နှုတ်ဆက်ခဲ့ပြီ......

ဒီနေ့ညလေးဟာ စင်္ကပူဆိုတဲ့ မြို့လေးမှာ ကျွန်တော် နောက်ဆုံးကွန်ပျူတာ သုံးနိုင်မယ့်ညလေးတစ်ညပဲလေ။ ကျွန်တော့်ကိုယ်ပိုင် ကွန်ပျူတာလေးကို အိမ်ကိုပြန်ပို့ထားပြီးတော့ ရုံးကွန်ပျူတာနဲ့ သုံးတာကြောင့်ပါ။ မနက်ဖြန်ဆို ရုံးမှာ နောက်ဆုံးနေ့ပဲလေ။ ကွန်ပျူတာတွေ ဖုန်းတွေ ကင်မရာတွေ အကုန်ပြန်အပ်ရတော့မယ်။ အားလုံးကို နှုတ်ဆက်လို့ စနေနေ့မှာ ဒီမြို့လေးကနေ ထွက်ခွာတော့မယ်..။

ဒီချန်ဂီလေဆိပ်လေးမှာ သူငယ်ချင်းတွေ တယောက်ပြီး တယောက်ကို လိုက်ပို့ရင်း ၀မ်းနည်းခဲ့ရသည်။ အခုတော့ ကိုယ်ကိုယ်တိုင် စွန့်ခွာလို့ ၀မ်းနည်းရပြန်ပြီ။ မိဘ ညီအစ်ကို မောင်နှမ ချစ်သူတို့ကို တွေ့ရဖို့ ၀မ်းသာသင့်ပေမယ့် မသိစိတ်ထဲမှာ ဆို့နှစ်နေသည်။ ဒီနေ့ညမှာ ဒီစင်္ကပူက ကျွန်တော်ချစ်တဲ့ အစ်ကိုတွေ အစ်မတွေအားလုံးကို ဒီစာလေးနဲ့ နှုတ်ဆက်ပါရစေလားဗျာ...။

မရောင် (မေတ္တာရောင်ပြန်)

မောင်တွေ ညီမတွေ အပေါ်မှာ ထားတဲ့ မကြီးရဲ့ မေတ္တာတွေကို တကယ်ပဲ လေးစားမိပါတယ်။ မကြီးကို မြင်တိုင်း ရင်ထဲမှ တလှပ်လှပ်နဲ့ တအားကို ချစ်မိတယ်။ တကယ့် မောင်နှမသာ ဖြစ်လိုက်ရင် ဘယ်လောက်ကောင်းမလဲဟင်..။ မကြီး ရုံးမှာ ထမင်းလာစားတဲ့နေ့ကလေ..။ ကျွန်တော် မကြီးလုပ်လာတဲ့ ကြက်ဥသုပ်လေးကို ငုံ့စားရင် မျက်ရည် တစက်ကျမိတယ်..။ အရမ်းလည်း ငိုချင်တယ်.။ ဘာလို့လဲ ဆိုတော့ အဆိပ်နဲ့ ကျွန်တော် ထမင်းစားနေတာကို ဘေးကနေ ထိုင်ကြည့်နေတဲ့ မကြီးရဲ့ မျက်လုံးတွေထဲမှာ မေတ္တာတွေကို မြင်နေရလို့ပဲ..။ ကော်ဖီထဖျော်ပေးတာက အစ လိမ္မော်သီးလေး ခွဲပေးတာအဆုံး မိခင်တစ်ယောက်လို အမကြီးတစ်ယောက်လို ပြုစုတတ်တဲ့ မရောင်.. အဲဒီနေ့က ရုံးကိုအပြန် ကျွန်တော် တကယ်ပဲ မျက်ရည်တွေ ကျသွားခဲ့ရတယ်..။ အမြဲတမ်း မောင်နှမတွေအပေါ်မှာ ချစ်ခင်တဲ့ မကြီးကို ဒီကနေပဲ ကျွန်တော် (ပန်ပန်) ကန်တော့ခဲ့ပါတယ်..။ နောင် ဘယ်ကိုပဲ ရောက်ရောက် မမေ့ကြစတမ်း ခင်မင်နေဦးမယ်လို့ ကျွန်တော့်ဘက်က ကတိပေးပါတယ် မကြီးရယ်....။

