ဆိုဒ်ကားပေါ်မှာ လူစောင့်နေရင်း ကျွန်တော် ငိုင်နေမိသည်။ ဒီနေ့ လူအင်မတန်ပါးသည်။ ယခု မွန်းတည့်ချိန်အထိ ဧည့်သည်နှစ်ယောက်သာရသေးသည်။ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်က ငွေသား သုံးရာ။ နေ့လည်အထိ စောင့်ကြည့်လို့မှ အုံနာကြေးကျေပါ့မလား..။ တွေးရင်းနှင့် ရင်ပူလာသည်နှင့် ရေထသောက်မိသည်။
ဆိုဒ်ကားဖင်ထိုင်ခုံတွေကို ဆွဲလှန်လိုက်ပြီး လှဲအိပ်လိုက်မိသည်။ မျက်လုံးလေးကို အသာမှိတ်လိုက်တော့ ပေစိ၊ ပူတူး၊ ခွေးမ၊ ကြွက်နီစသည့် ရင်တွင်းဖြစ် မျိုးဆက်သစ်လေးများ၏ မျက်နှာတို့က အစီအရီ..။ ဒါတောင် မိသက် လတ်တလော မွေးထုတ်ထားသည့် ၂ လသားလေး (မည်းတူလို့ အမည်ပေးရမည်လားမသိ) ရှိနေသေးသည်။ ပေစိက အကြီးဆုံး ၈ နှစ်။ ပူတူးက ၆ နှစ်။ ခွေးမက ၄ နှစ်။ ကြွက်နီက ၃ နှစ်။ နှစ်အနည်းငယ်စီ ခြားမွေးထားသည့် အတွက် ကျွန်တော်တို့ လင်မယား ဒီရပ်ကွက်မှာ နည်းနည်းတော့ နာမည်ကောင်းရနေသေးသည်။
မိသက်ဗိုက်မကြီးခင်ကတော့ ရပ်ထဲလှည့်ပြီး အ၀တ်လျှော်သည်။ ခိုင်းဖော်ခိုင်းဖတ်ပေါ့လေ။ ဆန်လေး ဆီလေး ရလည်း မဆိုးဘူးလေ။ ကျွန်တော်တို့ဘ၀မှာကလည်း တီဗီမရှိ ဘာမရှိနဲ့ဆိုတော့ ဘ၀အမောပြေစရာဆိုတာ ရှာကြံနေရတာကလား။ ဗိုက်တစ်လုံးပြီးတစ်လုံးနဲ့ မိသက်ကတော့ မျက်စောင်းကြီးခဲပြီး ကြည့်နေပေမယ့် ကျွန်တော်မသိသလိုပဲနေခဲ့မိတာ အခုမှားများမှားသွားပြီလား..။
အရင်နှစ်တွေကတော့ နည်းနည်းချောင်လည်တာနဲ့ ပေစိလေးကို ကျောင်းထားနိုင်ခဲ့သည်။ အခု ပူတူးလေးကလည်း ကျောင်းတက်ချင်နေပြီ။ မိသက်ကလည်း မီးနေသည်ဆိုတော့ ဘာမှတခြားဝင်ငွေမရှာနိုင် သေးဘူးလေ။ မိသားစုခြောက်ယောက်စာတောင် အနိုင်နိုင်ရှာဖွေနေရတာ အခု ပါးစပ်တစ်ပေါက်ထပ်တိုးလာပြီ။ တနေ့တနေ့ တအိမ်လုံးစားဖို့ ဆန်ကို အနိုင်နိုင်ရှာကြံဝယ်နေရတာ ဒီနေ့တော့ ၀ယ်နိုင်ပါ့မလား..။ ဟူး....။ သက်ပြင်းကို မှုတ်ထုတ်လိုက်ရုံကလွဲလို့ ကျွန်တော်လည်း မကြံတတ်တော့ဘူးဗျာ။
