၂၀၀၇ ခုနှစ်ရဲ့ အာရှလူငယ်စခန်းသွင်းလေ့ကျင့်မှုသင်တန်း (Asian Youth Camp 2007) ကို ဂျပန်တို့ မြန်မာနိုင်ငံ က ၂၄ နှစ်အောက် လူငယ် ၁၀ ဦးတက်ရောက်ခဲ့ကြတယ်။
ကိုးရီးယားကားတွေ မင်းမူနေတဲ့ကာလမှာ ကိုးရီးယားကိုသွားရမယ်ဆိုတော့ အရမ်းကို ပျော်ရွှင်မိတယ်။ သံမှူးဆီက သြ၀ါဒတွေ နာယူ၊ ပြင်ဆင်သင့်တာ ပြင်ဆင်ပေါ့လေ။ သိပ်ကို ပျော်ကြတာပဲ။ တနိုင်ငံကို လူငယ် ၁၀ဦးစီနဲ့ အာရှနိုင်ငံ ၂၇ နိုင်ငံက လူငယ်တွေ တွေ့ဆုံကြမှာပါ။ ဒီအတွက် ညီလာခံမှာ တင်သွင်းမယ့် စာတမ်းတစ်ခု ပြုစုရတယ်။ အာရှလူငယ်တွေအကြောင်းဆွေးနွေးဖို့ လူငယ်တစ်ဦးစီ ပြင်ဆင်ထားရတယ်။ ကိုယ့်နိုင်ငံကို နိဒါန်းပျိုးမိတ်ဆက်ပေးမယ့် တင်ပြချက်စီဒီတွေ ပြင်ဆင်ရတယ်။ ပြီးတော့ နိုင်ငံကိုယ်စားပြု ကပြဖျော်ဖြေမှုတစ်ခုကို စီစဉ်ရတယ်။ ဒါကတော့ အုပ်စုလိုက် လုပ်ရမယ့်ဟာတွေပေါ့။
တစ်ဦးချင်းပြင်ဆင်တဲ့အခါမှာတော့ ဂျပန်က စိတ်ကြိုက်ပဲပေါ့။ ပထမဆုံး လိပ်စာကဒ်။ ဂျပန့်လိပ်စာကဒ်ကို အရင်ဆုံး ကိုယ့်ဘာသာကိုယ် ဒီဇိုင်းဆွဲတယ်။ တဖက်က အင်္ဂလိပ်လိုပေါ့။ ကျန်တဲ့ တဖက်က မြန်မာလို။ မြန်မာဘာသာကို မိတ်ဆက်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ပြီးတော့ ဟိုမှာ သူငယ်ချင်းတွေကို ပေးဖို့ မြန်မာသီချင်းတွေကို စီဒီရိုက်တယ်။ အဲဒီမှာ စတွေ့တာပဲ။ ကိုယ်ပိုင်သံစဉ်သီချင်းတွေ လိုက်ရှာရတာ ချွေးတလုံးလုံးနဲ့..။း(...။ ခောတ်သစ်ထဲမှာဆို Lဆိုင်းဇီသီချင်းတွေနဲ့ ထွန်းအိန္ဒြာဗို သီချင်း ၂ ပုဒ်။ ဒါပဲ ရတယ်။ ဒါနဲ့ စိုင်းထီးဆိုင်တို့ ဆောင်းဦးလှိုင်တို့ ချရတာပေါ့။ ဘာပဲပြောပြော သီချင်း ၅၀ လောက်နဲ့ စီဒီရိုက်လိုက်နိုင်တယ် ဆိုပါတော့..။
ဒီလိုနဲ့ ဟိုငေးဒီမောရင်း အင်ချွန်လေဆိပ်ကို ရောက်ခဲ့တယ်။ မြန်မာနိုင်ငံအတွက် ကိုယ်စားပြု ကိုးရီးယား ကျောင်းသူလေး ၂ယောက် ကကြိုနေတယ်။ သူတို့လက်ထဲမှာ “ပြည်ထောင်စု မြန်မာနိုင်ငံတော်” ဆိုတဲ့ ဆိုင်းဘုတ်လေး ကိုင်ထားတယ်။ အ၇မ်းဝမ်းသာသွားတာပဲ။ ဘယ်လို ရေးတတ်တာလဲလို့ မေးတော့ အင်တာနက်ကနေ ရှာထားတာတဲ့။ ရေးရတာ တော်တော်ခက်တာပဲတဲ့။ အဲလိုနဲ့ တည်းတဲ့ဟိုတယ်ကို သွား။ ၃ ရက်လောက် ဆိုးလ်မှာနေပေါ့နော်..။ ဒီအချိန်အထိ အတော်ကို အဆင်ပြေတယ်။ အစကိုး..။