မိုးခါး

မိုးခါးရေ.. “လူတွေကို တအားယုံကြည်တာဟာ အန္တရယ်ကြီးတယ်တဲ့.. အေး.. ဘယ်သူ့ကိုမှ မယုံတာကတော့ အန္တရယ်အကြီးဆုံးပဲတဲ့” ။ လက်ဖ၀ါးတစ်ခုဟာ အတိုအရှည်မညီသလို လူတွေဟာလည်း အကျင့်စရိုက်ချင်း မတူကြပါဘူး။ များစွာသော သူတွေကို မယုံကြည်နိုင်ပေမယ့် ယုံကြည့်သင့်တဲ့သူတွေလည်းရှိနေမှာပါ။ ဘယ်ဘက်ကိုမှ အစွန်းမရောက်ပဲနဲ့ အလယ်အလတ်ကနေ ယုံကြည်ပေးပါနော်။ အစ်မတည်ဆောက်မယ့် ဘ၀မှာ အစ်မရဲ့ ယုံကြည်မှုတွေ အပြည့်ရနေနိုင်ပါစေလို့ ကျွန်တော်ယုံကြည်တယ်..။ (ဆရာလုပ်တယ်လို့တော့ မထင်ပါနဲ့ဗျာ)

မကောင်းကင်ပြာ

ကွမ်းသိပ်မ၀ါးနဲ့။ တတ်နိုင်ရင် ဖြတ်။ ကြည့်ပါဦး ၃ ယာကို တစ်ကျပ်..။ တနေ့ကို ၁၀ ယာလောက်စားနေတယ်။ ဒါဆို ၃ ကျပ်ဖိုး။ တနေ့ကို ၃ ကျပ်။ တလကို ၉၀။ ဘုရားဘုရား...။ နှမြောစရာကြီး။ ပြောလည်းမမှတ်ဘူး.. ဟွန်း။ ညဘက် အချိန်မှန်မှန်အိပ်။ အသက်ကို ဥာဏ်စောင့်တယ်တဲ့။ အခုနေ အသက်ငယ်လို့ ဘာမှ မဖြစ်ပေမယ့် တချိန်မှာ ထိခိုက်လိမ့်မယ်။ ပန်ပန့်ကို ချစ်ရင် ပြောစကားနားထောင်။ ဒါပဲ။ (နောက် ဟိုတစ်ခါက တင်တဲ့ ကဗျာဆရာကိစ္စ သတင်းစာရှင်းလင်းပွဲလုပ်လိုက်.. ဘယ့်နှယ် စိတ်ကူယဉ်များ လွန်ရတယ်လို့ တကယ့်အဖြစ်ဆို တကယ့်အဖြစ်ပေါ့.. မညာရဘူး..ရှူး..............)

အဆိပ်ခွက်

း).. မင်းကိုတော့ ငါဘာမှ မပြောတော့ဘူး။ တွေ့ကရာ ကောင်မလေးကို ရည်းစားစကားပြောဖို့ပဲ ချောင်းမနေနဲ့။ ဟိဟိ။ စာလည်း လုပ်ဦး။ (မရောင်ကို သွားသွား မနှောင့်ယှက်နဲ့)။ မင်းလုပ်လို့ ဒီနေ့ ငါ့အိပ်ကြီး အလေးကြီးပဲ.. ။းx..

ကိုတောင်ပေါ်

း).. ဟဲဟဲ.. ဒီအုပ်စုထဲကို ပေါက်ကရတွေ ပြောပြီးတော့ ဖျော်ဖြေပေးပါ...။ အခုလိုကြီး မနေနေနဲ့။ အားလုံးက ကိုတောင်ပေါ့်ကို မျှော်နေကြတယ်။း)

ကိုသီဟသစ်

ချွေးမတစ်ယောက် အမြန်ဆုံး သတ်မှတ်လိုက်ပါ.. ဒါမှ နားအေးမယ်.. ဟဲဟဲ....း)...

ကိုရီနို..

ဘယ်တွေများပျောက်လို့ ဘယ်တွေရောက်နေတယ်မသိ... နဂိုက ၀ဖြိုးဖြိုးလေး.. အခုတော့ ပိန်နေပြီလားမသိ... အစ်ကိုရေ.. နှုတ်ဆက်ပါတယ်... နေချင်တဲ့မြို့လေးကို နောင်မှပဲ ကြိုးစားတင်တော့မယ်နော...

ဦးရှင်ကြီး

တသက်တာ စွန့်ခွာသွားတဲ့သူလေးကို တမ်းတမနေနဲ့တော့..ထပ်မဖြစ်စေနဲ့.. ပုံမှန်သွားတိုက်.. ဟိဟိ... နှုတ်ဆက်တယ် ဦးရှင်ရေ.. ရှမ်းခေါက်ဆွဲလေးကို ရင်ထဲကပဲ တမ်းတပြီး စာနေတော့မယ်....

