စိတ်ကူးဆိုတာ ယဉ်တိုင်းသာ ဖြစ်လာခဲ့ရင် သိပ်ကောင်းမှာနော်။ နေ့စဉ်နဲ့အမျှ ယဉ်ခဲ့ရတဲ့ စိတ်ကူးတွေ ဖြစ်မလာတဲ့အခါမှာတော့ သက်ပြင်းလေးချရုံကလွဲလို့ ဘာမှကို မတတ်နိုင်တော့တာပါ။
.......................................................
ဖျပ်ကနဲ မျက်လုံးပွင့်လာတာနဲ့ ထိတ်ကနဲဖြစ်သွားသည်။ ၀ုန်းကနဲ ထထိုင်လိုက်ပြီး နာရီကို ကမူးရှူးထိုးလှမ်းကြည့် လိုက်မိတော့ ၈း၄၀။ ဘုရားရေ.. အတန်းက ၉ နာရီ။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမိသိတော့ပဲ ယောင်ချာချာနဲ့ သွားတိုက် မျက်နှာသစ်။ ရေတော့ မချိုးနိုင်တော့ဘူး။ တော်သေးလို့ ၁၀ မိနစ်ထဲနဲ့ ပြီးသွားသည်။ စာအုပ်တွေ ကွန်ပျူတာတွေကို ပွေ့ပြီး အပြင်ကို ထွက်ဖို့ပြင်လိုက်တော့ ၉ နာရီ ထိုးဖို့ ၇ မိနစ်။ ဒီအချိန် ကျောင်းကား စောင့်နေလို့ မီမှာမဟုတ်။ ဒီနေ့ ပါမောက္ခက အတန်းကို အတိအကျ တက်မှကြိုက်သည်။
ဒီလိုနဲ့ စာအုပ်တွေ ကွန်ပျူတာတွေကို ကျောပိုးအိတ်ထဲ ပြောင်းထည့်လိုက်ရသည်။ ပြီးတော့ စကိတ်ကို ၀တ်။ မတတ်နိုင်ပါ။ ဒီအချိန် လူရှုပ် ကားရှုပ်နေတဲ့အချိန်မျာ အန္တာရာယ်များပေမယ့်လည်း အတန်းကို အမြန်ရောက်ဖို့က ဒီတနည်းပဲ ရှိသည်။ ဒီလိုနဲ့ ဟိုကွေ့ဒီပတ် ဟိုရှောင်ဒီရှောင်နဲ့ စကိတ်မင်းသားလေး ကျွန်တော် အတန်းကိုရောက်တော့ ၉ နာရီထိုးဖို့ ၃ စက္ကန့်။ သက်ပြင်းကို မှုတ်ထုတ်လိုက်ပြီး လူလည်း ပျော့ကျသွားတော့ “၀ုန်း” ကနဲ ပစ်လဲသွားသည်။ ရှက်ရှက်နဲ့ လူးလဲထဖို့ ပြင်တော့ မျက်ဝန်းလေးတစုံ။ ပြုံးစိစိနဲ့ ကြည့်နေတဲ့ မျက်ဝန်းလေး တစုံကို ကျွန်တော်ငေးမိသွားတော့ သူမရှက်ရှက်နဲ့ ဟိုးဘက်လှည့်သွားသည်။
ကျွန်တော် လူးလဲထလိုက်ပြီး သူမဘေးကို ၀င်ထိုင်လိုက်မိသည်။ ပြီးတော့ လက်ကို ဆန့်ထုတ်လိုက်ပြီး “အခိဟိတို” ပါလို့ မိတ်ဆက်လိုက်သည်။ သူမက “အယုမိ” လို့ ပြန်နှုတ်ဆက်ပြီး ပြုံးပြသည်။ အား..ပါး... လှလိုက်တဲ့ အပြုံးလေး..။ ပါးချိုင့်ကလေးနဲ့.. အိုး...။ ရင်ထဲကို တကယ်ပဲ စွဲသွားသည်။
