ငါဟာ လမ်းလျှောက်နေခဲ့တယ်...
ငါ့ဘေးမှာလူတွေ..
တချို့က ငါ့ရှေ့မှာ...တချို့က ငါ့နောက်... တချို့က ငါနဲ့အတူတူ...
င့ါနောက်က လူတချို့ ငါ့ကိုကျော်တက်တယ်...
ငါ့ရှေ့က လူကို ငါအမှီလိုက်နေတယ်...
ငါ့ဘေးနားကို ရောက်လာသူတွေအားလုံး ငါ့သူငယ်ချင်းတွေ...
ငါတို့ ရယ်မောကြတယ်.. ငါတို့ရန်ဖြစ်ကြတယ်.. ငါတို့ ငြင်းခုန်ကြတယ်....
တချို့က ရုတ်တရက် လမ်းခွဲသွားတယ်... တချို့သော အသစ်တွေက လာမိတ်ဆက်တယ်...
ငါတို့တွေ ဘယ်ကိုသွားနေတာပါလိမ့်..????
ခမာပြည်၏ မြို့တော်မြင်ကွင်းများ (၂)
3 hours ago


11 ယောက်က မှတ်ချက်ပြုသွားသည်။:
ဘယ်သွားရမလဲကွာ။။။
သေမင်းဆီကိုပေါ့
ကိုတို့က ခရီးသွားတွေဆိုတော့
တွေ့ဆုံကြုံကွဲ လောက လမ်းမကြီးပေါ်မှာ လမ်းလျှောက်နေကြတဲ့ခရီးသွားတွေ
ချစ်တဲ့
ဖိုးစိန်
ရှေးဘ၀ အတိတ် ရေစက်ကြောင့်
မမျှော်လင့်ဘဲ လာဆုံကြတဲ့
အချိန် အခိုက်အတန့် လေး တစ်ခု မှာ အားလုံးက အချိန်တန်ရင် လမ်းခွဲ သွားရမှာပါပဲ . . ။
ရေစက်ကြောင့် လာဆုံကြသလို ပြန်ခွဲရဦးမှာပဲနော်။ ဘာပြောပြော တွေ့ဆုံခိုက် အချိန်ကလေးမှာ အားလုံးခင်မင်စွာနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းကြတာပေါ့။ ပိုစ့်ကောင်းလေးပါ။
ခရီးကမဆုံးသေးဘူး ရှေ့ဆက်လျောက်ရအုံးမယ်
အဲဒါဘ၀လမ်းပေါ့...။သေဆုံးခြင်းမှတ်တိုင်ကိုသွားနေ
ကြတာထက် ပိုတဲ့အဓိပ္ပါယ်မျိုးရှိရမယ်လေ..။
သွားတော့ သွားနေတာပဲ ဦးတည်ချက်မျိုးစုံနဲ့ပေါ့လေ၊ ဘ၀ လမ်းကြောင်းပေါ် အလုအယက် လျှောက်နေကြပြီး နောက်ဆုံး သေမင်းဆီတော့ တူတူ ရောက်ရမှာပဲလေ
ရော်.. ဂျပန်ကလည်း။ နာတို့တွေ သွားတဲ့ပန်းတိုင်က ကွဲနေပေမယ့် တူညီတဲ့ ခရီးဆိုတော့ အတူသွားဖြစ်ကြတာပါပဲဟာ။ ခနတဖြုတ် အတူသွားရတဲ့ ခရီးလမ်းလေးမှာ အားလုံးချစ်ချစ်ခင်ခင် ပျော်ပျော်ပါးပါးလေး ခရီးဆက်ဖို့အရေးကြီးဆုံးပဲ။ ပျော်ရွှင်ပါစေ။
တို့ တွေ ဘယ်သွားနေလဲ။ ရည်မှန်းထားတဲ့ ပန်းတိုင်တွေကိုပေါ့။
ဟုတ်ဘူးလား။
အိပ်မက်တွေ ရှိတဲ့နေရာကိုပေါ့ ညီလေးရေ
ခင်မင်စွာဖြင့်
သီဟသစ်
ညီလေးပန်ပန်
သွားချင်တဲ့ နေရာကိုသွား
ရောက်ချင်တဲ့ နေရာကိုရောက်ဖို့ အရေးကြီးတယ်။
မရောက်သေးရင်လည်း ခဏတော့စောင့်
ရောက်ကိုရောက်ရမယ် ညီ။
ချစ်တဲ့ ကိုရီနို
ဒီနေ့သွားတဲ့ ခရီးက မနက်ဖန်အတွက်ပဲ ဖြစ်တယ်။ မနက်ဖန်သွားမယ့်ခရီးက သဘက်ခါအတွက်ပဲဖြစ်မယ်။ လက်ရှိအခြေအနေမှာ အကောင်းဆုံးဖြစ်အောင်လုပ်လိုက်ရင် မနက်ဖန်တိုင်းဟာ ပန်းတိုင်ဖြစ်သွားမယ်ထင်တယ်........
Post a Comment