွယ်..။ ထက်ပိုင်းပြတ်နေသော ကျွန်တော့်ခြေထောက်ကို ယောင်ယမ်းကြည့်မိသည်။ နူနာရောဂါစွဲနေသော အသားတို့ကို စိတ်ပျက်စွာကြည့်မိသည်။ ဘယ်တတ်နိုင်မလဲလေ..။
ဟင်း.. ကနဲ သက်ပြင်းကိုချလိုက်မိပြီ.. ဘေးနားချထားသည့် ခွက်ကို လှမ်းဆွဲလိုက်သည်။ မြေပေါ်ဒရွတ်တိုက်ကာ ကျွန်တော့် စာမျက်နှာသစ်ကို ဖွင့်လှစ်တော့မည်။ သားငယ်လေးကို ပိုက်ကာ ကျွန်တော်ဇနီးလည်း မလှမ်းမကမ်းမှ နှုတ်ဆက်ထွက်ခွာသွားခဲ့ပြီ။ သိပ်မကြာသေးခင်မှာပဲ.. “ကျွန်မတို့ သားအမိလေး စားစရာမရှိလို့ ထမင်းဖိုးလေးသနားပါ.. ” ဆိုသည့် ငိုယိုသံနှင့် တောင်းရမ်းနေသည့် ဇနီးသည်အသံကို ကြားလိုက်မိသည်။ သစ်ပင်လေးဘေးမှာ မှီထိုင်ချလိုက်ရင်း ၀မ်းနည်းစွာ ကျွန်တော်ငိုကြွေးလိုက်မိသည်။ သားငယ်သမီးငယ်တို့၏ မျက်နှာ ကျွန်တော်ဇနီးသည် မျက်နှာ. အားလုံးက ကျွန်တော့်ကို အပြစ်တင်နေသလို..။ “အဖေ့ကို ခွင့်လွှတ်ကြပါ.. သားတို့ရယ်..” တီးတိုးတောင်းပန်မိသည်။
ဘယ်လောက်ကြာကြာ ငိုင်နေမိသည်မသိ။ မျက်နှာပေါ် ထိုးကျလာသည့် နေရောင်ကြောင့် စာမျက်နှာသစ်ကို စရေးနေမိတော့သည်။ ဒီနေ့သစ်မှာကော. ကျွန်တော်တို့ မိသားစု အဆင်ပြေပါ့မလားလေ...။ ဆန်မဟုတ်နိုင်သည့် ဆန်ကွဲအရည်ကျိုလေးကို သောက်နိုင်အောင်တော့ ကျွန်တော်ကြိုးစားပါဦးမည်။

19 မှတ်ချက်..။:
အဟင့် ..
ရှလွတ် ..
( နောက်ပြီးကျတဲ့ အသံ မဟုတ်ပါ ..)
အသည်းငယ်နေပါတယ် ဆိုမှ
ဝမ်းနည်း စရာ တွေ ပဲ
ဖတ်နေရတယ် ..
ဒါနဲ့ စကားမစပ် ..
နင့် အလှည့်ကျရင် လည်း
အားကျမခံ
ဘောလုံး ၁ သင်းစာ (၁၂ ယောက်)
မက အရံလူ (၁၀ ယောက်)
ပါ ရအောင် ကြိုးစားနော် ..
အဟိ ...
(မနောက်ရရင် မနေနိုင်လို့ပါ) ...း)
သနားစရာဘ၀လေးတစ်ခုပါပဲ။ ရှိတယ် အဲလို ဘ၀တွေအများကြီးတွေ့ဖူးတယ်။ တို့တတွေ အဲလိုဘ၀မရောက်ခဲ့တာ ကံကောင်းတယ်နော်။ တို့မျိုးဆက်တွေအထိ ကံကောင်းအောင် အခု ကြိုးစားကြစို့ :D
ရေးချက်ကကောင်းလွန်းတယ် ပန်ပန် . . . ဘ၀တွေ ဘ၀တွေ တို့နိုင်ငံမှာ ဒီလိုမိသားစုတွေ အများကြီးပါပဲကွာ . . . . လသာညပြောသလို
လူတန်းစေ့ နေနိုင်ခဲ့တာပဲ တို့ဘ၀တွေ ကံကောင်းနေပြီးလို့ ဆိုရမှာပဲ . . . .
ပျော်စရာလေးတွေရေးပါ။ နဂိုကတည်းကစိတ်ညစ်နေရတာ။စိတ်ညစ်စရာတေါ ထပ်ဖတ်ခိုင်းနေပြနပီ
ဘာပြူလို့မနိုင်ဘဲနဲ့ ၁၂ယောကတွေမွေးသလဲ သားကြောဖြတ်လိုက်တာမဟုတ်ဘူး
ဂျပန်လေးရေ...