ညီလာခံတွေတက်တဲ့အခါမှာ အမျိုးသားဝတ်စုံဝတ်ရတယ်။ ကျွန်တော်ကတော့ ရှမ်းဝတ်စုံနဲ့။ အဲဒီမှာ ထွက်လာလိုက်တာ တနီုင်ငံပြီး တနိုင်ငံ။ ထူးဆန်းလိုက်တဲ့ ၀တ်စုံတွေ။ ကိုးရီးယားမှာကိုက ဒီဇိုင်းအမျိုးမျိုးနဲ့။ ဂျပန်ဝတ်စုံကလည်း တွေ့သာတွေ့ဖူးတာ တကယ်တမ်း အတော်ကို လှတာပဲ။ ဗီယက်နမ်မလေးတွေ သိပ်ကို လှတယ်ဗျာ..။ အဲဒီမှာ လှတဲ့ဝတ်စုံတွေနား ပြေးပြေးကပ်ပြီး ဓါတ်ပုံရိုက်ကြတာလေ။ ဂျပန်တို့ မြန်မာတွေနားကို ပထမပဲ လာကပ်ကြတယ်။ နောက်ပိုင်း ဘယ်သူမှ မလာတော့ဘူး။ ကိုယ့်ဝတ်စုံက ရိုးနေလို့လား မဆန်းလို့လား.. ဒီဇိုင်းတွေကတော့ လှပါတယ်...။ ဘာကြောင့်မှန်းကို မသိပဲနဲ့ သက်ပြင်းလေးတွေ ပဲချလိုက်ရတာပေါ့နော်...။
နောက် လိပ်စာကဒ်တွေ ဖလှယ်တာပေါ့။ အဲဒီမှာ စတွေ့ပြန်ရော။ ဂျပန်ရဲ့ မြန်မာစာတွေကို လက်ညှိုးထိုးပြီးတော့ ဘာတွေလဲတဲ့..။ မြန်မာစာလို့ ဂုဏ်ယူစွာနဲ့ ပြောလိုက်တော့.. အိုး..ပန်းချီရေးတာနဲ့ တူတယ်နော်တဲ့.. အားလုံးထူးထူးဆန်းဆန်း ၀ိုင်းကြည့်လိုက်ကြတာ ဂျပန့်မှာ ငိုရမလား ရယ်ရမလား မသိတော့ဘူး။ ဒီလိုနဲ့ ကဒ် ၃၀၀ ကျော်ကို ကုန်အောင် ဝေခဲ့တယ်..။
ဒီလိုနဲ့ Home Stay နေမယ့် အချိန်ရောက်လာရော။ ဂျပန်နေရမယ့် အိမ်က အမကြီးက အရမ်းသဘော ကောင်းတယ်။ အသက် ၂၈ ပဲရှိဦးမယ်။ ချောလည်းချောတယ်.. ။ ဟိဟိ။ သူ့အိမ်က အင်ချွန်မှာဆိုတော့ တက္ကစီနဲ့ လစ်ကြတာပေါ့။ အားယိုးယိုး.. သဘောကောင်းလိုက်တဲ့အိမ်။ အန်တီကြီးကလည်း သဘောကောင်း။ အန်ကယ်ကလည်း သဘောကောင်း။ ဒါမေယ့် ခက်တာက အင်္ဂလိပ်လို တခွန်းမှ မတတ်တော့ ဘယ်လိုမှကို စကားပြောလို့မရဘူး။း(..။ ခြေဟန်လက်ဟန်နဲ့လည်း အဆင်မပြေဘူး။ အဲဒီ အမကြီးရှိမှ စကားပြောရတာ အဆင်ပြေတော့တယ်..။ ဟင်း..။ ဂျပန်နဲ့ တူတူသွားနေရတဲ့သူတွေက မလေးရှားက ကောင်မလေး ၃ ယောက်။ ကမ္ဗောဒီယားက ကောင် ၂ ကောင်နဲ့ပေါ့။