အဲဒီနောက်ပိုင်း ကျွန်တော်က စာတွေကို သူမထံ ပုံမှန်သွားမေးသည့် အလေ့ရှိလာသည်။ စာကြည့်တိုက်သွားလည်း အတူတူသွားတတ်လာသည်။ ဘယ်သွားသွား ဘယ်လာလာ အတူတူသွားတတ်လာသည်။ အားကစားကလွဲရင်ပေါ့လေ..။ ကျွန်တော်က ဟော်ကီကို ကစားပြီးတော့ သူမက gymnastics ကိုကစားတာကိုး။ ရုပ်ရှင်လည်း အတူတူကြည့်တတ်လာသည်။ ညဈေးတန်းတွေလည်း အတူတူသွားလာတတ်သလို ရာမန်တွေကိုလည်း ခဏခဏ အတူတူစားတတ်လာသည်။
ဒီလိုနဲ့ တနေ့မှာ ပန်းသွားကြည့်ဖို့ သူမကို ဖိတ်ခေါ်လိုက်သည်။ ဆကူရာတွေ အသီကြီးပွင့်နေသည့် ဂျပန်ပြည်မှာ ပန်းကြည့်ပွဲဆိုတာ သပ်သပ်ရှိသည့်အတွက် သူမနဲ့ တူတူကြည့်ချင်သည်။ အဲဒီနေ့ရောက်တော့ ကျွန်တော်က မနက်အစောကြီးထပြီးတော့ ပြင်ဆင်ရသည်။ သူမအတွက် ပန်းစည်းလေးကတော့ အဆင်သင့်။ အတန်အသင့်ရှည်နေပြီဖြစ်တဲ့ ကျွန်တော့ဆံပင်ကို အရင်ဆုံး ကျစ်ရသည်။ ကျစ်ပြီးတော့ နောက်ကို လှန်ပြီး စည်းလိုက်သည်။ ပြီးတော့ မျက်ကပ်မှန် အပြာနုလေးကို တပ်လိုက်သည်။ လောင်းကုတ်ကိုဝတ်ပြီးတဲ့အခါမှာ အဟဲ.. တကယ့်ကိုးရီးယားမင်းသားပါလား..။
သူမဆီကိုရောက်တော့ ဘဲလ်တီးပြီး ခဏစောင့်နေမိသည်။ မကြာခင် တံခါးလေးပွင့်လာသောအခါ...... အိုး.. လှလိုက်တာ...။ သတိလစ်မတတ်ငေးနေတဲ့ ကျွန်တော့ကို သွားရအောင်လို့ သူမကပြောတော့မှ အင်းအဲ ထူးမိသည်။ ဘုရားရေ.. ငါတော့ ဓါတ်လိုက်ပြီထင်တယ်..။ တကိုယ်လုံးတုန်ရီနေသည်။ ရင်ကလည်း တလှပ်လှပ်နှင့်။
ဒီလိုနှင့် မြက်ခင်းလေးပေါ်ထိုင်ရင်း ပန်းတွေကိုကြည့်ရင်းနှင့် သူမနှင့် စကားပြောနေမိသည်။ ဆူရှိလေးတွေကို သူမကို ခွန့်ကျွေးရင်း ကျွန်တော်မနေနိုင်တော့ပါ။ “အယုမိ.. အအိရှိတဲအိလု” လို့ ပြောလိုက်မိသည်။ သူမများ စိတ်ဆိုးသွားမလားလို့ မရဲတရဲ သူမမျက်နှာကို ကြည့်နေမိသည်။ သူမက လှပစွာပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ရင်တထိတ်ထိတ်နဲ့ သူမလက်လေးကို ဆုပ်ကိုင်လိုက်မိသည်။ နတ်ဝင်ပူးနေသလို ဘာဆိုဘာမှကို မသိတော့တာပါ။ သူမပခုံးလေးကို ဆုပ်ကိုင်ပြီး ကျွန်တော့်ခေါင်းသူမဆီကို တိုးသွားတာပဲ သိနေသည်။ နောက်ဆုံးမြင်လိုက်ရတာတော့ သူမမျက်လုံးလေးတွေ စင်းပြီး ကျွန်တော့်ကို ကြည့်နေတယ် ဆိုတာပဲလေ..။ သူမရဲ့ လှပတဲ့ နှုတ်ခမ်းလေးပေါ်မှာ အနမ်းလေးတွေ ချွေမယ်အလုပ်......