ပို့စ်အသစ်လေးကို..လာဖတ်တာ...။
ဖတ်ပြီးတော့လည်း...စိတ်မကောင်းဖြစ်သွားရပြန်ရော..။
သနားစရာကောင်းတဲ့ ဘ၀လေးတွေပဲနော့်....။
ခင်မင်လျှက်
ဏီလင်းညို
တော်ပီ နာ့တို့တော့ ကလေးမယူတော့ဘူးးး
:(
သနားစရာနော်... ပန်ပန်
ဘာပြောရမှန်းကို မသိတော့ဘူး...
ဟင်းးးးးးးးးးးးးးးးးးးးးးးးးးး(
တော်ဘီးတွေရော.
ယူတော့ ဝူးးးးးးးးးးးတွေရော
ဘယ်လိုဖြစ်ကုန်တာတုန်းဟ..
မျက်စိထဲ မြင်ယောင်ကြည့်ပြီး ဖတ်သွားတာ ကိုဂျပန်ရေ..
ဒီလိုဘဝမျိုးတွေကို ကိုယ်ချင်းစာမိပါတယ်
ဖတ်ရင်းနဲ့ နဲနဲလေးတော့ ဝမ်းနည်းသွားတယ်.
ကျွန်တော့် စာမျက်နှာသစ်ကို ဖွင့်ရတာပေါ့တဲ့..
ပျော်ရွှင်ပါစေဗျာ
စည်သူ။
အဲလိုမျိုးတွေ အများကြီးပဲ. . .သနားစရာကောင်းတယ် ဒါပေမယ့် ကိုယ်တိုင်လည်း မတတ်နိုင်ဘူးဗျာ..
ငါ့မောင်လေးရဲ့ အတွေးကို တကယ့် အံမခန်း လေးစားသွားတယ် တော်ရုံမတွေးမိမယ့် အဖြစ်အပျက်လေးတွေကို စာဖွဲ့ပေးတာကို ဖတ်ရင်းနဲ့ ၇င်ထဲ တော်တော်မကောင်းဘူး...
ခြေထောက်တာပြတ်တာ ကလေးက ၁၂ ယောက်တဲ့
အေးလေ ဆင်းရဲသားတွေက ပိုပြီးကလေးများတယ် မဟုတ်လား။ ပျော်ရွှင်သာယာမှုမှ မရှာနိင်တာ။
ဘယ်လိုအဆင့်အတန်းမျိုးပဲဖြစ်ဖြစ် မိဘတွေရဲ့ ရင်ထဲက အပူကတော့ အတူတူပဲ ထင်တာပါပဲ။
စာရေးကောင်းတယ်။
အီးဆရာ ရေ. ဖက်ပြီးစိတ်မကောင်းဖြစ်သွားတယ်။
အေးကွာ ဆယ့်နှစ်ယောက်ဆိုတော့လည်း များတာပေါ့ကွာ.။ အီးဆရာ အလှည့်ကျ သဲသဲ ပြောသလို ဘောလုံးတစ်သင်းစာလောက်တော့ ကြိုးစားနော် သယ်ရင်း :)
ခင်မင်လျှက်
ညီညီ
IT's very you.Do you remember i request you to write this soft of things before? I am very glad to read this but not satisfied bec too short. Actually you should write it more, man. I am looking for more than this. I have no doubt you can make it.
ရေးတတ်လိုက်တာ
စိတ်မကောင်းဖြစ်အောင် အင်မတန် ရေးတတ်တယ်။ မရှိသူတွေမှာ ပိုပြီးရှိနေတာ သားသမီးတွေနော်။ ကိုမြစ်ပြောသလိုပဲ မိဘတွေအပူကတော့ အတူတူပါပဲ။ ဆင်းရဲချမ်းသာ မရွေးပေါ့နော်။ ပိုစ့်လေးကောင်းတယ်
ကျွန်မကတော့ စိတ်မကောင်းမဖြစ်မိဘူး...
ယောက်ျားက မလုပ်နိုင်တာတောင်...
မိန်းမက အကောင်းကြီး ရှိသေးတာပဲ... တောင်းစားစရာလား...
ကလေးတွေကို တောင်းစားခိုင်း၊ အလစ်သုတ်ခိုင်းတဲ့ လူကို မသနားမိဘူး...
(စားအရေးအသားတော့ တော်တော်ကောင်းတယ် စာဖတ်ရတာ ပျင်းတဲ့လူတောင် ဒီဘလော့အကုန်ဖတ်ဖြစ်မယ်ထင်တယ် ဟိဟိ)
Post a Comment