ကျွန်တော့်အိမ်ကနေ ဒီဆိုဒ်ကားမောင်းတဲ့နေရာကို လာရတဲ့ခရီးက မနည်းဘူးဗျ။ လိုင်းကားခတွေကလည်း တက်ပြီးရင်းတက်..။ မနေ့က ကျန်တဲ့ ထမင်းကြမ်းတွေကို ဆားလေးဖြူး၊ ကြက်ဥလေးပြုတ်ပြီး ထမင်းချိုင့်ထည့် လာလို့သာ ကျွန်တော်နေ့လည်စာမငတ်တယ်..။ တွေးရင်းနဲ့ ဗိုက်လေး ဆာတာတာဖြစ်လာတာ ထမင်းချိုင့်လေး ဖွင့်စားဦးမှ လို့ ပြင်မိတော့ မျက်လုံးတွေက တနေရာမှာရပ်တန့်သွားသည်။
ကျွန်တော်တို့ ဆိုဒ်ကားဂိတ်ရဲ့ မျက်စောင်းထိုးလေးက အိမ်လေး။ ကောင်မလေးတစ်ယောက် ခြံထဲတွင် စာဖတ်နေရင်းမှ အိမ်ထဲ ထ၀င်သွားခဲ့သည်။ သူမဘေးမှာ ကျန်ခဲ့သည်က ကော်ဖီခွက်လေးနှင့် လက်ကိုင်ဖုန်းလေးတစ်လုံး...။ အကြည့်တို့ကို လွဲရင်း ထမင်းစားဖို့ ပြင်သည်။ ကြက်ဥပြုတ်လေးကို ပါးစပ်လေးထဲ ထည့်မည်အလုပ် ခုနက ကောင်မလေး ၀ရုန်းသုန်းကားနှင့် အပြင်ကို ထွက်သွားခဲ့သည်။ အိမ်တံခါးကို သော့ခတ်သွားခဲ့ပြီး ကမန်းကတန်း ထွက်သွားခဲ့သည်။
ကျွန်တော့်အကြည့်တို့က ခုနက ဖုန်းလေးပေါ်မှာ...။ ကြက်ဥပြုတ်ကို တလှည့်၊ ပေစိတို့ မျက်နှာလေးတွေကို တလှည့်၊ မိသက် မျက်နှာလေးကို တလှည့်၊ ငါးပါးသီလကို တလှည့်၊ ထိုလက်ကိုင်ဖုန်းလေးကို တလှည့် မြင်ယောင်နေမိပြီး ခေါင်းထဲတွင် အတွေးတွေ ရောက်ယက်ခတ်နေတော့သည်....။ ထိုမြင်ကွင်းတွေကို ဆန်မရှိတော့သည့် အိုးလေးက လွှမ်းမိုးသွားလေမည်လား...

15 ယောက်က မှတ်ချက်ပြုသွားသည်။:
ဟေးး ပန်ပန်ရေ ၁၁၁၁၁၁၁၁၁၁၁၁၁၁၁၁
ဆုံးဖြတ်ချက်ကဘာလဲ၊ အဖြေထုတ်ပေးရမှာလားး)
အရေးအသား၊ အတွေးခေါ်လေးတွေ တကယ်ကောင်း တယ်။ အဟုတ်ပြောတာနော်။
အဆင်ပြေပျော်ရွှင်ပါစေ။
မလွမ်းမိုးလောက်ဘူးထင်ပါတယ်၊ ကိုယ့်စိတ်ထင်ပေါ့
မယူလောက်ဘူးထင်တယ်နော်။ ဘာလို့လဲဆိုတော့ သူ့စိတ်ထဲမှာ ငါးပါးသီလကို အသိရှိနေတယ်လေ။
အရှေ့က အပျိုကြီးတွေ ပြောသလိုပဲ မလွမ်းမိုးနိုင်ပါဘူး ဘာလို့ လဲဆိုတော့ ငါးပါးသီလလေး သူ့မှာရှိနေတာပဲ။ ဘာပဲဖြစ်ဖြစ် သူ့စိတ်ကို နိုင်ခဲ့မှာပါ။
စိတ်ကူးလေးနဲ့ အရေးအသားလေးတွေ ကောင်းလာလို့  အားကျမိတယ် တကယ်။ အောင်မြင်ပျော်ရွှင်ပါစေနော်။
ဆုံးဖြတ်ချက်ဆိုတာ တကယ့်လက်တွေ့မှာ ဖြစ်နေတဲ့ပေါ်မူတည်ပြီး အားသာတဲ့ဘက်ကို လိုက်လျောမိတတ်ကြတယ်ထင်ပါတယ်...