ပြောမပြောချင်ဘူး။ စရောက်တော့ မိတ်ဆက်ကြတယ်။ ကျွန်တော်က မြန်မာပေါ့.. ။ ဘာညာ။။ ပုသိမ်ထီး လှလှလေး ၂ လက် လက်ဆောင်ပေးတော့ ပျော်လိုက်ကြတာ။ အဖိုးကြီးနဲ့ အဖွားကြီးလေ စမိတ်ဆက်တုန်း ကတော့ ဘာမှမပြောဘူး။ ကြာတော့ မနေနိုင်တော့ဘူးထင်တယ်။ မြန်မာဆိုတာ ဘယ်နားမှာလဲတဲ့..။ အဟင့်..။ မေးခံရတာကိုလည်းကြည့်ဦး။ ကမ္ဗောဒီယားတို့ မလေးရှားတို့တော့ သိတယ်တဲ့..။ အန်ကောဝပ်တဲ့..။ ပက်ထရိုးနပ်စ်တဲ့။ ကဲဗျာ..။ ဂျပန့်မှာ ရှင်းပြရတာပေါ့..။ ဘယ်နဲ့ ဘယ်ကြား ပါပေါ့..။ စိတ်ဆိုးလိုက်တာ...။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် နေခဲ့တဲ့ နိုင်ငံကိုတောင် မသိကြတာ ဘယ်သူညံ့သလဲ..။ ဒါပေမယ့် အခုကမ္ဘာမှာ မြန်မာဆိုတာ ဘယ်မှာလဲဆိုတာ မသိတဲ့သူတွေ ၇၀% ကျော်တယ်ဆိုတာကိုတော့ လက်မခံလို့ မရတော့ဘူးနော်..။
နောက်တစ်ခု စပ်ဆော့လိုက်တာက ဂျပန်ကိုယ်တိုင်။ ဟို တောသားနှစ်ကောင်ကို သွားမေးလိုက်မိတယ်။ အင်ချွန်ကို ဘာလေကြောင်းလိုင်းနဲ့လာသလဲပေါ့။ မေးလိုက်တော့မှ ကိုးရီးယား အဲလိုင်းနဲ့တဲ့။ ဖနွမ်းပင်ကနေ တိုက်ရိုက်လာတာတဲ့။ တနေ့ကို ကိုးရီးယားနဲ့ ကမ္ဗောဒီယား လေယာဉ် ၄ စီးရှိတယ်တဲ့။ စီရမ်ရိ(ပ်) ကို နေ့စဉ်ရှိတယ်တဲ့..။ ဟင့်။ သုဝဏ္ဏဘူမိကနေ လေယာဉ်ပြောင်းစီးလာရတဲ့ ကိုယ့်အဖြစ်ကိုယ်ကို သနားသွားတာနဲ့ ဘာမှ ဆက်ကိုမပြောဖြစ်တော့ဘူး။
ဂျပန်နဲ့ အ၇မ်းခင်တာကတော့ ဗီယက်နမ်ပါပဲ။ အားလုံးနဲ့ကို ခင်တာ..။ သူတို့တွေနဲ့ ဆော့ သူတို့ အစားအစာတွေ စား။ ဗီယက်နမ်အစားအစာတွေက အ၇မ်းကောင်းတာပဲ။ တခါက မြေအောက်ရထား အကြောင်းပြောကြတာ။ အေးလေ.. ရန်ကုန်မှာ မြေအောက်ရထားမှ မရှိပဲလေ။ အဲတာ မလေးရှားက ကောင်မလေးက ငါတို့ရှိတယ်တဲ့။ လေသံနဲ့ မျက်နှာပေးကိုက အမြင်ကပ်လိုက်တာ..။ အဲဒီမှာ ဗီယက်နမ်က ကောင်က ၀င်ပြောတယ်.။ ငါတို့လည်း မရှိဘူးတဲ့။ အမလေး တော်သေးတယ် အဖော်ရသွားလို့ အဟိ။း(... ဒါပေမယ့် အခု ဗီယက်နမ်မှာ မြေအောက်ရထားတွေ စဆောက်နေပြီနော်...။း(..
