စာကြည့်စားပွဲလေးကနေ အပြင်ဘက် တောအုပ်ထဲကို ငေးကြည့်နေမိသည်။ တောအုပ်ဘေးမှာ ပန်းခြံလေး။ ကလေးပေါင်းစုံ ဆော့ကစားနေကြသည်။ ဒါန်းစီးသည်။ ပြေးလွှားဆော့ကစားနေကြသည်။ မိဘ အုပ်ထိန်းသူတို့က ဘေးနားမှာ။ သူတို့ နိုင်ငံမှာ သူတို့တွေလည်း ပျော်ကြမှာပဲလေ။ သူတို့မှာ မိသားစုရှိသည်။ မိတ်ဆွေရှိသည်။ ဒါသည် သူတို့ အသိုင်းအ၀ိုင်းဖြစ်သည်။
ကျွန်တော်ကတော့ ဒီနေရာလေးမှာ တစ်ယောက်တည်းပဲ။ မနက်အိပ်ရာထလည်း တစ်ယောက်တည်း။ ကျောင်းသွားလည်း တစ်ယောက်တည်း။ သူငယ်ချင်းအပေါင်းအသင်းများတို့ကလည်း ဒီနေရာလေးနှင့် ဝေးကွာသည့်နေရာများမှာလေ...။ တစ်ယောက်ကို တစ်ယောက်သွားလည်ဖို့လည်း ငွေရော အချိန်ရော အင်မတန် ခက်ပါသည်။ ဆက်သွယ်ဖြစ်သည်။ လေလှိုင်းကြားကဆင့်။ အင်တာနက်တွေ ကြိုးတွေကြားက ဆက်သွယ်ချက်တွေက ပြင်ပလောက်တော့ ရင်ကို နွေးထွေးမှုမပေးတာကတော့ အသေအချာပဲလေ။
ကိုယ့်ဘ၀ ကိုယ်ရည်မှန်းချက်အတွက်သာ ဝေးတနေရာမှာ လာရောက်နေထိုင်နေရသည်။ သူငယ်ချင်း အပေါင်းအသင်းလည်း တိုးလာပါသည်။ မိတ်ဆွေလည်း တိုးလာပါသည်။ ဒါပေမယ့် ယဉ်ကျေးမှုမတူ အခြေခံ ခံယူချက်ခြင်းမတူ အသိုင်းအ၀ိုင်းချင်းမတူတာကြောင့် တကယ်ပဲ ဒီဆက်သွယ်ချက်တွေက ရင်ကို မနွေးထွေးစေတာကတော့ အမှန်ပဲလေ။
ဘာပဲ ပြောပြော.. နေရာသစ်တစ်ခုမှာ အနည်ထိုင်နိုင်ဖို့ ကြိုးစားရင်းနဲ့ အတိတ်က သူငယ်ချင်းတွေနဲ့ မိသားစုတွေနဲ့ မိတ်ဆွေတွေနဲ့ ပျော်ရွှင်ခဲ့တဲ့ဘ၀ကို စိတ်ကူးခဏခဏ ယဉ်မိပါတယ်ဗျာ..။

17 ယောက်က မှတ်ချက်ပြုသွားသည်။:
ပန်ပန်ရေ
အားလုံး သတိရနေကြပါတယ်ကွာ
အနေဝေးပေမဲ့ ဒို့ ညှမကို မောင်နှမတွေ သွေး မဝေးပါဘူးးး
ပျော်ရွှင်ပါစေ ညီလေးရေ
ညီလေး ရည်မှန်းချပ်တွေ အားလုံး အောင်မြင်နိုင်ပါစေ
သိပ်လည်း အားမငယ်ပါနဲ့ဟာ...
နင့်ကိုချစ်တဲ့ ဘလော့ဂါမောင်နှမတွေ အများကြီးပါ။
ဒီလူတွေရှိတာကပဲ ၀မ်းသာ စရာမဟုတ်ဘူးလားး)
ပျော်ရွှင်စရာ ၀မ်းသာစရာတွေပဲ တွေးနေပါ။
ညီလေးေ၇ ပျော်ပျော်နေကွ။
ငါ့ညီ ရာသီဥတုက တစ်မျိုး၊ ကျောင်းကတဖက်၊
ချစ်သူကို လွမ်းတဲ့ စိတ်နဲ့ မောင်နှမတွေကို သတိရတဲ့ စိတ်၊ မိဘကို တမ်းတတဲ့ စိတ်တွေနဲ့ ပင်ပန်းနေပါအုံးမယ်။
နောက်တော့ အနေကျသွားမှာပါကွာ။
ချစ်တဲ့ ကိုရီနို
ပန်ပန်လေးရေ တင်းထားကွ...နောက်တော့ နေသားကျသွားမယ်နော် ကောင်လေးးး
hello....