အဲဒီအချိန်မှာ ဘယ်ဘက်ကအားသာနေလဲမသိဘူးလေ.. နော်
ဆုံးဖြတ်ချက်တွေ မှန်ကန်ုကြပါစေ
ချစ်တဲ့
ဖိုးစိန်
စိတ်သာရှင်စော ဘုရားဟောတဲ့
စိတ်အပေါ်မှာဘဲမူတည်ပါတယ်။
သူယူဖြစ်လားမယူဖြစ်လားဆိုတာ
ငါးပါးသီလလေးရှိနေတော့ယူမယ်လို့တော့မထင်
အင်းး..... သိပ်ကြပ်တည်းလာတဲ့ အချိန်မှာ.... ငွေတစ်ခုထဲ မြင်ပြီး.... သံသရာ ကနောက်မှ ဆိုတဲ့ အတွေးမျိုး မ၀င်ပါစေနဲ့လေ...။
မောင်လေးရဲ့ ဆုံးဖြတ်ချက်လေး မှန်ကန်ပါစေ။ ကြက်ဥပြုတ် ဆိုတာနဲ့ မနေ့က ကြက်ဥသုပ်လေးကို သတိရသွားတယ်။ :P
ရောက်လာပါတယ် နိုးဝါးရှီးဝါ အေးရှီဝါ အာဂျီနိုမိုတိုးးးးး
ထိုမြင်ကွင်းတွေကို ဆန်မရှိတော့သည့် အိုးလေးက လွှမ်းမိုးသွားလေမည်လား...
ကျွန်တော်တော့ မထင်ဘူးဗျာ
ကျွန်တော်တော့ထင်တယ်ဗျာ
ကျွန်တော်သာဆိုရင်ရော အဲလိုမျိုး လွန်ဆွဲနေမလား
မသိဘူး..။
ဖတ်ရင်း... တွေးရင်း... ရေးရင်... တစ်ယောက် ထည်းပါပဲ
ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
................စည်သူ။
သြော် ကောင်းလိုက်တဲ့ ပညာပေးစာသားတွေ
စိတ်တွေကိုနိုင်အောင်ထိန်းနိုင်မှာပါ။ဘဝရဲ့မပြည့်စုံမှုတွေ သရုပ်ဖော်နိုင်လို့ ဖတ်လို့အတော်လေးကောင်းပါတယ်။
အားပေးသွားတယ် . . ^^^>>>
ယူပြီးရောင်းစားလိုက်မယ်ထင်တယ။်
တကယ်ကောင်းလိုက်တဲ့ ရေးချက်
မယူရဘူး။ လုံးဝ မယူရဘူးနော်။ မရှိခိုးနိုး မလှစုန်းရိုး ဘာလို့ အဖြစ်ခံမှာလဲ။
ဟုတ်
ပြီးတော့ ဆင်းရဲတယ်လေ။ ဆင်းရဲပေမယ့် ကိုယ်ကျုင့်ကောင်းတယ်ဆိုတာလေးတော့ ရှိသင့်တာပေါ့
ဟုတ်ဘူးလား
Post a Comment