သဲသဲ (ဆောင်းနှင်းရွက်)

သဲရေ.. ကိုပြန်တော့မယ်နော်. (ဟိဟိ နောက်တာ..) ငါမရှိလည်း ဆက်ပေါပေါ့ကွယ်..ပေါဖော်ပေါဖက် လျော့သွားလည်း ဘာဖြစ်လဲ.. ငါအားတိုင်း လာပေါပြမယ်..ဟဲဟဲ.. ဒါနဲ့ နင့်အတွက် မိတ်ကပ်ဘူးလေးကို ဟိုကနေ ၀ယ်ထည့်ပေးလိုက်မယ်.. ငါ့သဲလေး လှဖို့ ဘာမဆို လုပ်ပေးမယ်... (ဟီးဟီး အသားယူနေတာ...)

ညီညီ

သြော်.. တနေ့ တနေ့ ကုန်လိုက်တဲ့ ၁၈၁၈.. ပြောလိုက်ရတဲ့ဖုန်း... ထိုင်လိုက်ရတဲ့ ချတ်တင်... ဟူး.. တနေ့ တနေ့ ပင်ပန်းတာ အဲတာတွေ... ကဲ သယ်ရင်းရေ.. နှုတ်ဆက်ပါတယ်ကွာ... လိမ်လိမ်မာမာနေရစ်ခဲ့.. လုပ်နေကျတွေ လျှော့.. (သိချင်ရင် သူ့ကိုမေးကြ ဘာလုပ်နေကျလဲဆိုတာ..း) )

ကိုညီနဲ့ နွေး(နွေးနွေးသဲမွန်)

ကိုကို့ကို တအားကြီး ချစ်တယ်ဟုတ်လား..း).. အားကျလိုက်တာ.. အားကျလိုက်တာ.. အားကျလွန်းလို့ သူတို့ မင်္ဂလာဆောင်မှာ အားကျသွားတာ ဘာမှ မစားနီုင်ခဲ့ဘူး... အခုနေ ပြန်စားချင်လိုက်တာ... ပြန်ကျွေးရင်ကောင်းမယ်..း)... ကဲ နှုတ်ဆက်ပါတယ်ဗျာ.. ဒီလင်ဒီမယား အိုအောင် မင်းအောင် ပေါင်းနိုင်ပါစေဗျား.....

မကြယ် (ကြယ်ဖြူစင်)

ဂွမ်းပုံလေး..အဲ..စောရီး မကြယ်..ဟီးဟီး.. ဆုံးဖြတ်ချက်တွေ ခိုင်မာသွားအောင် အချစ်က တကယ်ပဲ ပြုစားရက်တယ်နော်.. အခုတော့ စစ်ကားကြီးလည်းစီးမယ်တဲ့..တောထဲမှာလည်း နေမယ်တဲ့.. မြေနီလမ်းလည်း လျှောက်မယ်တဲ့..း).. သြော်.. အချစ် အချစ်.. အင်း.. အချစ် ..အချစ်.. မင်္ဂလာဆောင်ရင် ဖိတ်နော်..

မေလေး

မေလေးရေ. လျှော့လျှော့.. အစားကို ပြောတာမဟုတ်ဘူးနော်.... (တကယ်တော့ဒါလည်းလျှော့သင့်တယ်).. အလုပ်ကြိုးစား... (သိပ်ကြိုးစားတာ.. အကြီးအကျယ်ကို စီဘောက်စ်မှာ ဆွေးနွေးနေကြတယ်.. ) မပြောတော့ ပါဘူး.. အတင်းတွေ အဖျင်းတွေ..း)..နောက်တာ မေလေးရေ.. သွားတော့မယ်နော်.. ဆက်ပြီးတော့ ကုသိုလ်တွေ အများကြီး ယူနိုင်ပါစေဗျား....

နနခနဲ့ ကိုမိုးကုတ်သားတို့ရေ.... တာ့တာ..