ဒီလိုနဲ့ ၂၁ ရက်အကြာမှာ လူတွေလည်း နွမ်းဖတ်နေပြီလေ။ ပြန်ရတော့မယ်ဆိုတော့ ပျော်လိုက်တာ..။ ဒီလိုနဲ့ ထိုင်းလေဆိပ်ကို ညပိုင်းရောက်ခဲ့တယ်။ တီဂျီက မနက် ၈ နာရီမှဆိုတော့ တညလုံးစောင့်ပေါ့။ မနက်ပိုင်းရောက်ခါနီး အီးမေလ်စစ်ကြည့်တော့ အားလုံးအိမ်ရောက်ကုန်ပြီတဲ့။ တိုက်ရိုက်လေကြောင်း လိုင်းတွေ ကိုယ်စီနဲ့ပေါ့... ။ မနက်ပိုင်း တီဂျီကို ချက်အင်ဝင်ဖို့ တန်းစီတော့ ဘေးနားမှာ တန်းစီနေတာက နီပေါတွေ။ သူတို့လည်း ပြောင်းစီးတာလေ။ လူ ၁၀ ယောက်လုံး မတိုင်ပင်ပဲနဲ့ သူတို့ကို မမြင်ယောင်ဆောင်၊ လေယာဉ်ပေါ် အပြေးတက်ခဲ့ကြတာ ဘာကြောင့်ရယ်မှန်းမသိဘူးနော်..။
ဒါပေမယ့် ကိုရီးယားစကားအကျွမ်းကျင်ဆုံးပြောနိုင်ဆု၊ ကိုးရီးယားကောင်လေးတစ်ယောက်နဲ့ ရည်းစားဖြစ်ပြီးတော့ စခန်းတစ်ခုလုံးမှာ နာမည်အကြီးဆုံးဖြစ်သွားရတဲ့ (The hottest and most popular couple) ဆုကို ကျွန်တော်တို့ အဖွဲ့ထဲက မိန်းကလေးတစ်ယောက်က ရခဲ့မှု၊ ကိုးရီးယားစာပေထူးချွန်မှုဆု၊ ပြီးတော့ ဂျပန့်လက်ရာ ရှမ်းထမင်းဝါကို သပ်သပ်ခေါ်ယူ ဓါတ်ပုံအရိုက်ခံရမှု စတဲ့ ဆုတွေက ရန်ကုန်လေဆိပ်မှာ ရုပ်မဆိုးစေတဲ့ နွမ်းလျတဲ့အပြုံးတွေကို ဖန်တီးပေးနိုင်ခဲ့သေးတယ်လေ။ ၂၁ ရက်လုံး ထိလာတဲ့ ထိချက်တွေကိုတော့ ဂျပန်အခုထိ မမေ့နိုင်သေးပါလေ.....

13 ယောက်က မှတ်ချက်ပြုသွားသည်။:
မောင်လေးရေ မြန်မာကို မသိတာတော့ ဘယ်သူ့အပြစ်ပြောရမှန်းကို မသိတော့ဘူး။ ပြောချင်ဘူး ပြောချင်ဘူး။ သက်ဆိုင်သူတွေကတော့ သိကြမှာပါ။ ဒါပေမယ့် အခုလောက်ဆိုရင်တော့ သိတဲ့သူတော်တော်များလာပါပြီ။ အရှက်မရှိ အမှုတော်ပုံကြောင့်လေ။ ဒါကြောင့် အိမ်ရှင်တွေ သတိထားနော်။ သူခိုးအိမ်ထဲဝင်ရင် အိမ်ရှင်ကို ဖမ်းမယ် ဒါပဲ။ ကြားလား။ :P
အဲ ၁၁၁၁၁ ရတယ်။ ဟဟ
ဆက်ပြောမလို့ ........ ပန်ပန်ဟာလေ အကျင့်ကို မပျောက်ဘူး အဲဒီအိမ်က အမနဲ့တော့ စကားပြောအိုကေတယ် ဟုတ်လားးးးးး ဟွန့် သိတယ်နော် နင့်အကြောင်းတွေ။ :D
အတွေ့အကြုံလေးက စိတ်ဝင်စားဖို့ကောင်းတယ်
ပန်ပန်ရဲ့ နိုင်ငံချစ်စိတ်ကိုလည်း တွေ့သွားပြီး
ဂျပန်ကောင်လေးရေ......
မင်းရဲ့ အတွေ့ အကြုံလေးတွေက စိတ်ဝင်စားဖို့ ကောင်းသလို၊ ဗဟုသုတလည်းရပါတယ်ကွယ်။ အခုလို မျှဝေတာလေးတွေအတွက်ကျေးဇူးပါ။ မင်းရဲ့ မျိုးချစ်စိတ်ဓာတ်လေးတွေ တို့ လူငယ်တိုင်းမှာ ရှိစေချင်လိုက်တာဟာ.......
ပျော်ရွှင်ပါစေ....
