ပေါက်တတ်ကရလေးဆယ်....

စနေနေ့ဆိုတော့ အိပ်ရာကလည်း မထချင်။ ရာသီဥတုကလည်း အေးသမို့ အပျင်းလေးတွေပါ စွက်ရင်းနဲ့ အိပ်ရာထဲမှာ ခွေနေမိတယ်..။ ဒီလိုပဲပေါ့လေ.. ဝေးတမြေခြားနေသူဆိုတော့ အတိတ်က အကြောင်းလေးတွေကို စမြုံ့ပြန်နေမိတာပေါ့..။

ဘာရယ်မဟုတ်ပါဘူး... မနေ့ညနေက အိမ်သာသွားတက်မယ်လုပ်တော့ အိမ်သာခွက်ထဲမှာ အီးတုံးတွေဗျာ...။ တကတည်း International Students Domitory တဲ့။ ဒီခလုတ်လေးနှိပ်ပြီး ရေဆွဲချမှာများ ဟင်း..နော်...။ ဒေါတွေခွီးရင်းနဲ့ ဟီးဟီး.. ကုလားသုံးကောင်ကို မြင်ယောင်နေတာ.. (ကုလားများပါရင် ခွင့်လွတ်ပါ.. သူတို့က နံလို့..)။ ဒီလိုလည်း ထစ်ထစ်ချ ဆွဲတွေးလို့မရဘူးလေနော်...။ တခြားသူလည်း ဖြစ်နိုင်တာပဲ...။ တိုတိုပြောပါစို့.. အဲလိုနဲ့ ရွံလို့.. ထွက်ခါနီးအီးကို အသာလေးပြန်သွင်းပြီး.. စိတ်ဆိုးမာန်ဆိုး ချတ်တင်ဆက်ထိုင်သဗျာ...။

ဒီအထိဖတ်ပြီးရင်တော့ လာပြီ. ပန်ပန်တော့အီးပဲလို့တွေးမယ်.. ။ မတွေးပါနဲ့ဗျာ.. ။ ကျွန်တော့်ဘ၀မှာ ဒီအီးက တကယ်ကိုပဲ ဒုက္ခပေးခဲ့သကိုး...း(..။ ပြောကိုမပြောချင်ပါဘူး.. (ပြောချင်လို့ စာရေးတယ်မှတ်ပါ.. :P)။ ဂျပန် ရန်ကုန်ကို တက္ကသိုလ်ပထမနှစ်လာတက်တော့ အူလည်လည်လေးနဲ့ပေါ့လေ...။ ပထမနှစ်ဝက်တော့ အဒေါ်အိမ်မှာနေလိုက်ပေမယ့် သူတို့က ထမင်းကို သူတို့စိတ်ပေါက်မှစားတော့ တခါတလေး ဗိုက်ကဆာရင် ဆာနေမယ်.. တခါတလေတော့လည်း မဆာပဲနဲ့ဝင်စားရတယ်ဆိုတော့ ကျွန်တော်နဲ့ကိုက်ဝူးဗျာ..။ ဒါနဲ့ အမေ့ကို ချွဲ.. အဖေ့ကို ပတ်နှပ်ပြီး အဆောင်နေမယ်ပေါ့လေ..။

အဆောင်နေမယ်ဆိုတော့ ဒီချစ်စရာကောင်းတဲ့ ကောင်ချောလေး (ဟီးဟီး..သည်းခံဖတ်ပါ.. ) ကိုစိတ်မချကြဘူးပေါ့လေ..။ ပျက်စီးမယ် ဘာညာပေါ့..။ ဒါနဲ့ ဒီကောင်ကလည်း “ဒီမယ် အဖေနဲ့ အမေ... ကျွန်တော့်အသက် ၁၇ နှစ်ရှိပြီ..။ ကိုယ့်ခြေထောက်ပေါ် မားမားရပ်နိုင်တယ်ဆိုတာ သက်သေပြလိုက်စမ်းချင်ရဲ့.. ဟင်းဟင်းဟင်း.. ” လို့လည်း ကြိမ်းပြလိုက်တော့ အဆောင်နေခွင့်ရတာပေါ့..။ ဒီလိုနဲ့ မမကြီးနဲ့ တူတူ အဆောင်ထွက်ရှာကြရော..။