တကယ်တမ်း အားလုံးရဲ့ ခင်မင်မှုတွေဟာ ကျွန်တော့်ရဲ့ နှလုံးသားမှာ တံဆိပ်ခတ်ရိုက်ထားလိုက်ပြီပဲလေ..။ သံသရာတလျှောက်မှာ တနေရာရာမှာတော့ ပြန်ဆုံကြမှာပါ။

ဒီဘလော့ခ်လေးကနေတဆင့်ခင်မင်ခဲ့ရတဲ့ ကိုဖြိုးဝေအောင်ကိုလည်း ဒီကပဲ နှုတ်ဆက်ခဲ့ပါတယ်။ အရမ်းအရေးအသားကောင်းတဲ့ ဘလော့ခ်ဆိုဒ်တွေကို အစ်ကိုဆက်ရှာဖွေနိုင်ပါစေလို့...။

ကျန်နေသေးတဲ့ အစ်ကိုတွေအစ်မတွေအားလုံးကိုလည်း နှုတ်ဆက်ပါတယ်..။ နာမည်ကျန်သွားခဲ့ရင် ခွင့်လွတ်ပါလို့။

30 ယောက်က မှတ်ချက်ပြုသွားသည်။:

ဆောင်းနှင်းရွက် said...

သြော် . .
ပေါကြောင်ကြောင် တစ်ယောက် ဆုံးရှူံးသွားရပြီ ။
ဂယ် ၀ယ် ထည့် ပေး မှာ နော် . . ။
နောက် ရ ဘူးး ။
ဒါနဲ့ . . ။
ငါ နင့်ကို ပေးတာ အရိုးတွေ ပါ ။
နင် က ဘယ်က ဘယ်လို အသားယူနေတာပါလိမ့် . ?
ဟဲ ဟဲ . . ။

ကောင်းကင်ပြာ said...

ပန်ပန် အမ ၀မ်းနည်းစွာ ဖတ်သွားပါတယ်၊ တို့ မောင်နှမတွေ တနေ့ ပြန်တွေ့မယ်လို့ ယုံကြည်ထားပါတယ်၊ အမ တို့ တွေ့ခဲ့ကြတဲ့ ညနေလေးတွေ အမြဲ သတိရနေမှာပါ၊ ချစ်ပန်ပန် ပြောစကားတွေလဲ နားထောင်နိုင်အောင် ကြိုးစားမယ်နော်၊
good luck

ဆောင်းနှင်းရွက် said...

ကွန်မန်း ပေးတာ မှားသွားလို့
ထပ်ပေးသွားတာ . . ။
အခုတော့ ငါ့ ရဲ့
ပေါဖော် ပေါဖက်
" ခေါက်ဆွဲပေါလေး " လို့ ပြောရမှာ . . ။
ဘာပဲ ပြောပြော . .
တကယ်ကို စိတ်မကောင်းဖြစ်မိသလိုပဲ . . ။
အဟင့် . . !
အဟင့် . . !
( So Sad )
အမှတ်ရနေမယ့် 1st Aug, 2009 ပါပဲ ..။

ကြယ်ဖြူစင် said...

ပန်ပန်ရယ်..နင်ကအဲဒီလိုနှုတ်ဆက်တော့
ဝမ်းနည်းတယ်ဟာ...ငါတို့အုပ်စုတွေတနေ့တော့
ပြန်ဆုံဖြစ်ကြဦးမှာပါ..အဲဒီအချိန်ကျမှဘဲ
တဝကြီးပျော်ကြတာပေါ့...နင်လည်း
အစားအသောက်ဆင်ခြင်ဦး..ရောက်ရာနေရာမှာ
ပန်းမနေနဲ့နော်..သိတယ်ဟုတ်...
****ရောက်ရာအရပ်မှာ
အိမ်သာရှာ
ဂျပန်ကောင်လေးပါ...***

ခင်မင်လျှက်
ကြယ်ဖြူစင်

ညီညီ said...