မင်းကိုပိုမို လေးစားခင်မင်လာစေတဲ့ စာလေးတွေ အတွက်ကျေးဇူးပါ။
ဆက်ရေးနော်...အားပေးနေမြဲ
အင်း
ပန်ပန် ပန်ပန်
မရောင်ပြောလည်းပြောချင်စရား)
နိုင်ငံကိုယ်စားပြုဆိုတော့ ဂုဏ်ယူပါတယ် ..း))
ပန်ရေ...စိတ်ချ ရုံးက ဂငယ်တွေ ကို မသိသိအောင် လုပ်ပေးနေတယ်... အလုပ်ကြိုးစားတာကိုပြောတာ...း-)
ဒါမှ တို့ ဂျပန်ကွ၊
post နဲ့ မဆိုင်တဲ့ comment ပဲ ပေးသွားတော့မယ် . . ။
စာ ဖတ် ဖတ်ချင်း လည်နေတာပဲ . . ။
( ငါ က မြန်မာစာ ပါမောက္ခ ဆိုတော့လေ )
နင် ဘယ်ကို သွားတဲ့ အကြောင်း ရေးတာပါလိမ့် ပေါ့ ..။
ကိုးရီးယားနဲ့ ဂျပန် နဲ့ ရှုပ်နေတာပဲ . . ။
၎ ပိုဒ် မြောက်ေ၇ာက်မှ . . .
"၃ ရက်လောက် ဆိုးလ်မှာနေပေါ့နော်..။ "
ဟီးး ဟီးး
အဲ့ တော့ မှ သိတော့တယ် . . ။
စစချင်း ဂျပန် ဂျပန် နဲ့ ဆိုတော့ . . >>>
ဂျပန် သွားတာလား ပေါ့ . . ။
ခေါက်ဆွဲပြုတ် ခေါက်ဆွဲပြုတ် ပေါ့ . . !
ဘာမှန်းကို မသိဘူးးး ။
ညီလေးရေ
အဲဒီတုန်းက ဓါတ်ပုံလေးတွေရော တင်ပေးအုံးလေ
ကြည့်ရအောင်
ခင်မင်စွာဖြင့်
သီဟသစ်
ရှမ်းထမင်းဝါဝါလေးစားချင်တယ်အဟိ ငတ်ကြီးကျတာ အဟိ။ အင်းပျော်စရာ ကောင်းမယ်နော်။
ပျော်ရွှင်ပါစေ။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး
မြန်မာနိုင်ငံကို လူတွေမသိတဲ့အကြောင်းကိုတော့ ပြောမပြောချင်တော့ပါဘူး ပန်ပန်ရာ အလုပ်ထဲမှာလေ ဘယ်ကလဲလို့အမေးခံရရင် မြန်မာ ကပါလို့ပြော ရင်မသိကြဘူး ဘယ်နားမှာလဲတဲ့ အဲဒါနဲ့ ထိုင်းကိုသိလား တရုတ်ကိုသိလား အိန္ဒိယကိုသိလားနဲ့ အိမ်နီးချင်းနိုင်ငံတွေကို အရင်မေး သိတယ်ဆိုမှ အဲဒီနိုင်ငံ တွေနဲ့ဆက်စပ်နေတယ်လို့ တည့်တည့်ပြောတော့မှ အရိပ်လောက်ပဲမြင်ကြ တာ ပြီးတော့လေ မြန်မာက မြန်မာက မြန်မာကပါ လို့ပြောတော့ မသိကြတော့ မြန်မာနိုင်ငံလို့ပြောင်းထားတာကိုမသိကြသေးလို့ထင်တယ်လို့ အတွေးဝင်ပြီး ဘားမားကပါလို့ပြောင်းပြောတော့မြန်မာကိုရှားရှားပါးပါးသိတဲ့ တစ်ယောက်နဲ့တွေ့ပြီး ဘားမားက မြန်မာနဲ့နီးလားတဲ့ အမေးခံရပြန်ရောလေ စိတ်တွေကို ညစ်သွားတာပဲကွာ တစ်ခါတစ်လေတော့လည်း အားငယ်မိတယ်
ကျနော် က korea မှာ အကို ရ
စောစော သိ ရင်
မုန့်ဝယ်ကြွေးပါတယ်
ညီလေးေ၇
သီဟ ပြောသလိုပဲ ပုံလေးတွေရှိရင်တင်ပေးပါအုံး
ဘာပဲဖြစ်ဖြစ် အတွေ့အကြုံ တော့ ရခဲ့တာပေါ့နော့်။
ကိုရီနို
Post a Comment