ဒါနဲ့ပဲ.. ပညာရေးဝန်ထမ်းတွေအနေများတဲ့ အဓိပတိလမ်းကို လာရှာသပေါ့လေ..။ အဆင်ပြေချင်တော့လည်း တခန်းလွတ်သတဲ့..။ ဒါနဲ့ ဘာပဲဖြစ်ဖြစ်နေမယ်ပေါ့လေ...။ အဲတာနဲ့ ဂျပန်အဆောင်သားကြီးဖြစ်သွားရော.....။ အဆောင်ဆိုပေမယ့် ထရံကာဗျာ.. အပေါက်တွေနဲ့။ ကုတင်ဆိုတာကလည်း ကွပ်ပျစ်ပါဗျာ... တက်ထိုင်လိုက်ရင် ကျလွိ ကျလွိနဲ့..။ ဟင်း.. ငါ့စကားနဲ့ ငါပဲလေ..တတ်နိုင်ဝူးဆိုပြီး ကြိတ်မှိတ်အိပ်လိုက်တာ... တရေးထဲပဲဗျာ..။ အဲ.. ဖျတ်ကနဲနိုးလာတော့ မနက် ၆ နာရီထိုးနေပြီ..။ ရန်ကုန်သားရန်ကုန်သူတို့ထုံးစံအတိုင်း ဒီအချိန် ထချိန်မှမဟုတ်...။ ငြိမ်သက်နေတာပဲ...။ အိုး.. ငှက်သံလေးတွေနဲ့ ကြည်နူးလိုက်တာ.... တာာ. တာ.. အဲ.. တွေးနေတုန်း.. ဗိုက်ထဲက နာလာတယ်..။ အိမ်သာတက်ဦးမှလို့ နှလုံးပြုပြီး အခန်းအပြင်ကိုထွက်လာလိုက်တယ်..။ အဲ.. အိမ်သာကို ဘယ်လိုမှ ရှာမရဘူးခင်ဗျ..။ အီးးးးးးးးးး..... အိမ်သာက အိမ်ထဲမှာကိုးးးးးးးး...ဟင့်..။ အသံလေးတိုးတိုးနဲ့ ခေါ်ကြည့်ပါသေးတယ်.. ပြန်တော့ဖြေတယ်ခင်ဗျ.. ဟောက်သံနဲ့..။

ဘယ်လိုလုပ်ရမလဲ.. အီးကလည်း တအားကိုပါချင်....း(..။ နောက်တော့ ကြံရာမရ အဓိပတိလမ်းပေါ်ထွက်လာတယ်...။ သြော်. .. လူသွားလူလာလည်းမရှိပါလား..။ ဟိုဒီလျှောက်ကြည့်တော့ အဲ..နေရာကောင်းလေး..အဟိ..။ စိန်ရတုခန်းမနားလေးက ထောင့်လေးမှာ အပင်ကြီးတစ်ပင်...။ ဘယ်သူမှလည်းမရှိ..ခပ်မြန်မြန်လေး.. အားစိုက်လိုက်တယ်လေ.... ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးး။

ဒါနဲ့ပဲ.. ဝေဒနာလည်းကင်းသွားပြီမို့ အသာလေး အိပ်ရာထဲပြန်ဝင်ခဲ့မိတယ်..။ သေချာတာကတော့ အဲဒီနေ့ သူတို့လည်းထရော.. ဂျပန်အဆောင်ပြောင်းတော့တာပဲ...။ ပါချင်တဲ့အချိန်မပါရတဲ့ ဒုက္ခကို ဘယ်သူသိမလဲတဲ့နော.....။

အိမ်း... စကားလက်ဆောင်ပါးလိုက်ပါရစေ...။ ကြုံလို့ပေါ့.. ရန်ကုန်တက္ကသိုလ်ရှေ့က အဓိပတိလမ်းတလျှောက် စိန်ရတုခန်းမနားရောက်တော့မယ်ဆိုရင် အဲဒီထောင့်နားက အပင်ကို သတိထားကြည့်လိုက်ပါ...။ ကျွန်တော်ဂျပန်ကောင်လေးရဲ့ အထိမ်းအမှတ်လေးကို မြေမြုတ်ထားပါကြောင်း..နောင်လာနောက်သားများကို အသိပေးလိုက်ပါသည်..................။

အိပ်ဦးမယ်ဗျာ...။ တာ့တာ...း)...