သယ်ရင်း . သယ်ရင်း . သယ်ရင်း. ရင်ထဲမှာအမြဲတမ်း သယ်ရင်း .အေးကွာ 1818 ကလည်း င့ါရင်ထဲက အလွမ်းကို ဖြေဖျောက်နိုင်တာတစ်ခုတည်းသော အရာလေးပါကွာ. သယ်ရင်းမင်းဘ၀ တိုးတတ်ဘို့သွားမဲ့ ခရီးမှာ ငါ့အလွမ်းတွေကြောင့်မင်းကို အနှောက်ယှက်မပေးချင်ဘူး . ငါတို့ရင်ထဲမှာ တစ်ယောက်ကိုတစ်ယောက် သတိရနေရင် .အချိန်တိုင်းမဟုတ်တောင် တိုက်ဆိုင်တိုင် သတိရပေးကြရင် ငါတို့ က ရင်ထဲက သယ်ရင်းတွေပေါ့. လွမ်းတယ် တစ်ကယ်လည်း လွမ်းလောက်တဲ့သံယောဇဉ်ကြိုးတွေ ခိုင်ခဲ့ကြတာပါ . သွားအတူ လာအတူ စားအတူ ကွာ .ဘယ်မေ့နိုင်မလဲ မမေ့ပါနဲ့ ဒါပေမယ့် ၀မ်းမနည်းပါနဲ့ကွာ . ကောင်းတာ လုပ်ဘို့အတွက်ဖြစ်လာတဲ့ခွဲခွါခြင်းကို ငါဝမ်းမနည်းချင်ဘူး . တစ်ချိန်မှာ ပြန်ဆုံတွေ့ခွင့်ကို ရရပါလိုသည် လို့ ဘုရားမှာ မင်းကိုသတိရတိုင်းဆုတောင်းမယ်. သယ်ရင်း မင်းကတော်ပြီးသား ထပ်ပြီးတော်အောင်ကြိုးစားနေသူအတွက် ကြိုးစားပါသူငယ်ချင်းလို့ ပြောစရာမလိုမှန်းသိပါတယ် . ဒါပေမယ့် ကြိုးစားပါလို့မှာလိုက်တယ်နော်.သယ်ရင်း . ဘယ်အကြောင်းနဲ့ပဲဖြစ်ဖြစ် စိတ်အားလူအားကျမသွားစေနဲ့ နော်.
မင်းရင်ဖွင့်စရာ လူတစ်ယောက်လိုနေတိုင်းမှာ ငါ့ကိုသတိရလိုက်ပါ.

တိုက်ဆိုင်တိုင်းသတိရနေမဲ့(အမြဲတမ်းသတိရနေမယ်လို့ပြောတဲ့သူက ညာတာကွ)
ညီညီ(ညီညီကျော်)

မြစ်ကျိုးအင်း said...

ဘ၀ခရီးကအများကြီးကျန်ပါသေးတယ်ညီရေ သူငယ်ချင်းတွေနဲ့ ပြန်ဆုံကြရအုံမှာပါ...။
ရောက်တဲ့အရပ်ကနေ အရင်လိုပဲ စာတွေရေးနေပါအုံးကွာ...ကောင်းသောခရီးဖြစ်ပါစေ..။

သီဟသစ် said...

ညီလေးဂျပန်ရေ

ကံမကုန်ရင်တော့ ပြန်ဆုံကြအုံးမှာပေါ့ကွယ်

ရှေ့လျှောက်ဘ၀ခရီးလမ်းမှာ အဆင်ပြေ ချောမွေ့အောင်မြင်ပျော်ရွှင်ပါစေကွယ်..

ပန်းလေးတွေ မြင်တိုင်းသတိရနေမယ်

ချွေးမကတော့ ရွေးလို့မရသေးဘူး။ တစ်ယောက်ရွေးလိုက်ရင် ကျန်တဲ့သူတွေ ၀ိုင်းရန်တွေ့လိမ့်မယ်

:)

good luck
ခင်မင်စွာဖြင့်
သီဟသစ်

ကျောပိုးအိတ် said...

ခင်တောင်မခင်ရသေးဘူး နှုတ်ဆက်နေပြီတော့။

မြန်မာပြည်ပြန်မှာလား။ ပြန်ရင်လဲ ရရင်ရသလောက်
ပို့ စ်တွေ ရေးနော်။

မြန်မာမှာပြန်တွေ့ မယ်လေ
း)

မေဇင် said...

အော်... သိရရုံလေး ရှိသေး နှုတ်ဆက်နေပြီ.... ရောက်တဲ့ နေရာကနေ စာတွေ ဆက်ရေးပေါ့...၊ မပျော်ရင်လဲ ပြန်လာနိုင်အောင် ကြိုးစားပေါ့...။

မေတ္တာရောင်ပြန် said...

မောင်လေး ပန်ပန်

ဒီပိုစ့်လေးကို ဖတ်ပြီး မကြီးလည်း တကယ် မျက်ရည်ကျမိပါတယ်။ မောင်လေးနဲ့ အတူ အားလုံးသော မောင်နှမတွေကို တကယ့် မောင်နှမ ရင်းချာလိုပဲ ခင်မင်မိတာပါ။ မောင်လေး မပြန်ခင်တော့ မကြီးတို့ မောင်နှမ နှစ်ယောက် နေ့တိုင်းတူတူ ထမင်းစားကြမယ်လေ။ ဒီနေ့ မောင်လေးကြိုက်တဲ့ လက်ဖက်ထမင်း သုပ်လာခဲ့တယ်။ လာစားနော်။
ကိုယ့်ရဲ့ ဘ၀တိုးတက်ဖို့ ဒီလိုပဲ တော်ရာကိုသွားရတာပေါ့ မောင်လေးရယ်။ ဖြစ်နိုင်ရင်တော့ ဒီမောင်နှမတွေနဲ့ ဘယ်ကိုမှ ခွဲမသွားစေချင်ပါဘူ။ ဖိုးဂျယ်ပြန်တုန်းကလည်း လေဆိပ်မှာ လိုက်ပို့ရင်း ငိုခဲ့ရတယ်။ မနက်ဖြန်လည်း မောင်လေးကိုလိုက်ပို့ရင် ငိုရအုံးမယ် ထင်တယ်နော်။ တို့မောင်နှမတွေ ပြန်ဆုံကြမှာပါ။ မကြီး ယုံကြည့်ပါတယ်။
မောင်လေးပန်ပန်ရဲ့ ဘ၀လမ်း တိုးတက်အောင်မြင်ပါစေလို့ မကြီး ဆုတောင်းပေးလိုက်ပါတယ်နော်။