“HELLO..... YAN! LINE 3 FOR YOU! ANANDA FROM BUMIARMADA WANNA TALK TO YOU! TRANSFER IT PLEASE”
လူလည်း ယောင်တောင်တောင်နဲ့ တယ်လီဖုန်းကို ကောက်ကိုင်လိုက်မိသည်။ တဖက်က ကုလားက ဘာတွေပြောနေမှန်းကိုမသိတော့ဘူး။ စိတ်ရှုပ်ရှုပ်နဲ့ မီတင်လုပ်လိုက်လို့ ချိန်းလိုက်ပြီး မီတင်ခန်းကို ထွက်လာခဲ့သည်။ ခုနက မက်နေတဲ့ အိပ်မက်လေးထဲက “အယုမိ” ကတော့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီ။ အဲဒီအစား ခုနက မည်းမည်းသည်းသည်း ကုလားကြီးနဲ့ အပြိုင်အဆိုင် ငြင်းခုန်ရဦးမှာလားလို့ တွေးရင် ကျွန်တော့ခြေလှမ်းတွေ လေးလံနေမယ်ထင်ပါရဲ့ဗျာ...။
......................................................
သြော်.. စိတ်ကူးယဉ် အိပ်မက်ဆိုတာ တကယ်ဖြစ်လာစေချင်လှပေမယ့် ဖြစ်မလာတော့လဲလေ.....း(

9 ယောက်က မှတ်ချက်ပြုသွားသည်။:
အကိုလေး “အယုမိ.. အအိရှိတဲအိလု”
လို့ကုလားကြီးကိုပြောတော့
ကုလားကြီးမျက်နှာမဲမသွားဘူးလား
ဝေး........ ဂျပန်လေးရေ... ကောင်မလေးနဲ့ များ တကယ်အိုကေသွားပြီလားလို့ ...ဟိဟိ
အင်းပေါ့... အိပ်မက်ဆိုတာ လွတ်လပ်စွာမက်ပိုင်ခွင့်ရှိလို့ပဲ မက်နေကြတာပဲမို့ လား။ ဖတ်လို့ကောင်းလိုက်တာဟယ်။ ကုလားကြီးကလဲ ကောင်းခန်းရောက်မှ ၀င်ရှုပ်တယ်။ အဲဒါကြောင့်ကုလားဆို မုန်းမိတာသိလား။
စိတ်ကူးနဲ့ ရူးတဲ့ ဇာတ်လမ်းအဆုံး
သိပ်မထူးဘူး ငါ့ကိုဟားတိုက်အုံး
ငါတစ်ခုခုပြောဖို့တွေ့နေတုန်း
ကွာနေခဲ့ နင်နဲ့ ငါအားလုံး........ အားလုံး
ကုလားကြီးနဲ့ အယုမိ အဟားးဟားးး
ချစ်တဲ့
ဖိုးစိန်..........
ညီလေး
အကိုလည်း ခုမှ အားလို့ လာလည်နိုင်တော့တယ်ကွာ။
စိတ်ကူးထဲက ကောင်မလေးနဲ့ အမြန်ဆုံး
အဆင်ပြေ အကောင်အထည် ဖေါ်နိုင်ပါစေကွာ။
ကိုရီနို
သြော်
ကောင်းခန်းကျမှ မီးပျက်ရတယ်လို့
ဒီနေ့ ယမ်ယမ် ကံမကောင်းပါလား .. :P
ညီလေးရေ
ဂျပန်ရောက်ရင် စိတ်ကူးယဉ်အိပ်မက်လေးတကယ်ဖြစ်ပါစေကွာ
ခင်မင်စွာဖြင့်
သီဟသစ်
ဟားးးးးးး တကယ့်ဖြစ်ရပ်များလားလို့ဖတ်လာလိုက်တာ အိပ်မက်ကိုး....... အရေးအသားတွေက စွဲဆောင်လွန်းပါတယ်. ........
ဒီစိတ်ကူးတာ တစ်ကယ်ဖြစ်ခဲ့ရင် ပန်ပန်ရေ ဗီဒီယို ရိုက်ထားစမ်းပါကွာ...
ကြည့်ချင်လွန်းလို့...
ယနေ့ တွက်ပီ ကံမကောင်းပါလားးး
ဌဲ . . ဌဲ . . ဌဲ . . ။
Post a Comment