Time is time, Place is place
အားတင်းထားကွဲ့ :D
တခုလိုချင် တခုတော့ ရင်းနှီးရတာပဲမဟုတ်လား .. နေသားကျသွားမှာပါ
း))
မြန်မြန်နေသားကျပါစေ ငါ့ကောင်ရေ.
အားတင်းထားကွ..
ခင်တဲ့
ညီညီ
ခဏတာ ခံစားရတာပါ နေမှာပါ ..
နောက်တော့လည်း
အားလုံးကို
ကျင့်သားရပြီး
ပျော်သွားမှာပေါ့ ..
SG ကို ရောက်စတုန်းကလိုပေါ့ ..
နောက်တော့
သူငယ်ချင်းတွေ တိုးလာပြီး
အားလုံးကို နေသားကျသွားတာပဲ လေ ..
ရည်မှန်းချက်တွေ
အားလုံး အောင်မြင်၍
အစဉ်အမြဲ ပျော်ရွှင် နေနိုင်ပါစေ ..
ပြည်ပရောက်တဲ့သူတော်တော်များမျာ ခံစားရတဲ့ ခံစားချက်လေးပါ။
ဘာဘဲပြောပြော ခံစားချက်ခြင်းတိုင်ဆိုင်တာကြောင့် နှစ်သိမ့်ပေးသွားတယ်နော်။
ပန်ပန်ရေ သူများတွေ ဆုတောင်းပေးတာ ကုန်နေပြီ။
သူတို့ပြောတဲ့အတိုင်း ဖြစ်လာမှာပါ.။
စလုံးမှာတောင် နင်ကျော်ဖြတ်နိုင်သေးတာဘဲ။
အခုလဲအစမို့ပါဟယ်။
နောက်တော့လဲ နေသားကျသွားရင် ငါတို့ကိုတောင်
နင်မေ့သွားမှာပါ။
ဘာဘဲဖြစ်ဖြစ် ပျော်ရွှင်ပါစေ ပန်ပန်ရေ။
ဟုတ်တယ် မောင်လေးရေ
ဘ၀တူတွေပဲ ပို့စ်လေးကို ဖတ်ပြီး စိတ်မကောင်းဘူး..
တစ်ယောက်တည်းမှမဟုတ်တာ စိမ်းလည်းဒီလိုပါပဲ ... အားတင်းထားပေါ့... သူငယ်ချင်းတွေရှိတာပဲ...:)
နေရာသစ်မှာ အဆင်ပြေပျော်ရွှင်ပါစေ သယ်ရင်းရေ...
အားမလျော့လိုက်လေနဲ့နော်။
လျော့လိုက်ရင် ပျော့သွားမယ်။
တင်းထားးးးးး တင်းထားးးးးးးးးး (အားပြောပါတယ်)ဟဲဟဲ။
အားတင်းထားးးးးးးးးးး ဂျပန်လေးရေ...
အားလုံးလဲ မင်းကို သတိရနေမှာပါ။ သတိရနေကြပါတယ်။
ဟုတ်ပါတယ်....
ဘ၀အတွက်ပဲ ....
တချိန်ချိန်တော့ ကိုယ်ချစ်တဲ့မိသားစု...
ကိုယ်ချစ်တဲ့ ပတ်ဝန်းကျင်...
ကိုယ်ချစ်တဲ့ သူငယ်ချင်းတွေနဲ့...အတူတူပြန်ဆုံနိုင်ကြမှာပါ...
အလွမ်းများထပ်တူဖြင့်
ညရဲ့ကောင်းကင်
မောင်လေးရေ မမသီရိ ဆီကတဆင့် လာခဲ့တာပါ။ သူများတွေ အားပေးသလိုပဲ အားပေးလိုက်ပါတယ်။
"ခံနိုင်ရည်" ဆိုတဲ့စကားလုံးလေးရဲ့ အဓိပ္ပါယ်ကို အမြဲတမ်း ရွတ်ရင်း လက်နှက်အဖြစ် အသုံးချလို့ ဘ၀ တိုက်ပွဲကို အောင်မြင်နိုင်ပါစေလို့ ...
ခင်မင်လေးစားလျှက်
နေရာသစ်ရောက်နေတယ်ဆိုတော့လဲ ဒီလိုပါပဲ ပန်ပန်ရာ။ နောက်ဆို ပျော်သွားလိမ့်မယ်။ နွေးထွေးမှု့ကတော့ သိတဲ့အတိုင်း ချက်ချင်းရဖို့ဆိုတာ မလွယ်ဘူး။ တကယ့်နွေးထွေးမှု့အစစ်နဲ့ ကြုံပါစေနော့။
Post a Comment