ချစ်သောမကြီး

နွေးနေခြည် said...

ပန်ပန်ရှေ့ဆက်မယ့် ခရီး အစစအရာရာ အဆင်ပြေပါစေ။
ပန်ပန်ဆန္ဒတွေကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေ။
ရတနာသုံးပါး အမြဲဆည်းကပ်ပြီး အနန္တောအနန္တငါးပါးလည်း ဦးထိပ်ထားပါ။

နနခ

မျက်မှန်လေး said...

ပန်လေး ရှေ့ဆက်ရမယ့်ခရီး အဆင်ပြေချောမွေ့ပါစေ
မျှော်နေမယ်နော်
ပြန်လာခဲ့

နွေးနွေးသဲမွန် said...

ပန်.... ဆာရိုနာရာ.... Sayona'ra.... အစစအရာရာ အဆင်ပြေချောမွေ့ ပါစေ... ရည်မှန်းချက်တွေ အောင်မြင်ပါစေ....း-'( Pls Keep in touch....

မိုးကောင်းသူ said...

အစစအရာရာ အဆင်ပြေပါစေ ဂျပန်ကောင်လေးရေ။

တောင်ပေါ်သား said...

ဘ၀မှာ ဘယ်အရာမှ မတည်မြဲပါဘူး ကိုဂျပန်ရေ.. ဘ၀မှာ လျှောက်လှမ်းရမဲ့ နေ့ရက်တွေက အများကြီးလေ. ဒီတော့ ကျနော်တို့တွေ တထောင့်မဟုတ် တထောင့်မှာတော့ ပြန်ဆုံကြမှာပါ။ ကျနော်လဲ အမှန်အတိုင်းပြောရရင် ဒီလို ခွဲခွာသွားတာတွေ မလိုလားပါဘူးဗျာ.. ရင်ထဲမှာ မပြောပြတတ်အောင် ခံစားရပါတယ်။ ဘ၀မှာ လိုချင်တာတွေ လုပ်ချင်တာတွေ အားလုံး အစစအရာရာ အဆင်ပြေ ချော့မွေ့နေပါစေဗျာ.. အမြဲတမ်း မေးလ်လေးအဆက်အသွယ်တော့ လုပ်ပေးပါ


လေးစားလျက်
တောင်ပေါ်သား

မိုးခါး said...

ပန်ပန်ရေ
တကယ်ရေးမယ်ဆိုတော့ ဘာရေးရမှန်းမသိတော့ဘူး
နင် အမြဲတမ်း အစစ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးတယ်ဟာ
ဘာမှစိတ်မကောင်းမဖြစ်နဲ့
ကမ္ဘာဆိုတာ ရွာကြီးဖြစ်နေပြီပဲ
ကွန်ပျူတာရှေ့ထိုင်လိုက်တာနဲ့ ငါတို့ ဆုံတွေ့နိုင်ပါတယ်
ပိုပြီး ပြည့်စုံအောင်မြင်မယ့်နေရာသွားရမှာမို့ ၀မ်းသာတယ်လို့ပဲ ပြောတော့မယ်
ရည်မှန်းချက် ရည်ရွယ်ချက်တွေ ပြည့်စုံအောင်မြင်ပါစေ
ပြီးတော့ ငါက တဖက်စွန်းရောက်မနေပါဘူး
စဉ်းစားချင့်ချိန်ပြီး ယုံပါတယ်း)
စာတွေ ဆက်ရေးမယ်လို့ မျှော်လင့်ပါတယ်
စာတွေဖတ်ဖို့လည်း စောင့်နေပါတယ်
အရာအားလုံး အဆင်ပြေ ပျော်ရွှင်ပါစေ

pwa said...