13 ယောက်က မှတ်ချက်ပြုသွားသည်။:

ညီညီ said...

အီမဟာ ဘွဲ့ ရ ကတော့ လုပ်ချလိုက်ပြန်ပြီပေါ့.။ အဲဒါကြောင့် အဲဒီသစ်ပင်ကြီးကို အဝေးက မြင်ရတောင် ဒီအပင်ကြီး ထွားကြိုင်းလှချည်လား ထင်နေတာ. သူ့မှာလည်း ရာဇ၀င် ကြီးနဲ့ကိုး.။ နောက်ထပ် အီး အကြောင်းတွေ လည်း များများရေးဦးကွာ နော်.။ ကြာရင် စာချင်သောက်ချင်စိတ်တွေပျောက်ပြီး ဘလော့လာလည်သူအပေါင်း စလင်း ဘော်ဒီလေးတွေ ဖြစ်ကုန်လိမ့်မယ်နော်.ဟိဟိ.။

ခင်တဲ့

ညီညီ

ဂျေဂျူဝိုင် said...

ဟင်

စိုင်းစိုင်းလားရှိုး said...

လွယ်လွယ်လေး ကျွတ်ကျွတ်အိတ် ဆောင်ထားး)

မိုးခါး said...

အကျိုးမှ မပေးပဲ
အိမ်သာနဲ့ ဝေးဝေးရှောင် :P

reenoemann said...

ပေါက်တကိကရ လေးဆယ်လုပ်တော့မယ်။

အီးပန်ပန် လို့ ပြောင်းခေါ်မှ ရတော့မယ်။

ကိုရီနို

reenoemann said...

ပေါက်တကိကရ လေးဆယ်လုပ်တော့မယ်။

အီးပန်ပန် လို့ ပြောင်းခေါ်မှ ရတော့မယ်။

ကိုရီနို

သီဟသစ် said...

အီးပန်ပန်
:P

စည်သူ said...

ဟား..ဟား..ဟား..
ကိုရီနိုပြောသလိုပါပဲ အီးအာဂျီနိုမိုတို လို့ပဲခေါ်တော့မယ်

လုပ်ပြန်ပေါ့ နောက်တစ်အီး..

လသာည said...

ဒါကြောင့်ဖြစ်မယ် အဲဒီအပင်နားကဖြတ်တိုင်း အနံတစ်ခုရပါတယ်လို့ ထင်ခဲ့တာ။ တရားခံမိပြီ။ အခု အိုဆာကာ ရောက်နေပြီလား။ အစစအဆင်ပြေပါစေလို့..။တကယ်လို့ တစ်ခုခု အကူအညီ လိုအပ်ရင် အစ်မမေးလ်ကို ဆက်သွယ်လိုက်နော်။ အိုဆာကာမှာ အသိတွေရှိတယ်။

ဗညားရှိန် said...

ဟားဟားဟား ငပန်ရယ် ဖြစ်ရလေ တော်ပြီး ငါနောက် စိန်ရတုခန်းမနား မသွားတော့ဘူး ဟားဟားဟား ငပန်ရဲ့ အမှတ်တရလေးတွေ ရှိတယ်ဆိုတာ သိလိုက်လို့လေ ဟားဟား

ကောင်းကင်ပြာ said...

အမြဲတန်း အီး အဆင်ပြေပါစေ....ဟင့်..ဆိုးချက်

flowerpoem said...

ညစ်ပတ်တယ် ဗျို့

မငုံ said...

:) ပန်ပန်တို့က လုပ်ချလိုက်ပြန်ပြီ။