Hi Nyi,
Waa Relly your post shake my heart.Hoping to see you if we have chance. Check your mail box later i will send you a mail to you.Take care.

အဆိပ်ခွက် said...

အစ်ကိုရေ ကျနော် စိတ်မကောင်းဘူး ဗျ.. အစ်ကို အခု လို ထွက်သွားတော့မယ်ဆိုတော့ .. ကျနော် တို အစ်ကိုဘယ်တော့မှ အမမေ့ ပါဘူး.. အစ်ကို ဟိုမှာ .. အစစ အရာရာ အဆင်ပြေပါစေလို ဆိုတောင်ပေးလိုက်တယ်...

ခင်မင်လျှက်
အဆိပ်ခွက်

မငုံ said...

ပန်ပန်ရေ လာရောက်နှုဆ်ဆက်ပါတယ်။ ရောက်ရာအရပ်မှာ ပျော်ရွှင်အဆင်ပြေပါစေနော့။ အချိန်ရရင်လဲ စာဆက်ရေးဦးပေါ့နော်။

စိုင်းစိုင်းလားရှိုး said...

ညီငယ်လေး ပန်ပန်။ ကိုယ်ပေးခဲ့တဲ့ ဒီ ပန်ပန် ဆိုတဲ့နာမည်လေးကို ကိုယ်ဘယ်တော့မှ မမေ့ပါဘူး။
တွေ့ဆုံကြရတယ်ဆိုတာ ခွဲခွာဖို့ပါပဲ တရားဟောတာ မဟုတ်ပါဘူး။ ကိုယ့်အနာဂါတ်ကို ကိုယ်ချီတက်ကြရမှာပဲလေ။ ရောက်လေရာ အရပ်မှာ အဆင်ပြေမှာပါ ပန်ပန်ရဲ့ အရည်အချင်းကို ကိုယ်ယုံပါတယ်။
ဆုတစ်ခုတော့ တောင်းပေးပါ့မယ် ညီလေး ပန်ပန်ရဲ့ ပတ်ချာလည်မှာ သူတော်ကောင်းတွေပဲ ရှိနေကြပါစေလို့။

မေလေး said...

ပန်ပန်ရေ
ငါတို့ ခုမှ တွေ့ဖူးပေမဲ့ နင်ပြောသလိုဘဲ နင်ကိုမမြင်ဖူးခင်ထဲက ခင်ပြီးသားပါဟယ်။
ပြောချင်တာတွေကတော့ အများကြီးဟယ်။တကယ်ပြောတာပါ။
ရောက်ရာအရပ်မှာ အဆင်ပြေပျော်ရွှင်ပါစေလို့ ငါဆုတောင်းနေမယ်နော်။
ပြီးခဲ့တဲ့ အပတ်က နင်တို့ အတင်းခေါ်ရဲ့ နဲ့ မလိုက်ဘဲ ပြန်လာမိတာ နင်ပြန်မယ် ဆိုတာ ငါတကယ်မသိလို့ပါဟယ်။
သိရင် ရှိသမျှ အလုပ်တွေ ဖျက်ပီး လိုက်ပါတယ်ဟယ်။
မနက်ဖြန် ငါလေဆိပ်လာခဲ့မယ်။ တို့မောင်နှမတွေ လေဆိပ်မှာတွေ့တာပေါ့။
ရင်ထဲမှာတော့ တကယ် မကောင်းဘူးဟယ်။ဒါပေမဲ့ နင်ရှေ့ လျှောက်ရမဲ့ ခရီးက နင်အတွက် ကောင်းသောလမ်းလေးမို့ နင့်အစား တကယ်ဝမ်းသာမိတယ်။
ပျော်ရွှင်ပါစေနော်။
(ငါ အဲဒီနေ့ကဘဲ စီဘောက်မှာ ချက်မိတာပါဟယ်။ နင်လုပ်မှ ငါ အလုပ်မလုပ်ဘဲ ပိုက်ပိုက် ညာယူနေသလို ဖြစ်တော့တယ်။ ငါအလုပ်ကြိုးစားပါတယ်ဟဲ့။ ကိုယ်လုပ်ရမဲ့ အလုပ်ကို စေတနာ အပြည့်နဲ့ လုပ်ပေးပါတယ်။ မယုံ မိုးခါးတို့၊နေခြည်တို့၊နောင်တို့ကိုမေးကြည့်။ ဟွန်းးးး)

နာ့လက်နာနာကြီးနဲ့ လာမန့်နေတာနော်။ ဟွန်းးး

အနမ်း said...

ဘ၀ဆိုတာဒီလိုပါပဲ အလှည့်အပြောင်းလေးတွေရှိပါတယ်
ဘလော့ကတော့ ရောက်တဲ့နေရာကရေးလို့ ရပါတယ်။ ရွှေပြည်တော်ပြန်တာလား။ ကြိုဆိုပါတယ်နော်။ အပြန်ခရီးအစစ အရာရာ အဆင်ပြေပါစေ။

Mogok Thar said...

ညီလေးး ဂျပန်းးးး

ဘ၀ခရီးတွေ အမျာူကြီး ဆက်ပြီး လျှောက်ရအုံးမယ်။
တို့တတွေ တချိန်မှာ ဆုံဖြစ်ချင်လဲ ဆုံဖြစ်မယ်။ ဆုံခွင့် ရချင်မှလဲ ရနိုင်မယ်။
ဘာပဲဖြစ်ဖြစ်ပေါ့.. ခင်မင်စရာ ကောင်းလှတဲ့ ဂျပန်းးလေး ကို အကိုတို့ အမြဲ သတိတရ ရှိနေမှာပါ။
ညီလေး အခြေခံရထားတဲ့ ဝိပသနာတရားကို စဉ်ဆက်မပြတ် နေ့စဉ် လုပ်နိုင်ပါစေ။
ပိုမို တိုးတက်ကောင်းမွန်ပြီး ကိုယ်ာုံကြည်ရာ ပန်းတိုင်တစ်ခုဆီကို သွားနေတဲ့ ညိလေး ဂျပန်းလေးး..... ဘ၀ခရီးမှာ အစစ အရာရာ အဆင်ပြေ ချောမွေ့၊ ပျော်ရွှင်စေဖို့ အကိုတို့ ဆုတောင်းပေးနေပါတယ်။

မေတ္တာဖြင့်

Angel Shaper said...

ဂျပန်လေးရေ.... နှုတ်ဆက်ခဲ့တယ်နော်။
ဘယ်ပဲရောက်ရောက် အောင်မြင်ပျော်ရွှင်တဲ့ ဘ၀လေးပိုင်ဆိုင်ပါစေလို့ ။

ရုံလေး said...

အယ် ခုမှပြန်လာလို့ လာလည်ပါတယ်ဆို
သူကပြန်ပြီတဲ့ အင်းလေ
အဆင်ပြေပျော်ရွှင်ပါစေနော်ကောင်လေး

reenoemann said...

ညီလေးရေ

လွမ်းနေတယ်ကွာ။
ဘာပဲဖြစ်ဖြစ် ငါတို့ မောင်နှမတွေ
တစ်နေ့ပြန်ဆုံကြမယ်ကွာ။

ဘဝမှာ တိုးတက်ရာ တိုးတက်ကြောင်းရှာနေရတာပဲလေ ညီ။

ငါ့ညီလေး တစ်ယောက် ဘယ်နေရာကို ရောက်ရောက်
အရာရာ အဆင်ပြေပါစေလို့ အကို ဆုတောင်းနေပါတယ်ကွာ။

ဪ.... ခွဲခွာရတာလဲ မြန်လိုက်ကျတာနော်။
ညီလေးကို သတိရနေတယ်ကွာ။

ကိုရီနို

may16 said...

အားလုံး အဆင်ပြေပါစေ ရှင်...

လပြည့်ရိပ် said...

အင်း နှုတ်ဆက်သွားတာတောင် တပတ်နီးပါးရှိသွားပြီ။ ခုဆို မြန်မာပြည်မှာ ပျော်နေရောပေါ့။ ဘလောခ့်ကို မဝင်မိလို့ပါ။ အင်းလေ........ဘာပဲဖြစ်ဖြစ် တွေ့ကြုံဆုံကွဲဖြစ်မြဲဓမ္မတာမို့ ရင်ထဲမှာ ချိနဲ့နဲ့နဲ့ပဲ နှုတ်ဆက်လိုက်ပါတယ်........

JulyDream said...

ကံမကုန် ပြန်ဆုံကြအုံးမှာပေါ့... ဂျပန်လေးရာ..

ဘ၀မှာ ဖြစ်ပြီးရင် ပျက်တတ်တာ သဘာဝပဲမို့လို့ ဘာကိုမှ စိတ်မပျက်နဲ့ အားမလျှော့နဲ့... လို့ မှာချင်ပါတယ်။

ဖိုးဂျယ် said...

ပန်ပန်ရေ ဒီလိုပါပဲကွာ
အားလုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ခင်မင်လျှက်
ဖိုးဂျယ်